Sunday, September 30, 2012

ကမ္ဘာတည်သရွေ့

-->


*ကောင်းချည်တစ်လှည့်၊ ဆိုးချည်တစ်ဖုံ 
နိမ့်ချည်တစ်လှည့်၊ မြင့်ချည်တစ်ဖုံ 
ထိုသို့ ထိုသို့ လူ့ဘဝအစုံမှာ 
“အိုုခြင်း၊ နာခြင်း၊ သေခြင်း”တရားကို 
မလွဲဧကန် ကြုံရမည်ကိုး …။

*ငါတို့ပညာ၊ ငါတို့စေတနာ 
ငါတို့မေတ္တာ ဝေမျှပါလို့ 
တူညီတွဲလက် မြဲခဲ့ကြပြီ …။

*သက်ကြီးရွယ်အို၊ နေဝင်ချိန်ကို 
လှပစေမည်၊ တို့တတွေသည် … 
ကလေးငယ်ဘဝ၊ သာယာလှပ 
မေတ္တာဓါတ်နဲ့ နွေးစေမည် …။

*ငိုသူနှစ်သိမ့်၊ စာနာစိတ်ဖြင့် 
ဖေးမကူညီ၊ ရည်ရွယ်တူသည် 
ကမ္ဘာတည်သရွေ့၊ ခိုင်မြဲပါစေ့သား …။

(မှတ်ချက်  ။ မိမိတတ်စွမ်းတဲ့ ပညာ၊ ဂရုဏာ၊ စေတနာမေတ္တာအပြည့်နှင့် စွမ်းစွမ်းတမံပေးဆပ်နေကြတဲ့ ကျွန်မခင်မင်ရသော ပရဟိတနယ်ပယ်အသီးသီးက ချစ်မောင်နှမများအတွက် ရေးလိုက်တဲ့ကဗျာလေးပါ …)

မိုးညချမ်း
30.9.2012 (1:30 p.m)

Tuesday, September 25, 2012

အကြည့်


  *သူ့ကို ခိုးကြည့်မိလို့ 
သူမိသွားတဲ့အခိုက်
သူ့ကို ရှက်ပြုံးလေးပြုံးပြရင်း
မျက်နှာလွှဲခဲ့တယ် ...။

*သူနဲ့မျက်လုံးချင်းဆုံတော့
သူ့မျက်ဝန်းနဲ့ အပြုံးအောက်မှာ
အရည်ပျော်ကျခဲ့ရတယ် ...။

*သူ ... ဘယ်ကလည်း
ဘယ်မှာနေလည်း
ဘာတစ်ခုမှ မသိခဲ့ရပေမယ့်
ရင်ခုန်သံ တဒိတ်ဒိတ်နဲ့
အတွေးနက်နက်မှာ
လွင့်မျောသွားခဲ့ဖူးတယ် ...။

*နီးစပ်ခွင့်ရမှာလား?
စိတ်ကူးယဉ်အပိုင်းအစတစ်ချို့နဲ့
ပိုင်ဆိုင်သူရှိနှင့်နေမှာလည်း
စိုးထိတ်ခြောက်လှန့်မိပြန်တော့
ကဗျာတစ်ချို့ပျံ့လွင့်သွားမိပြန်ပြီပေါ့ ...။

*ခပ်ပါးပါးစိတ်အတွေးတစ်ချို့နဲ့
ခပ်များများ မမျှော်လင့်ပါဘူး
ခင်မင်ခွင့်လေးတစ်ခုနဲ့ မင်းအနားမှာ
ခစားခွင့်သာ လိုချင်မက်မောမိသူပါ ...။


 မိုးညချမ်း
25.9.2012(5:24 p.m)


Monday, September 10, 2012

စာချစ်သူရဲ့ကဗျာလေးတစ်ပုဒ်



ခုတစ်လော ကျွန်မလည်း ရုံးအလုပ်တွေရော၊ ကျွန်မတို့ပရဟိတအဖွဲ့အလှူတွေရော ရှုပ်နေလို့ မအားတာနဲ့ အသစ်တွေမရေးဖြစ်ဘူး။ ဆိုဒ်လေးထဲမှာလည်း ပိုစ့်လေးတွေကို Update က ဖြစ်ချင်ပြန်ရော။ ကျွန်မရဲ့စာချစ်သူတွေကိုလည်း အားနာပါရဲ့။ သူတို့က ဘယ်လိုဇာတ်လမ်း မျိုးလေးတွေ ရေးပေးပါလို့ တောင်းဆိုထားကြတာလေးတွေရှိပေမယ့် မအားလို့မရေးဖြစ်တာရော၊ ရေးလက်စကို လက်စမသတ်ဖြစ်တာတွေရောနဲ့ ဖြစ်နေရလို့ အားနာစွာနဲ့ပဲတောင်းပန်မိပါတယ်။ ချစ်မိတ်ဆွေ blogger တွေဆီလည်း အလည်မရောက်ဖြစ်တာ ကြာပေါ့။

တစ်ညမှာတော့ ကျွန်မဝတ္ထုလေးတစ်ပုဒ်ရေးရင်းနဲ့ ဇာတ်လမ်း ဆက်စဉ်းစားလို့မရတော့တာက တစ်ကြောင်း၊ အိပ်လို့မရတာကတစ်ကြောင်းနဲ့ online ဖွင့်ပြီး facebook သုံးနေတုန်း ကျွန်မရဲ့စာချစ်သူ မောင်ငယ်လေးတစ်ယောက်နဲ့ စကားစမြည်ပြောရင်း ခင်မင်ရင်းနှီးခဲ့ကြပါတယ်။ စာရေးဆရာအရမ်းဖြစ်ချင် နေတဲ့ သူ့ဆီကအဖိုးမဖြတ်နိုင်သော သူကိုယ်တိုင်ရေးပေးတဲ့ကဗျာလေးကို ခင်မင်မှုလက်ဆောင်လေးတစ်ခုအဖြစ် ရရှိခဲ့ပါတယ်။ 

**********************************************************

“ကဗျာ ဟုတ် မဟုတ်တော့ မသိဘူး.......အစ်မကို..လက်ဆောင်ပေးချင်တာနဲ့ ....
စာလေးတစ်ချို့ ရေး...ပေးလိုက်ပါတယ်.....။ အဆင်ပြေတယ်ဆိုရင်တော့......
လိုအပ်သလို.....ယူသုံးပါ......။.အစ်မ.....သူများတွေလိုတော့ တန်ဖိုးကြီးတာတွေ
လက်ဆောင်...မပေးနိုင်လို့...မောင်လေးရဲ့ .စာ...စကား လက်ဆောင်လေးတွေက.....
အစ်မ အတွက်...အမှတ်တရ...ဖြစ်ပါစေ.................။

.....................................'' ည၏  ကဗျာ " ........................................
                                    ~~~~~~~~~~~~

......#......မနေ့ကထိ.......ည  ဟာ .......
ကျွန်တော်နဲ့     မသိသူလို...........
ကျွန်တော့် အတွက်  အမှတ်တမဲ့ ပါ...........။
      ဒီ ည ....ကျွန်တော့် အတွက်.......
အမှတ် တရ ကဗျာ .........
   ချစ်သူ ပျောက် ကို  လိုက်ရှာရင်း ..........
လင်းလက်ကြယ်တွေ ရေ နေ တုန်း ......
ဗြုန်း  ကနဲ ဆို.....တိုက် တိုက်ဆိုင်ဆိုင်......
ဒီ ည .....ဟုတ်တယ်.....ဒီ ည မှာ.........
မိုးမင်းကြီးက .....အငြိုးရှိရှိ.....
ရွာလိုက်တာထင်တယ်..........
      ချမ်း  စိမ့် နေတဲ့  ထိ အောင်.............။
#..........ကျွန်တော်နဲ့ ...သိသိ....မသိသိ.....
ကျွန်တော့် ကို....ခင်မင်ရင်းနှီးခဲ့တဲ့   ည   အား.......
ထာဝရ ...လေးစားနေမိမှာပါ.........။......ခင်မင်လေးစားမှု့ဖြင့်...
....Ayinluu23@gmail.com...9.9.2012..12:22...am...!”


မိုးညချမ်း
10.9.2012(2:40 p.m)

Thursday, September 6, 2012

နောင်တမရကြေး


ချစ်သူ...
ငါက မာနမရှိ
အမှတ်အတေးမရှိ
ချစ်နိုင်ခြင်းတွေ.....ခွင့်လွတ်နိုင်ခြင်းတွေ
ယုယမှုတွေ...ဂရုစိုက်မှုတွေ
သည်းခံနိုင်မှုတွေ
ပေးခဲ့သူပဲ။

အတတ်နိုင်ဆုံး ချစ်ခဲ့ပြီးပြီ
အတတ်နိုင်ဆုံး နားလည်ပေးခဲ့ပြီးပြီ

ကဲ.. ချစ်သူရေ
ရှိနေချိန်မှာ တန်ဖိုးထားမြတ်နို်းစွာနဲ့
နောင်တမရှိအောင် ငါချစ်ခဲ့ပြီးပြီပဲ
ငါ့ကို မလိုလို့ ပစ်သွားတဲ့နင့်ကို
ငါကလဲပြန်ပြောချင်တယ်
နောင်တမရကြေး
မလွမ်းကြကြေးနော်။

(မှတ်ချက်။    ကဗျာတစ်ခါမှမရေးဖူးတဲ့ ကျွန်မရဲ့ချစ်သူငယ်ချင်းလေး Chiemi က 
ကျွန်မအတွက် အမှတ်တရရေးပေးတဲ့ကဗျာလေးပါ ...)


နင့်အတွက်
chiemi
6.9.2012 (12:00 p.m)

Saturday, September 1, 2012

“မလွမ်းကြကြေး”



*ကြွက်ကိုက်သွားတဲ့ ဒိန်ခဲတစ်ခြမ်းပဲ့ကို
ငါဆက်မစားတော့ဘူး ချစ်သူ …။

*ခြစားသွားတဲ့ ငါ့အိပ်မက်တစ်ဝက်တစ်ပျက်ကို
ဆက်မမက်တော့ဘူး ချစ်သူ …။

*လွမ်းတတ်လွန်းတဲ့ ငါ့ရင်ခုန်သံတွေလည်း
လမ်းတစ်ဝက်မှာ ဘရိတ်ပေါက်ပြီး အိပ်ပျော်သွားပြီ
မလွမ်းတတ်တော့ဘူး …။

*ရက်စက်လိုက်တာလို့ နင့်ကိုငါမပြောချင်ပေမယ့်
စာနာမှုကင်းမဲ့တတ်တာတော့ နင့်ကိုယ်နင်သိမှာပါ …။

*အခုအရာရာ ဆောင်းတွင်းအိပ်မက်ဖြစ်သွားပြီနော်
သေချာပြီဆိုရင်တော့ …
မလွမ်းကြေးပေါ့ ….။

(မှတ်ချက်။   ကျွန်မစိတ်ခံစားချက် စိတ်ကူးအပိုင်းအစတစ်ချို့ကို
ချစ်မောင်လေး ကဗျာဆရာအသစ်“တိမ်ညို”လက်ဆောင်ရေးဖွဲ့ပေးထားတဲ့ ကဗျာလေးပါ  … )


တိမ်ညို
22.8.2012 (12:00 P.M)

တစ်ကယ်တော့ အိပ်မက်ဆိုတာ? အပိုင်း (၁)

  တိုးတိတ်တဲ့ခြေလှမ်း တဖြည်းဖြည်းနဲ့ ဝေးသွားခဲ့တာ နာရီဆိုတာမရှိ … စက္ကန့်ဆိုတာမရှိ သက်မဲ့ချစ်ခြင်းတရားတွေကို ဖမ်းဆုပ်ဖို့ မဝံ့ရဲမှတေ...