Saturday, November 30, 2013

ပျောက်ဆုံးခဲ့သောအဖြူရောင်



*သူရေးခြစ်ခဲ့တဲ့ 
အစိမ်းရောင်ပန်းချီကားတစ်ချပ်မှာ 
အလွမ်းတွေဖြန့်ကျက်လိုက်တော့ 
နှလုံးသွေးတွေ ရဲရဲနီကုန်တယ် …

*ငါ့ရဲ့ဘယ်ဘက်ရင်အုံကို 
ပြန်ဆန်းစစ်တော့ နှလုံးသားမှာ 
ရက်စက်ခြင်းဓါးဒဏ်ရာတွေအပြည့်နဲ့ …
 
*သူပေးခဲ့တာ ဒဏ်ရာခပ်နက်နက်ဆိုပေမယ့် 
ငါ့ကဗျာတွေနဲ့ ငါ့ညတွေဟာ 
အလွမ်းတွေနဲ့ပဲ လှပနေသယောင်ယောင် …
 
*အရောင်စုံစုတ်ချက်တွေနဲ့
သူရေးလက်စ ပန်းချီကားကို
လက်စသတ်အပြီးရေးဆွဲမယ် စိတ်ကူးထားပေမယ့် 
သေချာတာတော့ အဖြူရောင်မပါနိုင်တော့ဘူး …


မိုးညချမ်း
22.10.2013 (8:00 p.m)

တစ်ကယ်တော့ အိပ်မက်ဆိုတာ? အပိုင်း (၁)

  တိုးတိတ်တဲ့ခြေလှမ်း တဖြည်းဖြည်းနဲ့ ဝေးသွားခဲ့တာ နာရီဆိုတာမရှိ … စက္ကန့်ဆိုတာမရှိ သက်မဲ့ချစ်ခြင်းတရားတွေကို ဖမ်းဆုပ်ဖို့ မဝံ့ရဲမှတေ...