-->
*ကောင်းချည်တစ်လှည့်၊ ဆိုးချည်တစ်ဖုံ
နိမ့်ချည်တစ်လှည့်၊ မြင့်ချည်တစ်ဖုံ
ထိုသို့ ထိုသို့ လူ့ဘဝအစုံမှာ
“အိုုခြင်း၊ နာခြင်း၊ သေခြင်း”တရားကို
မလွဲဧကန် ကြုံရမည်ကိုး …။
*ငါတို့ပညာ၊ ငါတို့စေတနာ
ငါတို့မေတ္တာ ဝေမျှပါလို့
တူညီတွဲလက် မြဲခဲ့ကြပြီ …။
*သက်ကြီးရွယ်အို၊ နေဝင်ချိန်ကို
လှပစေမည်၊ တို့တတွေသည် …
ကလေးငယ်ဘဝ၊ သာယာလှပ
မေတ္တာဓါတ်နဲ့ နွေးစေမည် …။
*ငိုသူနှစ်သိမ့်၊ စာနာစိတ်ဖြင့်
ဖေးမကူညီ၊ ရည်ရွယ်တူသည်
ကမ္ဘာတည်သရွေ့၊ ခိုင်မြဲပါစေ့သား …။
(မှတ်ချက် ။ မိမိတတ်စွမ်းတဲ့ ပညာ၊ ဂရုဏာ၊ စေတနာမေတ္တာအပြည့်နှင့် စွမ်းစွမ်းတမံပေးဆပ်နေကြတဲ့ ကျွန်မခင်မင်ရသော ပရဟိတနယ်ပယ်အသီးသီးက ချစ်မောင်နှမများအတွက် ရေးလိုက်တဲ့ကဗျာလေးပါ …)
မိုးညချမ်း
30.9.2012 (1:30 p.m)
လာဖတ်သွားပါတယ်
ReplyDeleteပရဟိတဆောင်ရွက်တဲ့သူတွေရဲ့ စိတ်ထားကို ပေါ်လွင်အောင် ဖွဲ့နိုင်တယ်... အားပေးသွားပါတယ် ညီမလေးရေ
ReplyDeleteတော်လိုက်တာမိုးညရေ ရေးတတ်လိုက်တာ..
ReplyDelete*ငိုသူနှစ်သိမ့်၊ စာနာစိတ်ဖြင့်
ညလေးရေ...
ReplyDeleteကောင်းလိုက်တဲ့ ကဗျာလေး။
ဖတ်လိုက်ရတာ အားရှိပီတိဖြစ်သွတားတယ်။
ကဗျာလေးမှာ စိတ်ထားများကို ဖော်လွင်အောင်
ရေးသားသွားတဲ့ ညီမလေးရေ တော်ပါပေ၏။
အားပေးနေမယ်။
ချစ်တဲ့
မကြီးလွမ်း
ReplyDeleteလှပစေမည်၊ တို့တတွေသည် …
ကလေးငယ်ဘ၀၊ သာယာလှပ
ကဗျာကောင်းလေးအားပေးခံစားသွားပါတယ်
ကမ္ဘာလောကကြီးက နေရာတိုင်းမှာအကောင်းအတိုးဒွန်တွဲနေလေရဲ့
ReplyDeleteကောင်းမှုလေးတွေ တတ်နိုင်သမျှ လုပ်ဆောင်နိုင်ကြပါစေ
ReplyDelete*ငါတို့ပညာ၊ ငါတို့စေတနာ
ကမ္ဘာကြီးတွက်အကျိုးပြုကဗျာလေး
ကဗျာလေးကတော်တော်ကောင်းပါတယ်
ReplyDeleteပထမဆုံးအာပိုဒ်လေးမှာကိုက စဉ်းစားစရာလေးတွေ ထွက်လာတယ်
ကဗျာကောင်းလေးတစ်ပုဒ်ကိခံစားသွားပါတယ်
ပျော်ရွှင်နိုင်ပါစေနော်
ညလေးရောက်တာနောက်ကျနေလို့ခွင့်လွှတ်ပါ။ကဗျာလေးကတကယ်ထိတယ်။
ReplyDeleteမွန်မြတ်တဲ့ စိတ်လေးနဲ့ ရေးထားတဲ့ ကဗျာလေးက ဖတ်ရတာကြည်နူးစရာ...
ReplyDeleteခံစားသွားတယ် မိုးညရေ....
ခင်မင်နေတဲ့..မိုးနတ်
ပရဟိတ လုပ်နေသူချင်း. မုဒိတာပွားရင်းကြည်နူးသွားတယ်အစ်မ.။ ဆက်လက်လုပ်ဆောင်နိုင်ပါစေဗျာ.
ReplyDeleteမေတ္တာ ရရုဏာ မုဒိတာတရားတွေကို ပေါ်လွင်အောင် ရေးစပ်ထားတဲ့ကဗျာလေးက အေးချမ်းလိုက်တာနော်.. အားပေးသွားပါတယ်ညလေးရေ..:)
ReplyDeleteခင်တဲ့
လေပြေ
ဝါး ... မိုက်လိုက်တာ
ReplyDeleteကာရံတွေညီတဲ့ ကဗျာလေးပဲ
ရည်ရွယ်ချက်လေးလည်း ပေါ်လွင်ပါ့ဗျာ
ဒါ ဘယ်လိုကဗျာလို့ခေါ်လဲ မကြီးမိုးညရေ
လေးလုံးစပ်လား ... ဟုတ်ဘူးလား
ကောင်း၏
ReplyDelete