Friday, March 2, 2012

လွမ်းတယ်

- အရင်တုန်းက ဘယ်သွားသွား ဘာလုပ်လုပ ်ဘာစားစား


မင်းနဲ့တူတူဆိုတော့ အချိန်တွေတောင် မေ့လို့


အပျော်ကြီးပျော်ခဲ့တယ် ..


မနက်ဖြန်တွေအားလုံးဟာ အဓိပ္ပါယ်များစွာ


မျှော်လင့်ချက်များစွာနဲ့ အရာအားလုံးနဲ့လဲလို့


ငါသေလောက်အောင်ပျော်ရွှင်ခဲ့ရတယ် ..


- ခုတော့ ငါဘာလုပ်လုပ် ဘယ်သွားသွား ဘာစားစား


တစ်ယောက်တည်းပဲဖြစ်နေလို့


အရာအားလုံးဟာ ခြောက်ကပ်ကပ်နဲ့


မနက်ဖြန်တိုင်းဟာ ငါ့အတွက် အဓိပ္ပါယ်လုံးဝမရှိ


မျှော်လင့်ချက်တွေပျောက်ဆုံးလို့


ဆက်လက်မရှင်သန်ချင်တော့ဘူး .........


- တစ်ကယ်လို့ တစ်ကယ်လို့များ


ငါ့ရဲ့မင်းကိုလိုအပ်မှု


မင်းကိုအားကိုးချင်မိတဲ့


မင်းနဲ့အချိန်တိုင်းအတူရှိနေချင်မိတဲ့


ငါ့ရဲ့ရပ်တည်မှုတွေအားလုံးဟာ


မင်းအတွက် အနှောက်အယှက်


တစ်စိုးတစ်စဉ်းမျှဖြစ်ခဲ့မယ်ဆိုရင်


မင်းရဲထာဝရချစ်သူအဖြစ်က


ငါရင်အကွဲခံပြီး


ထာဝရနှုတ်ထွက်ပေးပါ့မယ်


ချစ်သူ ...............


မိုးညချမ်း (သူရဲလေးကောင်)


22.7.2011 ...... 9.30 AM

ပီတိမွေးနေ့ပွဲလေးနဲ့ တန်ပြန်မေတ္တာ

ဒီနေ့ ... ကျွန်မ အလွန်ရင်ခုန်စွာ မျှော်လင့်စောင့်စားခဲ့ရတဲ့ ဒီနေ့လေး ရောက်လာခဲ့ပါပြီ ... ပြီးခဲ့တဲ့ တစ်လလုံး စိတ်ကူးယဉ်ထားသမျှ အကောင်အထည်ဖော်နိုင်ခဲ့တဲ့ ဒီနေ့လေးပါ ...


ဒီနေ့ဆိုတာကတော့ ကျွန်မတို့ ဇူလိုင်ဖွားမောင်နှမ (၈)ယောက်ဖြစ်တဲ့ (၁)ကိုကျော်သူအောင်-ခေတ္တစင်္ကာပူ (၂)ကိုတေဇာကျော်- ခေတ္တစင်္ကာပူ (၃)မနုနုလှိုင်- ခေတ္တစင်္ကာပူ (၄)မမီမီသောင်းထိုက်- ခေတ္တစင်္ကာပူ (၅)ကိုဝင်းတင့် (၆)မဝါ၀ါနု (၇)မမိုးညချမ်း@မယဉ်ငြိမ်းပိုင် (၈)မောင်အောင်စစ်ပိုင် တို့ မတည်ပြီး အခြားအလှူရှင်များမှ လှူဒါန်းဖွယ်ပစ္စည်းများ၊ အလှူငွေများဖြင့် စုစုပေါင်း လှူဒါန်းငွေကျပ် တစ်ဆယ့်နှစ်သိန်းကျော်တို့ရဲ့ ပံ့ပိုးစုပေါင်းလှူဒါန်းမှုလေးလုပ်မယ့် (၃၁.၇.၂၀၁၁)ရက်နေ့ လေးပါ .....


ကျွန်မတို့တွေသွားရောက်စုပေါင်းလှူဒါန်းမှုပြုလုပ်မယ့်နေရာလေးကတော့ ကျွန်မတို့မောင်နှမတွေ မကြာခဏ သွားရောက်နေကြ ဖြစ်တဲ့ လှည်းကူးမြို့နယ်မှာရှိတဲ့ မရမ်းချောင်းအနာကြီးရောဂါသည် ကျေးရွာလေးဖြစ်ပါတယ်.... ပြီးခဲ့တဲ့ ၂၉.၇.၂၀၁၁ ရက်နေ့က ကျွန်မရဲ့မွေးနေ့လေးပါ ... ကျွန်မမွေးနေ့လေးကတည်းက (၃၁.၇.၂၀၁၁)နေ့အတွက် စျေးဝယ်ခြင်းနှင့် တစ်ခြားလိုအပ်တာတွေအတွက် ကြိုတင်ပြင်ဆင်ရင်းနဲ့ အလှူနေ့လေးအမြန်ရောက်ဖို့ပဲ စိတ်လောနေမိပါတော့တယ် ...


ခုတော့ ကျွန်မရင်ခုန်မျှော်လင့်နေခဲ့တဲ့နေ့လေးရောက်လာပါပြီ ... မနက် (၅းဝ၀)လောက်မှာ ကျွန်မ ဘယ်လိုမှဆက်အိပ်လို့မရတော့တာနဲ့ ကွန်ပျူတာရှေ့ထိုင်ပြီး ကျွန်မတို့ရဲ့ STA အဖွဲ့လေးနဲ့အတူ မရမ်းချောင်းကျေးရွာကို သွားခဲ့ဖူးစဉ်က ဂေဟာမှ အဘိုးအဘွားတွေနဲ့အတူ ကခဲ့ဘူးတဲ့ ပုံလေးတွေ ... ဗွီဒီယိုလေးတွေကို ကြည့်မဝဖြစ်နေရပြန်ပြီပေါ့ ... မနက် (ရးဝ၀)လောက်မှာတော့ အဝေ(ဝေယံမင်း)နဲ့ ကိုဖိုးလမင်းတို့ ကျွန်မအိမ်ကိုရောက်လာပါတယ် .. ဒါနဲ့ ကျွန်မလည်း ရေမိုးချိုး အဝတ်အစားလဲ လိုအပ်တာလေး ခဏထွက်ဝယ်ကြရင်း ကျွန်မတို့ အလှူခရီးစဉ်လေးကို လိုက်ပါ ပို့ဆောင်ပေးမယ့် BM ကားလေးကို စောင့်ကြရတာပေါ့ ...


ဟော ... မနက် (၈းဝ၀)ထိုးနေပါပြီ ... ကျွန်မ စိတ်တွေပူလှပြီ .. ကျန်တဲ့ သူတွေနဲ့ မနက် (၈း၃၀) လောက် မြေနီကုန်းရွှေမန်းရုပ်ရှင်ရုံရှေ့မှာ ချိန်းထားတာ ခုထိ ကားက မရောက်လာသေးဘူးလေ .... မနက် (၈း၁၅)လောက်မှာတော့ နာရီစင်နားမှာ ရပ်ထားတဲ့ BM ကားလေးတစ်စီးကို သွားမေးတော့မှ သူ (ရး၃၅)လောက်ကတည်းက ရောက်နေတာတဲ့ ... ကဲ .. ကျွန်မတို့ရဲ့မလွဲမနေရထုံးစံအတိုင်း စလွဲလိုက်ပုံများ ....


ကားရောက်ပြီဆိုတာနဲ့ ကျွန်မအိမ်မှာထား ထားတဲ့ အလှူပစ္စည်းတွေကို ကားပေါ်တင်ပြီး မြေနီကုန်း စုရပ်လေးကို ထွက်လာလိုက်ပါတယ် .... စုရပ်(၁)နေရာလေးကိုရောက်တော့ စင်္ကာပူက မွေးနေ့ရှင် ကိုကျော်သူအောင်ရဲ့ ညီလေး(၂)ယောက်၊ ကိုဝေလင်းဦး၊ ကိုညီ၊ နောင်ရိုး၊ သိင်္ဂီ၊ မမေသဲတို့က ရောက်နှင့်နေကြပြီပေါ့ ..... ဒါနဲ့သူတို့တွေကားပေါ်တက်နေတဲ့အချိန်မှာပဲ မွေးနေ့ရှင် တစ်ယောက်ဖြစ်တဲ့ မဝါ၀ါနုဆီက ဖုန်းဝင်လာပါတယ် .. သူဘယ်လိုမှနေမကောင်းတာနဲ့ လိုက်လို့မရတော့ဘူးတဲ့ ... သူမလိုက်နိုင်တော့တဲ့အတွက် သူယူလာပေးမယ့် တာမွေ 77 Cake မှာ မှာထားတဲ့ ကျွန်မတို့ရဲ့မွေးနေ့ကိတ်ကို ကျွန်မတို့လာယူမှပဲ အဆင်ပြေတော့မယ်လို့ ပြောလိုက်တော့ .. ကျွန်မတို့တွေ ကိတ်သွားယူဖို့ အနီးဆုံးလူကို စဉ်းစားကြရပြန်ပါတယ် .. တာမွေဘက်က လာမယ့် ကိုဖိုးသောကြာဆီ ဖုန်းခေါ်တော့ “ဆက်သွယ်မှုဧရိယာပြင်ပ” တဲ့ ... ဆက်တိုက်ခေါ်တာတောင် ဘယ်လိုမှမရတော့ .. စိတ်လျှော့ပြီး သွားယူမလို့ စဉ်းစားနေတုန်း .. ကျွန်မရဲ့အချစ်ရဆုံး သရဲမမတွေထဲက တစ်ယောက်ဖြစ်တဲ့ မမစနိုးကို သတိရလိုက်ပါတယ် .. ဒါနဲ့ ကမန်းကတမ်း မမစနိုးဆီဖုန်းဆက် ... “မမ ညလေးတို့ မွေးနေ့ကိတ်လေးကို ယူလာပေးပါနော်” ဆိုပြီး အကျိုးအကြောင်းပြောပြပြီး ချွဲလိုက်တော့ . ကျွန်မကို ချစ်တဲ့ မမစနိုးကလည်း “အေး အေး ညလေး မမယူလာပေးမယ်နော်” တဲ့ .. ချစ်ဖို့ကောင်းလိုက်တဲ့ မမချနိုးလို့တွေးပြီး စုရပ်(၁)ဖြစ်တဲ့ မြေနီကုန်းရွှေမန်းရုပ်ရှင်ရုံရှေ့မှာပဲ ကားကိုခဏစောင့်ခိုင်းထားပြီး City Mart မှာ ကားပေါ်မှာလိုက်ပါ လာတဲ့ မောင်နှမတွေစားဖို့ အဝေ(ဝေယံမင်း)ရယ် .. ကျွန်မရယ် .. သိင်္ဂီနဲ့ မောင်လေးနောင်ရိုး တို့တွေ မုန့်သွားဝယ်ကြပြန်ပါတယ် ....


မုန့်ဝယ်ပြီးပြန်အထွက်လာမှာ မနက် (၉း၂၅)ရှိနေပါပြီ ... ဒါနဲ့ ကိတ်မုန့်ယူလာပေးမယ့် မမစနိုးဆီကို ဖုန်းလှမ်းဆက်ပါအုံးဆိုတော့ အဝေ(ဝေယံမင်း)က ဖုန်းလှမ်းဆက်ပြောနေတုန်း ကျွန်မနဲ့ သိင်္ဂီတို့လည်း စကားတပြောပြောနဲ့ ကားဆီကို ခပ်သုပ်သုပ် လျှောက်လာကြပါတယ် ... ကားပေါ်က မောင်နှမတွေကိုလည်း စောင့်ရတာ ကြာနေလောက်ပြီမို့ အားနာလှပြီလေ ... ဒါနဲ့ ကားနားရောက်တော့ မွေးနေ့ရှင်တစ်ဦးဖြစ်သူ ကိုဝင်းတင့်တို့ ကားရောက် နေတာတွေ့လို့ သွားပြီးနှုတ်ဆက် စကားပြောနေတုန်း အဝေ(ဝေယံမင်း)က မမစနိုး(၈)မိုင်ရောက် နေပြီလို့ပြောတယ်ဆိုတာနဲ့ပဲ ကျွန်မတို့ တွေ မြေနီကုန်းစုရပ်(၁)ကနေ စုရပ်(၂)ဖြစ်တဲ့ (၈)မိုင် သမားတော်ဆေးခန်းရှေ့ကို ထွက်လာလိုက်ကြပါတယ် .. (၈)မိုင်ရောက်တော့ မနက် (၁ဝးဝ၀)ထိုးနေပါပြီ ... ဒါနဲ့ (၈)မိုင်မှာ အလှူရှင်တစ်ချို့လှူထားတဲ့ အဝတ်အစားထုပ်ကို ဝင်ယူ .. မောင်နှမတွေစားဖို့ ဒန်ပေါက်ထုပ်တွေ ရေသန့်ဘူးတွေဝယ်နဲ့ အလုပ်ရှုပ်သွားတုန်း မမစနိုးဆီက ဖုန်းဝင်လာပါတယ် ... “ညလေး .. ဘယ်မှာလည်းတဲ့ ..” မမ ညလေးတို့ (၈)မိုင်မှာလေ ... မမ ဘယ်ကိုသွားနေတာလည်း” လို့ မေးနေတုန်း ဖုန်းကလည်းကျသွားပါတယ် .. ကျွန်မဖုန်းပြန်ခေါ်တော့ မအားသေးဘူးဆိုတာနဲ့ ကျန်တဲ့လိုက်ပါလာတဲ့ မောင်နှမတွေနဲ့စကားပြောနေတုန်းမှာ ကျွန်မရဲ့ ချစ်ဆုံးသရဲမမတွေထဲက မမဖြူစင်က “ညလေး ... ခုနက အဝေဖုန်းဆက်တာ မမဆီကိုနော် .. စနိုးကို မဟုတ်ဘူး ... စနိုးက မြေနီကုန်းမှာ ကားကို မတွေ့လို့ မမဆီဖုန်းဆက်တော့ ကားက(၈)မိုင် ရောက်နေပြီဆိုတာနဲ့ ခုမှကားငှားလာမှာ”တဲ့ .. ကဲ .. လွဲပြန်ပါပြီ ... ကျွန်မက ကျွန်မဖုန်းထဲမှာ သရဲမမတွေကို နာမည်တွေနဲ့ မှတ်ထားတာ မဟုတ်ဘူး .. Ghost(1)မမ .. Ghost(2)မမ ... Ghost(3)မမ ဆိုပြီး မှတ်ထားတာဆိုတော့ ကျန်တဲ့သူတွေက နံပါတ်အစဉ်လိုက်ဘယ်သိပါ့မလည်း .. အဲဒီတော့ အဝေလည်း ဖုန်းမှားခေါ်လိုက်ပြီး မမဖြူစင်နဲ့ မမစနိုးမှားပြီး (၈)မိုင်ရောက်နေပြီလို့ သူက ပြောမိလိုက်တာကိုး .. ဒုတိယတစ်ခေါက်ထပ်လွဲပြန်ပြီပေ့ါ ... ဒါနဲ့ပဲ မမစနိုးရယ် .. နောက်ထပ် လိုက်ပါချင်တဲ့ မောင်လေးသက်နိုင်ဦး၊ မောင်လေးရိုးရာ၊ နတ်သား၊ ကျော်ကျော်တို့ကို စောင့်ပြီး မနက်(၁၁းဝ၀)ထိုးတော့မှပဲ ကျွန်မတို့ရဲမွေးနေ့ခရီးစဉ်လေးကို စတင်ခဲ့ကြရပါတော့တယ် ...


ကျွန်မတို့ရဲ့ အလှူခရီးစဉ်လေးကို (၁)ကိုဗေဒါဇော် (၂)အဝေ(ဝေယံမင်း) (၃)ကိုဝေလင်းဦး (၄)ကိုညီ (၅)မမေသဲ (၆)သိင်္ဂီ (၇)ညီမလေးဇလပ်ဖြူ (၈)မချစ်နှင်းဆီ (၉)မောင်လေးနောနော် (၁၀)မောင်လေးအောင်စစ်ပိုင် (၁၁)မောင်လေးနောင်ရိုး (၁၂)ကိုဝဏ္ဏစိုး (၁၃)မမစနိုး (၁၄)မမဖြူစင် (၁၅)ကိုစိမ်းမောင် (၁၆)ကိုဖိုးလမင်း (၁၇)မောင်လေးကျော်စွာ (၁၈)မောင်လေး (၁၉)ကိုမာန်ကြီး (၂၀)မောင်လေးသက်နိုင်ဦး (၂၁)မောင်လေးကျော် (၂၂)Forever Volunteer Group မှ မောင်လေး(၃)ဦး (၂၃)ကိုဝင်းတင့် (၂၄)မသူဇာနေဝင်း (၂၅)မွေးနေ့ရှင်ကိုဝင်းတင့်၏ သူငယ်ချင်း(၃)ဦး၊ (၂၆)ကျော်ကျော် (၂၇)ရိုးရာ (၂၈)နတ်သားနှင့် (၂၉)မိုးညတို့ မောင်နှမ အားလုံးစုစုပေါင်း(၃၃)ယောက် လိုက်ပါဖြစ်ခဲ့ကြပါတယ် .... ကားကတော့ ငှားထားတဲ့ BM ကားလေးရယ် ... အစ်ကိုတစ်ယောက်ရဲ့ Light Ace ကားလေးရယ်နဲ့ စုစုပေါင်း ကား(၂)စီးနဲ့ပေါ့ .....


အလှူပြုလုပ်မယ့် မရမ်းချောင်းကျေးရွာလေးကို သွားတဲ့လမ်းခရီးတောက်လျှောက် ကျွန်မတို့ မောင်နှမတွေအားလုံး ပျော်ပျော်ရွှင်ရွှင်စကားတပြောပြောနဲ့ လိုက်ပါလာကြပါတယ် ... လမ်းတစ်ဝက် လောက်အရောက်မှာတော့ ကျွန်မရဲ့နေမကောင်းခြင်းတန်ခိုးတွေ အစွမ်းပြလာပါပြီ .. ကားဆောင့်တဲ့ ဒဏ်ကြောင့် ကျွန်မခါးတွေနာလာပြီလေ .... လွန်ခဲ့တဲ့ (၃)ရက်လောက်က ခါးတော်တော်နာနေလို့ ဆေးခန်းသွားပြတော့ Ultrasound ရိုက်ပြီးထွက်လာတဲ့ အဖြေက အသည်းကြီးနေတယ် .. လေးငါးရက်လောက် မလှုပ်မရှားဘဲ အနားယူပါ ....... ခရီးကြမ်းသွားလို့မရဘူးတဲ့ ... ကျွန်မလည်း မွေးနေ့ခရီးစဉ်လေးမလိုက်ရမှာစိုးလို့ အဝေ(ဝေယံမင်း)ကလွဲလို့ ဘယ်သူ့မှ အသိမပေးခဲ့ဘူးလေ ..... ခုတော့ ရောဂါအနှောင့်အယှက်က ဝင်လာပါပြီ ... စိတ်ထဲမှာ မကြည်မလင်နဲ့ဖြစ်နေပေမယ့် ကျန်တဲ့မောင်နှမတွေ စိတ်ထဲအနှောက်အယှက်ဖြစ်မှာစိုးလို့ ကျွန်မနဲ့အဝေတို့က ကားမူးလို့ဆိုတဲ့ အဖြေပဲပြန်ဖြေဖြစ်ခဲ့ပါတယ် ...


မနက် (၁၂းဝ၀)ကျော်ကျော်လောက်မှာတော့ မရမ်းချောင်းကျေးရွာလေးကို ရောက်ရှိလာပါပြီ ..... ဒီနေ့ မတိုင်ခင် ပြီးခဲ့တဲ့ (၂၃.၇.၂၀၁၁)ရက်နေ့က ၀ါဆိုသင်္ကန်းကပ်အလှူလေးလာလုပ်တဲ့ အခြားအဖွဲ့နဲ့အတူလိုက်ပြီး “နောက်တစ်ပတ်မှာ အဘိုးအဘွားတို့နဲ့အတူ သမီးတို့မောင်နှမတွေ မွေးနေ့ပွဲလေးလာလုပ်မှာနော်” ဆိုတဲ့ ကျွန်မစကားကြောင့် အပြင်မှာထွက်စောင့်နေတဲ့ အဘိုးအဘွား တွေကိုမြင်ရတော့ ဝမ်းသာလိုက်တာလေ .... ကျွန်မရင်ထဲ ပီတီတွေအများကြီးစတင်စားသုံး လိုက်ရ ပါတယ် ... ဒါနဲ့ ကျွန်မတို့ရဲ့ လှူဖွယ်ပစ္စည်းတွေနေရာချ ... ပါလာတဲ့ မောင်နှမတွေက ၀ိုင်းဝန်းပြီး (၁၁၃)ယောက်စာ ထုပ်ပိုးလိုက်ကြတာ နာရီဝက်လောက်ကြာသွားပါတယ် .. မောင်နှမတွေအားလုံး ထုပ်ပိုးပေးနေတုန်းမှာ ကျွန်မ .. ဇလပ်နဲ့ သိင်္ဂီတို့ကလည်း အဘိုးအဘွားတွေကို လိုက်နှုတ်ဆက်ရင်း တစ်ချို့အဘိုးအဘွားတွေမှာထားတဲ့ ပစ္စည်းလေးတွေ .. ဓါတ်ပုံလေးတွေကို လိုက်ပေးဖြစ်ကြပါတယ် .... အလှူပစ္စည်းတွေအားလုံး ထုပ်ပိုးအပြီးမှာတော့ ကျွန်မတို့ မွေးနေ့ရှင်(၈)ယောက်ရဲ့ နာမည်ထိုးထားတဲ့ မွေးနေ့ကိတ်ကြီးကို အလယ်မှာချ .. ညီမလေးဇလပ်၊ ကိုကြီးကိုစိမ်းမောင်နဲ့ ကိုကြီးဖိုးလမင်းတို့က Happy Birthday သီချင်းလေးကို တီးပေးတဲ့အချိန် အဘိုးအဘွားတွေနဲ့ ကလေးငယ်တွေက ၀ိုင်းဝန်းသီဆိုပေးကြတော့ ကျွန်မငယ်စဉ်ကတည်းက ကြားလာရတဲ့ မွေးနေ့သီချင်းလေးတွေထဲမှာ အလွန်ပြည့်စုံပီတိဖြစ် ပျော်ရွှင်ရတဲ့ သံစဉ်လေးတစ်ခုဖြစ်ခဲ့ပါတယ် ...


မွေးနေ့သီချင်းလေးသီဆိုအပြီးမှာတော့ ကျွန်မကပဲ မွေးနေ့ကိတ်လေးကို လှီးပြီး ကျန်တဲ့မွေးနေ့ရှင်များနဲ့ လိုက်ပါလာတဲ့ မောင်နှမတွေကပဲ အဘိုးအဘွားတွေနဲ့ ကလေးငယ်တွေကို မွေးနေ့ကိတ် လိုက်လံခွံ့ကျွေးကြပါတယ် ..... အဘိုးအဘွားတွေဆီက ကြားလိုက်ရတဲ့စကားတွေက အရမ်းကို စားလို့ကောင်းတဲ့ မွေးနေ့ကိတ်လေးပဲတဲ့ .... ပျော်စရာကောင်းလိုက်တာကွယ်တဲ့ .. သူတို့အချင်းချင်းပြောနေကြတာ ဖြစ်ပေမယ့် ကျွန်မ အဲဒီစကားသံလေးတွေကြားလိုက်ရတော့ အရမ်းကိုပျော်ရွှင် ပီတိဖြစ်ရပြန်ပါတယ် ...


မွေးနေ့ကိတ်လေးလိုက်လံကျွေးတဲ့ အစီအစဉ်လေးအပြီးမှာတော့ လှူဖွယ်ပစ္စည်းတွေကို တစ်ဦးချင်းစီ လိုက်လံဝေငှပါတယ် .... အလှူပစ္စည်းလေးတွေပေးအပြီးမှာတော့ ညီမလေးဇလပ်၊ ကိုကြီးကိုစိမ်းမောင်နဲ့ ကိုကြီးဖိုးလမင်းတို့ကပဲ ဂစ်တာတစ်ယောက်တစ်လုံးနဲ့ ဖျော်ဖြေမှုအစီအစဉ်ကို စတင်ပါတော့တယ် .. ပထမဦးဆုံးအနေနဲ့ အဘိုးတွေထဲက အဘိုးဦးမောင်မောင်ခင်က Pa Pa, he love ma ma .. Ma Ma, she love pa pa .. ဆိုတဲ့ သီချင်းလေးကို သီဆိုပြပါတယ် ... အဘိုးရဲ့ တင်ဆက်မှုအပြီးမှာ အဘိုးအဘွားတွေကပဲ မြနန္ဒာသီချင်း .. ရှာပုံတော်မင်းသားကြီးသီချင်းတို့နဲ့ ဆိုကပြကြပြန်ပါတယ် ... နောက်တစ်ခေါက်မှာတော့ သင်္ကြန်မိုးသီချင်းနဲ့ အဘွားဝင်းနဲ့ အဘိုးတွေက အတူတူကရပါမယ်ဆိုလို့ ကျွန်မပါ ဝင်ကလိုက်ပါသေးတယ် .... သီချင်းတစ်ပုဒ်ကအပြီးမှာတော့ ကျွန်မ ဘယ်လိုမှ နေလို့မရတော့ပါဘူး .. ချွေးတွေတအားထွက်ပြီး ကျွန်မ ခါးကတော်တော် ကိုက်လာလို့ ငိုချင်စိတ်တောင်ပေါက်မိတယ် .. ဒါပေမယ့် ကျွန်မ မျက်နှာပျက်လို့မဖြစ်ဘူးလေလို့ တွေးပြီး ခုံလေးတစ်ခုံမှာဝင်ထိုင်ဖို့ လမ်းလျှောက်လာတော့ အနည်းငယ်ညှိုးနေတဲ့ ကျွန်မကို မြင်တော့ အဘွားတွေ အဘိုးတွေက “သမီးလေး .. မိုးည နေမကောင်းဘူးလား .. ဆေးသောက်မလား .. ” ဆိုပြီး စိုးရိမ်ပေးကြတော့ ကျွန်မ ရင်ထဲမှာအတိုင်းမသိအောင်ဝမ်းနည်းသွားရပါတယ် ..


ဒါနဲ့ပဲ ကျွန်မ ခဏနားလိုက်ပြီး အဘိုးအဘွားတွေနဲ့အတူ ပျော်ရွှင်စွာဆိုကနေလိုက်တာ .. ကျွန်မရဲ့ ခါးကိုက်နေတာတောင် ဘယ်နားပျောက်သွားမှန်းမသိပါဘူး .. ဆိုကတဲ့အစီအစဉ်အပြီးမှာတော့ မွေးနေ့ခရီးစဉ်လေးမျာ လိုက်ပါလာတဲ့ကျွန်မတို့ မောင်နှမတွေအားလုံး အဘိုးအဘွားတွေကို “ယနေ့ မွေးနေ့အလှူပွဲလေးမှာ သားတို့သမီးတို့ဘက်က ကာယကံ၊ ဝစီကံ၊ မနောကံနဲ့ပြစ်မှားမိခဲ့တာရှိရင် ခွင့်လွှတ်ပေးပါ”လို့ ဝန်ချတောင်းပန်ကန်တော့ကြပါတယ် ... အဘိုးအဘွားတွေအားလုံး ဆုတွေပေးကြတော့ ကျွန်မ မျက်ရည်မဆည်နိုင်ခဲ့ပါဘူး .... အဘိုးဦးတင်ဝင်းကလည်း ဆုတောင်းမေတ္တာပို့သပေးပါတယ် ..... အဘဦးမောင်မောင်ခင်ကလည်း ကျွန်မတို့ရဲ့ လုပ်ရပ်လေးတွေအတွက် သူရဲရဲဝံ့ဝံ့ စိန်ခေါ်ရဲခဲ့ပါပြီတဲ့ ... သားသမီးအရင်းတွေတောင် မထိရဲ မတို့ရဲနေကြတဲ့ .. အခြားအလှူရှင်အချို့တောင် အလှူပစ္စည်းတွေသာပေးပြီး မထိရဲ မတို့ရဲ နေကြတဲ့အချိန်လေးမှာ ကျွန်မတို့တွေဟာ သူတို့နဲ့အတူတူ ပျော်ပျော်ပါးပါးနေထိုင်စားသောက် ပေးတဲ့အတွက် သူတို့တွေ လောကကြီးကို စိန်ခေါ်ရဲပါပြီ .. သူတို့ဘဝမှာ ဒီလိုမျိုးနေထိုင် ပေးတဲ့ သားသမီးတွေ ... လူတွေကို မတွေ့ရတော့ဘူးထင်တာ ... အပယ်ခံလိုဖြစ်နေခဲ့ပြီထင်တာ ... ခုတော့ သူတို့ မျက်ဝါးမြင်မြင်တွေ့ခဲ့ရလို့ သေပျော်ပါပြီတဲ့ .. ကန်တော့အပြီးမှာ ကျွန်မတို့မောင်နှမတွေအတွက် အဘဦးမောင်မောင်ခင်ကပဲ Goodbye ဆိုတဲ့ နှုတ်ဆက်သီချင်းလေးနဲ့ နှုတ်ဆက်ပါတယ် ..... “ကျွန်မ .............. ကျွန်မလေ ........... မျက်လုံးတွေဝေ၀ါးလာခဲ့ပါတယ် ... ပါးပြင်တွေပူနွေးလာခဲ့ပါတယ် ... ထိန်းမရတော့တဲ့ ကျွန်မရဲ့ မျက်ရည်တွေက တသွင်သွင်စီးကျလာခဲ့ပါတော့တယ်” ....


ကန်တော့အပြီး ဆုပေးအပြီး အစီအစဉ်တွေအကုန်အပြီးမှာတော့ အဘိုးအဘွားတွေကို ကျွန်မတို့ရဲ့ မောင်နှမတွေကပဲ သူတို့အဆောင်လေးတွေဆီကို ပြန်လည်ပို့ဆောင်ပေးခဲ့ပါတယ် .... နောက် ကျွန်မတို့မောင်နှမတွေလည်း နေ့လည်စာစားဖို့ ခေတ္တနားကြပါတယ် .... နေ့လည်စာ စားအပြီးမှာတော့ ကျန်တဲ့မောင်နှမတွေက အဘိုးအဘွားတွေကို အသီးတွေလိုက်လံဝေငှဖို့နဲ့ အလှူရှင်အချို့ပေးလိုက်တဲ့ အဝတ်အစားဟောင်းထုပ်လေးတွေကို ခွဲဝေလှူဒါန်းဖို့အတွက် ထွက်သွားခဲ့ကြပါတယ် .. ကျွန်မကတော့ လမ်းဘယ်လိုမှ ဆက်လျှောက်လို့မရတော့လောက်အောင် ခါးက တော်တော်ကိုက်နေပါပြီ .. ဒါနဲ့ ကားပေါ်မှာပဲ ငြိမ်ငြိမ်လေးအနားယူနေတုန်း ခဏလောက် အကြာမှာတော့ ကျန်တဲ့မောင်နှမတွေကားပေါ်တက်လာကြတော့ ပြန်ကြဖို့အချိန်တန်ပြီလို့ သိလိုက်ပါပြီ ... နာရီကြည့်လိုက်တော့ ညနေ(၃းဝ၀)ထိုးနေပြီလေ .... ဒါနဲ့ မောင်နှမတွေအားလုံး ကားပေါ်တက်အပြီး ကားစက်နှိုးလိုက်တဲ့အချိန်မှာပဲ အဘိုးအဘွားတွေက စိတ်ပူတဲ့မျက်နှာတွေနဲ့ ကားနားလာပြီး ကျွန်မကို “သမီးလေး .. မိုးညရေ ကျန်းမာရေးဂရုစိုက်နော် ... ပိန်သွားလိုက်တာကွယ် .. စိတ်မကောင်းဘူး .. နေကောင်းအောင်နေနော်.. နောက်တစ်ခေါက်ထပ်လာရင် ကပြအုံးနော်” လို့ နှုတ်ဆက်ကြတော့ ကျွန်မလေစကားကိုပြန်မပြောနိုင်လောက်အောင် ဝမ်းနည်းပက်လက်နဲ့ ငိုမိပါတယ် ... သူတို့တွေအတွက် ပျော်ရွှင်အောင်လုပ်ပေးဖို့လာတဲ့ ကျွန်မ ... ခုတော့ ကျွန်မက သူတို့တွေစိတ်ပူအောင် လုပ်မိနေပြန်ပါလား ... ကျွန်မ ဝမ်းနည်းလိုက်တာ .. စိတ်မကောင်းလိုက်တာ .. သူတို့တွေကို အပြည့်အဝပျော်ရွှင်မှုမပေးခဲ့ရသလိုပါပဲလား .... ကျွန်မကို ပြန်ပြီးစိတ်ပူနေလိုက်ကြ တာများ ... ကားပေါ်ကိုပြေးတက်လာတဲ့ ကိုဗေဒါ၊ သိင်္ဂီနဲ့ အဝေ့ကိုလည်း “မိုးညကို ဂရုစိုက်ပါနော်” ဆိုပြီး မှာကြားနေလိုက်တာများ ... “အို .. မျက်ရည်တွေ ..တလဟော စီးကျလာတဲ့ ကျွန်မရဲ့ မျက်ရည်တွေ...” ပျော်ရွှင်မှုပီတိအပြည့်နဲ့ ပြီးဆုံးခဲ့ရတဲ့ အနှစ်သာရအရှိဆုံး ကျွန်မတို့ရဲ မွေးနေ့ပွဲလေး .... ကျွန်မတို့ကို ချစ်တဲ့ ကျွန်မတို့က ချစ်တဲ့ အဘိုးအဘွားတွေရှိရာ ဒီလှည်းကူးမြို့နယ်က မရမ်းချောင်းကျေးရွှာလေးကို “နောက်တစ်ခေါက် ..... ဟင့်အင်း .. နောက်တစ်ခေါက်တည်းမက နောက်ထပ်အကြိမ်ပေါင်းမြောက်များစွာ လာရောက်နေအုံးမှာပါလို့” စိတ်ကူးရည်ရွယ်ရင်းနဲ့ပဲ .........


မှတ်ချက်။ လိုက်ပါပေးခဲ့တဲ့ မောင်နှမများ၊ မွေးနေ့ရှင်များ၊ (၂၉)ရက်နေ့ စျေးဝယ်ရာမှာ ကူညီလုပ်ကိုင်ပေးခဲ့တဲ့ အဝေ(ဝေယံမင်း)၊ ကိုမာန်ကြီး၊ အစစ်(အောင်စစ်ပိုင်)၊ ပါဝင်စုပေါင်းလှူဒါန်းခဲ့တဲ့ အခြားအလှူရှင်များဖြစ်သော (၁)ဒေါ်မမလေး-ခေတ္တစင်္ကာပူ၊ (၂)ကိုနေလင်း၊ကိုဇော်သီဟ-ခေတ္တမလေးရှား (၃)မဖြိုးသီရိ (၄)ကိုဇော်လင်း-ခေတ္တစင်္ကာပူ (၅)ကိုကြီးစောဝဏ္ဏစိုး-ခေတ္တကိုရီးယားနှင့် (၆)အမည်မသိအလှူရှင်များ အားလုံး အားလုံးကို မွေးနေ့ရှင်များရဲ့ ကိုယ်စား ကျေးဇူးတင်ပါတယ်နော် ..........


မိုးညချမ်း(သူရဲလေးကောင်)

၁.၈.၂၀၁၁ (၆းဝ၀)




ပင်ပန်းသော်လည်း အပြုံးမပျက်ခဲ့ကြပါ …

ဒီနေ့ညနေ ဟင်္သာတရေဘေးဒုက္ခသည်တွေဆီကို လိုအပ်တဲ့ပစ္စည်းတွေသွားလှူဖို့ ရှိတယ်လေ … ကျွန်မ ဆုတောင်းနေမိပါတယ် … အချိန်တွေမြန်မြန်ကုန်လို့ ညနေမြန်မြန်ရောက်ပါစေပေါ့ … ရုံးမှာဂဏာမငြိမ်ဖြစ် နေလို့တောင် ရုံးကအစ်မတွေက စလိုက်ပါသေးတယ် .. “အော် .. ငါတို့ညီမလေး သိပ်မသွားချင်ရှာဘူးကိုး” တဲ့ .. သူတို့တွေစနောက်လာအောင်ပဲ တစ်နေကုန် ရုံးမှာအလုပ်တွေရှုပ်နေမိပါတယ် … ရုံးအလုပ်တော့မဟုတ် ဘူးပေါ့ .. ကျွန်မချစ်သော STA ရဲ့ဟင်္သာတအလှူလေးအတွက်ပေါ့ .. အလှူရှင်တွေဆီက ဖုန်းလာလို့ ကိုအနက်တို့ဆိုင် လိပ်စာနဲ့ဖုန်းနံပါတ်တွေပြောပြီး အလှူပစ္စည်းတွေ အဲဒီလိပ်စာလေးကိုပို့ပေးဖို့ဆိုတဲ့ အကြောင်း .. ကျွန်မရုံးနဲ့ အနီးဆုံးမှာရှိတဲ့ အလှူရှင်တွေကိုလည်း ရုံးကိုလာပေးလို့ရတယ်ဆိုတဲ့ အကြောင်း တွေကို ဖုန်းနဲ့တစ်မျိုး အွန်လိုင်းပေါ်မှာ တစ်မျိုး ရှင်းပြပေးနေရပါတယ် .. ရုံးမှာလည်း အလှူငွေကို လိုက်ကောက်လို့ ရေဘေးအလှူအတွက် သိပ်ကိုတက်ကြွနေတာပေါ့ .. ကျွန်မတင် ဘယ်ဟုတ်လိမ့်မလည်း .. အလှူခရီးစဉ်လေးမှာ လိုက်ပါမယ့် မောင်နှမတွေကလည်း လိုင်းပေါ်မှာတွေ့လည်း “မိုးညရေ စုရပ်ကို ဘယ်အချိန်လာမှာလည်း .. စောစောလာနော်” .. ဖုန်းတွေဆက်လို့လည်းတစ်ဖုံ ချိန်းဆိုနေကြတာကလည်း ပျော်ရွှင်ရင်ခုန်စရာလေးဖြစ်ခဲ့ပ
ါတယ် …
ညနေ (၄း၃၀)တော့ အလှူပစ္စည်းတစ်ထုပ်ကို ဆွဲလို့ ကားငှားပြီး အိမ်ကိုအပြေးအလွှားလေးပြန် .. ရေမိုးချိုးလို့ ညီမလေးဇလပ်နဲ့ အဝေ(ဝေယံမင်း)တို့ကို စောင့်နေလိုက်ပါတယ် .. သူတို့ရောက်လာတာနဲ့ ရန်ကင်းက အလှူရှင်တစ်ဦးဆီက အလှူပစ္စည်းတစ်ချို့ဝင်ယူပြီး ကျွန်မတို့ခရီးစဉ်လေးထွက်ခွာမယ်
့ စုရပ်ဖြစ်တဲ့ လှည်းတန်း၊ ဗဟိုလမ်းမှာရှိတဲ့ ကိုအနက်ရောင်နဲ့ မမသီတာတို့ရဲ့ Zeus Internet Café ဆိုင်လေးကို ရောက်ရှိ လာပါတယ်. .. ကားပေါ်ကအဆင်းမှာပဲ ကိုညီလင်းဆက်၊ ကိုညီတို့ရဲ့ နှုတ်ဆက်သံနဲ့အတူ နောက်ထပ်ရောက်ရှိလာမယ့် အဖွဲ့ဝင်မောင်နှမတွေကို စောင့်ဆိုင်းရင်း မမသီတာဆီ အလှူပစ္စည်းနဲ့ အလှူငွေတွေ အပ်နှံလိုက်ပါတယ် … ည (၁ဝး၃၀)လောက်မှာတော့ ကျွန်မတို့ရဲ့ ဟင်္သာတရေဘေးအလှူလေး ကို စတင်ခဲ့ပါပြီ ……
ကားစထွက်လာတော့ ကျွန်မကြားလိုက်ရတာ STA ရဲ့ သီချင်းသံလေးတွေပါပဲ .. ခရီးစဉ်အစလေးမှာ အဖွဲ့သီချင်း (၃)ပုဒ်လုံးကို မောင်နှမတွေတစ်ပြိုင်နက်သီဆိုသံ ကြားလိုက်ရတော့ ကျွန်မတောင် ကြက်သီးထမိပါတယ် … ကျွန်မတို့ကားပေါ်မှာ ညီမလေးဇလပ်နဲ့ မောင်လေးသွေးစက်တို့ရဲ့ အသံတွေနဲ့ ဆူညံပျော်ရွှင်နေရသလို အခြားနောက်တစ်စီးမှာလည်း မောင်လေးကျီးကန်းနဲ့ ကိုလင်းခိုင်၊ အစွတ်တို့ရဲ့ စနောက်သံလေးတွေနဲ့လည်း ပျော်ရွှင်စရာကောင်းလှပါတယ် … လမ်းခရီးမှာ ကျွန်မတို့လိုက်ပါလာတဲ့ Container ကားနဲ့ ကိုလင်းခိုင်တို့ စီးနင်းလိုက်ပါလာတဲ့ Light Truck (၂)စီးတို့ အပြန်အလှန်ပြိုင်မောင်း လို့ တစ်စီးနဲ့တစ်စီးကျော်တက်ဖြစ်ရင် အောင်ဟစ်ဆူညံလို့ ကလေးငယ်များလိုပျော်ရွှင်ရယ်မောေ
နကြပါတယ် …
ပထမအစမှာ သိပ်မသိသာပေမယ့် ဓနုဖြူနဲ့ ဇလွန်ကြားလမ်းခရီးမှာတော့ ကြမ်းလိုက်တဲ့လမ်း၊ ကျွန်မတို့ကား နောက်ခန်းမှာထိုင်တဲ့ မောင်နှမတွေတော့ တော်တော်မသက်သာလိုက်တဲ့ ဖြစ်ခြင်း၊ ဒါတောင်အပြုံးမပျက်၊ သီချင်းသံမပျက် သီဆိုပျော်ရွှင်နေလိုက်ကြတာများ ……….လမ်းခရီးတစ်လျှောက် ရပ်နားလိုက် အပန်းဖြေလိုက်၊ KTM ရေသန့်ကားဘီးပေါက်လို့ စောင့်လိုက်နဲ့ မနက် (၅း၃၀)မှာတော့ ဇလွန်မြို့ကို ရောက်ရှိလာပါပြီ … ဒါနဲ့ မနက်စာစား၊ ဇလွန်ဘုရားဝင်ဖူးပြီး မနက် (၆း၁၀)မှာတော့ ဟင်္သာတမြို့ကို ချီတက်ခဲ့ကြပါတယ် … ဟင်္သာတမရောက်ခင်လမ်းခုလတ်မှာ မိုးဖွဲလေးတွေကျလာတော့ ကျွန်မတို့ မောင်နှတွေ ကျန်ကျောင်းကျွတ်ကျွတ်အိတ်တွေကိ
ု ခေါင်း၊ လက်တွေဖောက်လို့ တူညီဝတ်စုံလေးတွေနဲ့ လှနေခဲ့ပြန်ပါသေးတယ် ……
မနက် (၆း၄၅)မှာတော့ ဟင်္သာတမြို့အဝင်ဝနားမှာရှိတဲ့ မစိုးရိမ်ကျောင်းတိုင်မှာ ခေတ္တနားလို့ ဟင်္သာတမြို့က အမာခံအဖွဲ့ဝင်ဖြစ်တဲ့ အောင်သက်ပိုင်က သူကြိုတင်ဝယ်ယူစီစဉ်ပေးထားတဲ့ ဆန်၊ ဆီ၊ ဆား၊ ပဲတို့ကို ကားနဲ့သွားသယ်ယူပြီး စက်လှေပေါ်တင်ရန်စီစဉ်နေကြတုန်း ကျန်တဲ့ STA အဖွဲ့ဝင်မောင်နှမတွေက ဘုန်းဘုန်းစီစဉ်ပေးထားတဲ့ လ္ဘက်ရည်နဲ့ ဘီစကစ်မုန့်တွေကို မြိန်ယှက်စွာစားတဲ့သူက စား၊ ညက လမ်းခရီး ကြမ်းလို့ ကားပေါ်မှာအိပ်မရဘဲ အိပ်ရေးပျက်နေကြတဲ့ မောင်နှမတစ်ချို့က ခုံပေါ်မှာမှောက်အိပ်လို့ အနားယူတဲ့သူကယူနဲ့ပေါ့ …… မစိုးရိမ်ကျောင်းတိုက်မှာ နာရီဝက်လောက်ခေတ္တအနားယူကြပြီး သွားရောက်လှူဒါန်းမယ့် ရွာလေးတွေကို ရွှာခံတွေနဲ့ အောင်သက်ပိုင်တို့ကပဲ လိုက်လံပို့ဆောင်ပေးပါတယ် … လှေဆိပ်ရောက်တော့ ကားပေါ်က လှူဖွယ်ပစ္စည်းတွေကို STA အဖွဲ့ဝင်မောင်နှမတွေကပဲ လက်ဆင့်ကမ်း သယ်လို့ စက်လှေပေါ်တင်နေကြတဲ့ မြင်ကွင်းလေးက အလွန်ကျက်သရေရှိပြီး ပီတိဖြစ်ဖွယ်မြင်ကွင်းလေးတစ်ခုေ
ပါ့ …. စက်လှေပေါ်ပစ္စည်းတွေတင်အပြီး ကျွန်မတို့အဖွဲ့ဝင်မောင်နှမတွေပါ စက်လှေပေါ်တက် နေရာယူလို့ စုစုပေါင်း စက်လှေ(၃)စီးနဲ့ အလှူခံပုဂ္ဂိုလ်တွေရှိမယ့် ရွာလေးတွေဆီကို ပထမဦးဆုံးချီတက်ခဲ့ကြပါတော့တယ်
….
ပထမဦးဆုံး ရောက်ရှိတဲ့ ရွာလေးကတော့ အောက်လေးရွာကျေးရွာလေးဆီကိုပါ …. စက်လှေ ကမ်းကပ်ပြီဆိုတာနဲ့ တစ်ရွာလုံးမှာရှိတဲ့ ရွာသူရွာသားတွေ သူ့ထက်ငါအလုအယက်လာရောက် သယ်ယူလို့ ရွာဦးဘုန်းကြီးကျောင်းပေါ်ပို့ပေးကြပါတယ် …. ကျွန်မလည်း ရေသန့်ဘူး(၆)လုံးစီပါ (၂)ပါကင်ကို သယ်လို့ ဘုန်းကြီးကျောင်းဆီသို့ လျှောက်လာတုန်း ကလေးမလေးတစ်ယောက်က အပြေးလေးလာလို့ “အစ်မ .. ညီမတို့ဝိုင်းသယ်ပေးမယ်” တဲ့ .. ဖြူစင်တဲ့ စိတ်ထားလေးတွေနဲ့ပါလားနော်လို့တွေးပြီး ပီတိဖြစ်ရပြန်ပါတယ် .. ကျောင်းပေါ်ရောက်တော့ ကျောင်းထိုင်ဘုန်းဘုန်းကပဲ မရှိတဲ့အထဲက ရအောင်စီစဉ်ပေးထားတဲ့ ကော်ဖီ၊ မုန့်နဲ့ ထန်းသီးမုန့်တွေကို မောင်နှမတွေအလုအယက် မြိန်ယှက်စွာစားဖြစ်ခဲ့ကြပါသေးတ
ယ် … ကျန်တဲ့အဖွဲ့ဝင်တွေ ခေတ္တအနားယူနေတုန်း ကိုအနက်ရောင်၊ ကိုဇော်၊ အဝေ(ဝေယံမင်း)၊ မောင်လေးဝေမျိုးဦး၊ ကိုဝေလင်းဦးနဲ့ မမသီတာတို့က အလှူပစ္စည်းများကို ဘယ်လောက်စီဝေမယ်နဲ့ အိမ်ထောင်စုစာရင်းနဲ့တိုက်လို့ ခွဲတမ်းချပေး နေကြပါတယ် …
ကျွန်မတို့ကျန်တဲ့ မောင်နှမတွေအားလုံးခေတ္တအနားယူအပြီး ကျွန်မတို့ရဲ့အလှူအစီအစဉ်လေးကို စလိုက်ကြပါတယ် .. ထိပ်ဆုံးမှာ ဆန်ချင်မယ့် မောင်နှမတွေက နေရာယူလို့ KTM ရေသန့်၊ ဆား၊ ဆီ၊ ခေါက်ဆွဲခြောက်၊ ပဲနှင့် ဓါတ်ဆားထုပ်ဝေမယ့် မောင်နှမတွေက နေရာယူလို့ တန်းစီနေကြတာလည်း လှပသော မြင်ကွင်းလေးတစ်ခုပါပဲ …. မနိုင်မနင်းသယ်နေရတဲ့ တစ်ချို့ ရွာသူရွာသားတွေကိုတော့ ကျန်တဲ့ STA မောင်နှမ တွေက အထုပ်တွေလိုက်ကူသယ်ပေးလို့ မမောမပန်းလှုပ်ရှားနေတဲ့ မောင်နှမတွေရဲ့အရင်းခံစိတ်ထားလေး တွေကလည်း အလွန်လေးစားဖွယ်ကောင်းပါဘိနော် …. လှူဒါန်းမှုတွေအပြီးမှာတော့ ရွာဦးဘုန်းကြီးကျောင်း ကျောင်းထိုင်ဘုန်းဘုန်းကပဲ ရေစက်သွန်းချအမျှဝေလို့ ဒီရွာထက်ပိုဒုက္ခရောက်နေရတဲ့ ရွာလေးကို ဒကာလေးတို့တွေ ကျန်တဲ့ပစ္စည်းလေးတွေသွားရောက်လှ
ူဒါန်းလိုက်ကြပါအုံးလို့ မိန့်တော်မူတာနဲ့ ရေလယ်သောင်ရွာဆိုတဲ့ ရွာလေးဆီကို စက်လှေ(၃)စီးနဲ့ ဆက်လက်ချီတက်ခဲ့ကြပြန်ပါတယ် …
လူအရပ်တစ်ပေကျော်လောက်ရေအနက်ရှိတဲ့ ရေလယ်သောင်ရွာလေးဆီရောက်တော့လည်
း ကျောင်းထိုင် ဘုန်းဘုန်းနဲ့ ရွာခံတွေကပဲ နွေးထွေးအမှုအတိနဲ့ ကြိုဆိုကြပြန်ပါတယ် …. စီစဉ်ပေးထားတဲ့ လ္ဘက်သုတ်ကို မောင်နှမတွေ မြိန်ရေယှက်ရေစားနေတုန်း ကိုအနက်ရောင်၊ ကိုဇော်၊ အဝေ(ဝေယံမင်း)နဲ့ မောင်လေးဝေမျိုးဦး တို့ကပဲ ကျောင်းထိုင်ဘုန်းဘုန်းနဲ့ ရွာသားအချို့ကို Water Guard သုံးပုံသုံးနည်းကို ရှင်းပြပေးနေပါတယ် ….
အလှူပစ္စည်းတွေအားလုံးကို ကျောင်းထိုင်ဘုန်းဘုန်းဆီကိုပဲ လှူဒါန်းခဲ့ပြီး ကျွန်မတို့ အဖွဲ့ဝင်မောင်နှမတွေ အားလုံးဟင်္သာတမြို့ပေါ်ကိုပြန်ဖို့ စက်လှေပေါ်တက်တော့ နေ့လည် (၁း၃၀)နေပါပြီ …. စက်လှေစီးရာ တောက်လျှောက် ရွာခံတွေကပဲ ကမ်းပြိုလို့ပြန်လည်တည်ဆောက်နေကြရတဲ့ ရွာလေးတွေကို လိုက်လံပြသ ပေးပြီး သိချင်တာလေးတွေကို မမောနိုင်မပန်းနိုင်ရှင်းပြပေးနေပါတယ် … အပြန်ခရီးလမ်းတစ်ဝက်ရောက်တော့ မနေ့က ညကတည်းက ရွာမလိုလို မရွာမလိုလိုနဲ့ မာန်တင်းထားတဲ့ ကိုမိုးမင်းကတော့ အညှိုးနဲ့ကို ရွာချပါတော့တယ် .. ကျွန်မတို့ ကျန်တဲ့စက်လှေ(၂)စီးက လူအကုန်မဟုတ်တောင်နည်းငယ်ကို မိုးကာပေးနိုင်မယ့် အမိုးပါပေမယ့် .. ညီမလေး ဇလပ်၊ မောင်လေးသွေးစက်၊ ကိုညီ၊ ကိုထွန်းထွန်းဝင်း (အဖွဲ့ဝင်အသစ်)၊ မောင်လေးထက်၊ မောင်လေးရကောက်တို့နဲ့ ကျန်တဲ့အဖွဲ့ဝင်မောင်နှမတွေစီးလာတဲ့ စက်လှေကတော့ အမိုးလုံးဝမပါတော့ ကျွန်မတို့ကျန်တဲ့မောင်နှမတွေသူတို့အတွက် စိတ်ပူရသေးတယ် … မိုးထဲလေထဲမှာ ခိုက်ခိုက်တုန်အောင်အချမ်းခံပြီ
း မိနစ်(၂၀)လောက်စီးလိုက်တော့ (၂း၁၅)မှာ ဟင်္သာတမြို့လေးဆီသို့ ကမ်းကပ်လိုက်ပါတော့တယ် ….
ဒါနဲ့ အထုပ်အပိုးတွေအားလုံး ဘုန်းကြီးကျောင်းမှာထားခဲ့တာဆိုတော့ တစ်ယောက်မှ ထီးမပါတာနဲ့ ကျွန်မတို့ မောင်နှမအယောက်(၄၀)ကျော်လုံး ကမ်းကပ်ပြီဆိုတာနဲ့ မစိုးရိမ်ကျောင်းတိုက်ဆီကို ဖိနပ်မပါ ထီးမပါဘဲ မိုးရေထဲပြေးခဲ့ကြရတာကလည်း ပျော်စရာလေးပေါ့ …. ကျောင်းကိုအရောက် အဝတ်အစားအပိုပါတဲ့ မောင်နှမတွေကလည်း အဝတ်တွေလဲလို့ မပါတဲ့သူတွေအဖို့လည်း အဝတ်အစားသွားဝယ်ဖို့ ကိုဇော်၊ အောင်သက်ပိုင်၊ အဝေ(ဝေယံမင်း)နဲ့ ကျွန်မတို့တွေ ဟင်္သာတစျေးလေးကို မိုးရေထဲ ဆိုင်ကယ်(၂)စီးနဲ့ ပြေးကြရပြန်ပါသေးတယ် …. ကျွန်မတို့တွေ လိုအပ်တာတွေသွားဝယ်နေတုန်း ကျန်တဲ့အဖွဲ့ဝင်မောင်နှမ တွေက မစိုးရိမ်ကျောင်းထိုင်ဘုန်းဘုန်
းနဲ့ နယ်ခံအချို့စီစဉ်ပေးထားတဲ့ နေ့လည်စာကို အားပါးတရအားပေး နေကြပါတယ် … ကျွန်မတို့ (၄)ယောက် စျေးကပြန်အလာ အစိုတွေနဲ့ အဝတ်အစားမလဲရသေးတဲ့ ညီမငယ်လေးတစ်ချို့ကို အဝတ်အစားတွေလဲဝတ်ခိုင်းလို့ ကျွန်မကိုယ်တိုင်လည်း ရေစိုအဝတ်တွေလဲနေတုန်း Light Truck ကားလေးက ကားထွက်တော့မယ်ဆိုတာနဲ့ အဲဒီကားနဲ့လိုက်ပါမယ့် ညီမငယ်လေးတွေ အပြေးအလွှားဖြစ်ကြရပြန်ပါသေးတယ် ….
ကားတစ်စီးရှေ့က ကြိုထွက်သွားပေမယ့် ကိုဇော်၊ အဝေ(ဝေယံမင်း)နဲ့ ကျွန်မတို့ (၃)ယောက်က နေ့လည်စာ မစားရသေးတဲ့အတွက် ဗိုက်ဆာဆာနဲ့ ဘုန်းကြီးကျောင်းကစီစဉ်ပေးထားတဲ့ နေ့လည်စာကို တဝကြီးစားခဲ့ကြပါတယ် .. ကျွန်မတို့ တွေ နေ့လည်စာစားအပြီးမှာတော့ ညနေ (၄းဝ၀)ထိုးကာနီးနေပါပြီ .. ဒါနဲ့ ကျွန်မတို့လည်း ကားပေါ်တက်လို့ ကျွန်မတို့တွေရဲ့အပြန်ခရီးစဉ်လေးကို စတင်ခဲ့ကြပါတယ် … အပြန်လမ်းမှာ ဘယ်လောက်ပဲအဝတ်အစားလဲခဲ့ လဲခဲ့ တစ်လမ်းလုံးမိုးကသည်း၊ ကားကလည်းအမိုးမပါနဲ့ ဒုက္ခခံစီးလာကြတဲ့ မောင်နှမတွေ (ကိုအနက်ရောင်၊ ကိုဇော်၊ အဝေ(ဝေယံမင်း)၊ မောင်လေးသွေးစက်၊ ညီမလေး ဇလပ်၊ ကိုဧပိုင်၊ မောင်လေးဝေမျိုးဦး၊ ညီမစုလေး၊ မောင်လေးဝင်းကောင်းမြတ်၊ မောင်လေးအောင်မြတ်ဇော်) အားလုံးဟာ မိုးရွာထဲမှာ ခိုက်ခိုက်တုန်အောင်ချမ်းနေသည့်
တိုင် အပြုံးတစ်ချက်မပျက်ဘဲ သီချင်းတွေအော်ဆိုလို့ ပျော်ရွှင်စွာအပြန်ခရီးလေးကို ည(၉း၁၅)တိတိမှာ အဆုံးသတ်ခဲ့ကြပါတော့တယ် …
မှတ်ချက်။ ပြည်တွင်းပြည်ပ STA အဖွဲ့ဝင်မောင်နှမအလှူရှင်များ၊ အခြားပြင်ပအလှူရှင်များ၊ ကားအကူအညီ ပေးခဲ့တဲ့ အဖွဲ့ဝင်သစ်ကိုထွန်းထွန်းဝင်း၊ လိုက်ပါလှူဒါန်းခဲ့တဲ့ KTM ရေသန့်မိသားစု၊ လိုက်ပါကုသိုလ်ယူခဲ့တဲ့ မောင်နှမ(၄၀)ကျော်၊ ဟင်္သာတမှ မစိုးရိမ်ကျောင်းတိုက်ဆရာတော်နှင့် နယ်ခံများ၊ ဟင်္သာတမှ STA အမာခံအဖွဲ့ဝင် အောင်သက်ပိုင်၊ ရွာမှရွာခံလူကြီးများနှင့် အခြားအခြားသောကုသိုလ်ရှင်များအားလုံးကို Save The Aged အဖွဲ့လေးကိုယ်စား၊ ပြည်တွင်းပြည်ပအဖွဲ့ဝင်မောင်နှမ
များကိုယ်စား ကျေးဇူးအထူးတင်ရှိပါတယ်ရှင် ……
မိုးည (သူရဲလေးကောင်)



ယခင်နဲ့ယခုကွာခြားချက်

*ဟိုအရင်က အချစ်ဆိုတာကို လှောင်ရီစရာတစ်ခုအဖြစ် ယုံကြည်ခဲ့သူတစ်ယောက်


ခုချိန်မှာ အချစ်မရှိရင် သေသွားမလားတောင် ထင်ရသူတစ်ယောက်


* ဟိုအရင်က ဘယ်ယောကျ်ားကိုမှ အထင်မကြီးတတ်ခဲ့သူတစ်ယောက်


ခုချိန်မှာ မင်းကိုမှအထင်ကြီးလေးစားမိသူတစ်ယောက်


*ဟိုအရင်က လေသံမာမာနဲ့ပြောရင်တောင် စိတ်ဆိုးစိတ်နာတတ်ခဲ့သူတစ်ယောက်


ခုချိန်မှာ မင်းမျက်နှာတင်းသွားတဲ့အခါ ပြေးစရာမြေမရှိတော့လောက်အောင်ဖြစ်နေသူတစ်ယောက်


*ဟိုအရင်က ဘယ်သူမှဂရုမစိုက်ရင်တောင် တစ်ယောက်တည်းနေတတ်ခဲ့သူတစ်ယောက်


ခုချိန်မှာ မင်းမရှိရင် အသက်တောင်မရှူချင်တော့သူတစ်ယောက်


*ဟိုအရင်က အရာရာကို ကိုယ်သာဦးဆောင်ချင်သူတစ်ယောက်


ခုချိန်မှာ မင်းဦးဆောင်ရာနောက်ကိုပဲ ကျေနပ်စွာလိုက်ပါချင်သူတစ်ယောက် …


*ဟိုအရင်က ပထမဦးဆုံးမဟုတ်ရင် စိတ်နာတတ်သူတစ်ယောက်


ခုချိန်မှာ နောက်ဆုံးဆိုတဲ့အရာကိုသာ မျှော်လင့်တောင့်တနေသူတစ်ယောက် ..


*ဟိုအရင်က အတ္တ၊ မာန သိပ်ကြီးသူတစ်ယောက်


ခုချိန်မှာ မင်းရှေ့ အခါခါဒူးထောက်ကျရှုံးချင်နေသူတစ်ယောက် …..


*ဟိုအရင်က ငါအတွက်ငါ လို့တွေးခဲ့သူတစ်ယောက်


ခုချိန်မှာ အချိန်တိုင်းမင်းအတွက်ပဲ တွေးနေတတ်သူတစ်ယောက် …


ငါကိုယ်တိုင် အံ့သြစွာနဲ့ပဲ ငါ့ပုံစံ .. ငါ့အတွေးနဲ့ ဆန့်ကျင်ဘက်တွေဖြစ်လာခဲ့ပေမယ့် ..


ကျေနပ်စွာလက်ခံနေသူပါ ……….. ချစ်သူ …….


ဒါတွေအားလုံးကို ချစ်သူမသိရင်တောင်မှ တစ်စိတ်တစ်ဒေသလေးတွေကို


အသိအမှတ်ပြုပေးရင် ဘဝမှာနေပျော်သွားပါပြီ …………. ချစ်သူ …


မိုးညချမ်း (သူရဲလေးကောင်)


24.3.2011 (Thur) 9.00 AM

မပြောလိုက်ပါနဲ့.....

ချစ်သူ


အချစ်က တစ်လမ်းသွားမဟုတ်ပါဘူး။ ရောင်ပြန်ဟပ်တတ်ပါတယ်။


ကိုယ်ပေးဆပ်သလောက် ပြန်ရတာပါပဲ။


စိတ်ဆိုးချိန်မှာ သူ(သူမ)ရဲ့ ကောင်းကွက်ကို ရှာကြည့်ပါ။


မကျေနပ်ချိန်မှာ သူ(သူမ)ရဲ့ အနစ်နာခံခဲ့တာကို သတိရပါ။


အေးစက်ချိန်မှာ သူ(သူမ)ရဲ့ နွေးထွေးမှုကို အမှတ်ရပါ။


ပေးဆပ်ခြင်းကို နှစ်ယောက်စလုံးနားလည်ခဲ့ရင် အချစ်က ထာဝရတည်တံ့ပါတယ်။


နှလုံးသားချင်းထပ်ပြီး နှစ်ယောက်အတူ ချစ်ဖို့ရာ မလွယ်ကူပါဘူး။


လမ်းခွဲတဲ့စကားကို လွယ်လွယ်ကူကူ မပြောလိုက်ပါနဲ့.....

မထင်မှတ်သော ခွဲခွာခြင်

    သက်ပြင်းမောတွေ အလီလီချရင်း
      အဝေးတစ်နေရာကို ငေးကြည့်ရင်းက
        ငါ့ပါးပြင်ကို ပြန်စမ်းမိလိုက်တယ် ….
          အိုး .. မျက်ရည်တွေစိုစွတ်နေတာပဲ ..
            ငါ ငိုနေမိတာလား ..
              ဘာကြောင့် ငိုနေမိမှန်းပြန်လည်စဉ်းစားမိတော့ …
                ငါ့ ချစ်သူနဲ့ … တစ်နေ့နေ့မှာ
                  ခဏတာခွဲခွာရမယ်ဆိုတဲ့ အသိက
                    ငါ့ကို ရူးသွပ်သွားအောင် …
                      ရင်တစ်ခုလုံး ဗြောင်းဆန်သွားခဲ့တယ် …
                        ရယူပိုင်ဆိုင်လိုစိတ်နဲ့ ချစ်ခဲ့တာတော့
                          မဟုတ်ပေမယ့် … မင်းနဲ့တစက္ကန့်လေးတောင်
                            မဝေးရဲဘူးဆိုတာ ချစ်သူတော့
                              သိစေချင်ပါတယ် …
                                နှုတ်ခမ်းဖျားကလွမ်းတယ်ပြောတိုင်းသာလေ
                                  ငါ့ရင်ထဲက အလွမ်းတွေပြေပျောက်စေနိုင်ခဲ့မယ်ဆိုရင်
                                    အချိန်တိုင်းပဲ မင်းကိုလွမ်းနေတဲ့အကြောင်းတွေသာ
                                      ထိုင်ပြောနေမိလိမ့်မယ် …
                                        ဒါပေမယ့် မင်းနဲ့ခွဲခွာရမယ်ဆိုတဲ့ ..
                                          တစ်နေ့ရောက်ခဲ့ရင်တော့ ..
                                            နှုတ်မဆက်ပါနဲ့ချစ်သူ ..
                                              ငါ့မျက်ရည်တွေနဲ့
                                                မင်းကိုစိတ်ညစ်အောင် မလုပ်ချင်တော့ပါဘူး …

                                                    မိုးညချမ်း (သရဲလေးကောင်)
                                                      ၂၈.၁၁.၂၀၁၀ (တနင်္ဂနွေနေ့)
                                                        1:30 AM

                                                        ချစ်သူ ........ ကောင်စုတ်လေး ......

                                                        *စိတ်ကောက်နတ်သမီးလေးလို့


                                                        ပြောတတ်တဲ့ ချစ်သူကောင်စုတ်လေး ...


                                                        *မာယာဖြူလွလွနဲ့ ပြုစားတတ်တဲ့


                                                        ကဝေပျိုမလေးလို့ပြောတတ်တဲ့


                                                        ချစ်သူကောင်စုတ်လေး ....


                                                        *မျက်စောင်းအလီလီနဲ့


                                                        အလဲထိုးပြီးအနိုင်ယူတဲ့


                                                        သက်တန့်လေးလို့ပြောတတ်တဲ့


                                                        ချစ်သူကောင်စုတ်လေး ....


                                                        *မင်းရဲ့ သက်ပြင်းပါးပါးလေး


                                                        ခိုးအရှိုက်မှာ ... ငါ့အသက်ရှူသံတွေ


                                                        ရပ်တန့်သွားပြီး ..


                                                        မင်းရှေ့မှာ အလီလီကျရှုံးခံဖို့ ...


                                                        အသင့် ဒူးထောက်နေတဲ့ ....


                                                        မင်းရဲ့ ချစ်သူနတ်သမီးလေးပါနော် .......


                                                        ချစ်သူ ကောင်စုတ်လေးရေ ...


                                                        မိုးညချမ်း(သရဲလေးကောင်)

                                                        ငါဆိုတဲ့ ……….. ဒုတိယ

                                                          ငယ်စဉ်ကတည်းက ပထမအမြဲလိုချင်ခဲ့တဲ့ …. ငါ
                                                            ဘယ်လောက်ပဲကြိုးစား ကြိုးစား

                                                                ဒုတိယနဲ့ပဲ ကျေနပ်ရောင့်ရဲခဲ့ရတယ် ……. ။

                                                                    အရွယ်ရောက်တော့လည်း ပထမလိုချင်ခဲ့တဲ့ …. ငါ
                                                                      မင်းရဲ့ ဒုတိယချစ်သူအနေနဲ့ပဲဆုံတွေ့ခဲ့ရပြန်တယ် …. ။

                                                                          မင်းရဲ့ပထမအချစ်ကို အတ္တဆန်စွာနဲ့ လိုချင်တောင့်တနေပေမယ့်
                                                                            ဒုတိယအချစ်နဲ့ပဲ ကျေနပ်တင်းတိမ်နေရတယ် ….

                                                                                ငါ့ပါးပြင်ကို ပထမဆုံးအနမ်းပေးဖူးတဲ့ မင်းအတွက်
                                                                                  မင်းပါးပြင်ကို ဒုတိယလူအနေနဲ့ပဲ အနမ်းပေးလိုက်ရပြန်တယ် …. ။

                                                                                      ငါ့အနမ်းကို ပထမဆုံးအနေနဲ့မင်းရလိုက်ပေမယ့်
                                                                                        မင်းအနမ်းကို ဒုတိယအနေနဲ့ပဲရလိုက်ပြန်တယ် ….. ။

                                                                                            တစ်ခုတော့သိစေချင်ပါတယ် .. ချစ်သူ ..
                                                                                              အချိန်တန်လို့ပထမချစ်သူကိုရွေးချယ်သွားခဲ့ရင်

                                                                                                  ဒုတိယချစ်သူ … ငါ ကျေးဇူးတင်နေလိုက်ပါ့မယ် …. ။

                                                                                                      ဘာလို့လည်းလို့ မင်းသိချင်လာခဲ့ရင် …
                                                                                                        မင်းရဲ့ရွေးချယ်လိုက်မှုအတွက် ….

                                                                                                            ငါ့ရဲအချစ်တွေနဲ့ အသည်းကွဲခြင်းဆိုတဲ့အရသာကို

                                                                                                                ကျေနပ်စွာခံယူနေခဲ့ရင်း

                                                                                                                    ငါ့ဘဝမှာအလိုချင်အတောင့်တဆုံး … “ပထမ” ဆိုတာကို

                                                                                                                        ခံစားကြုံဘူးလိုက်ပြီလေ …………… ။ ။

                                                                                                                            မိုးညချမ်း (သရဲလေးကောင်)
                                                                                                                              16.10.2010, 11း00 PM (Sat)

                                                                                                                              မပြိုင်လိုတဲ့ အရှုံး ....

                                                                                                                              “သက်ရောက်မှုတိုင်းတွင် တန်ပြန်သက်ရောက်မှုရှိသည်”
                                                                                                                              Newton ရဲ့နိယာမတရားစွဲမြဲစွာဆုပ်ကိုင်
                                                                                                                              မင်းကို ငါရူးရူးမိုက်မိုက်ချစ်ခဲ့တယ် ...

                                                                                                                              “ပိုနေမြဲ ၊ ကျားနေမြဲ” တဲ့
                                                                                                                              လူသားတစ်ယောက်ရဲ့မာန
                                                                                                                              ဝမ်းနည်းစွာလက်ခံ
                                                                                                                              မင်းနဲ့ငါ ရန်ဖြစ်ခဲ့တယ် ....

                                                                                                                              “အချစ်ဟာပေးဆပ်ခြင်း”
                                                                                                                              လူတစ်ချို့ရဲ့ဝါဒ အင်အားမဲ့စွာငြင်းဆန်
                                                                                                                              မင်းအတွက် ငါအသင်းဝင်တစ်ယောက်ဖြစ်ခဲ့တယ် ...

                                                                                                                              ဒါပေမယ့် ချစ်သူ
                                                                                                                              ပြိုင်လာရင် အရှုံးမပေးတတ်ခဲ့ပါဘူး ..
                                                                                                                              မပြိုင်ခင်ကတည်းက အလံဖြူတင်ထားတာ
                                                                                                                              မင်းမှမသိခဲ့တာ ....

                                                                                                                              တစ်ကယ်တော့ အိပ်မက်ဆိုတာ? အပိုင်း (၁)

                                                                                                                                တိုးတိတ်တဲ့ခြေလှမ်း တဖြည်းဖြည်းနဲ့ ဝေးသွားခဲ့တာ နာရီဆိုတာမရှိ … စက္ကန့်ဆိုတာမရှိ သက်မဲ့ချစ်ခြင်းတရားတွေကို ဖမ်းဆုပ်ဖို့ မဝံ့ရဲမှတေ...