Sunday, December 2, 2012

ပန်းရဲ့ရာဇဝင်


 မင်းအတွက် .......
ဆူးတွေကိုကျော်ဖြတ်
ခလုတ်တွေကိုဖြတ်နင်း
မြက်ရိုင်းတွေရဲ့ဖမ်းဆီးခြင်းကိုခံပြီး
ငါ့နှလုံးသားပင်လယ်ထက်ဝယ်
တင့်တင်စွာစံမြန်း
ရနံ့ကြိုင်လွန်းတဲ့
အဖြူရောင်ပန်းတစ်ခိုင်ကို
ငါလေ .......
ခူးဆွတ်ခဲ့တယ် ။

အပြန်လမ်းမှာ
အခဲမကြေစွာနဲ့
ရန်စလာပြန်တဲ့
ရန်သူတစ်ထောင်ကို
ငါနိုင်အောင်တိုက်ခဲ့တယ် ။

မင်းရဲ့ရှေ့မှောက်
ပန်းကိုအရောက်ဆက်သပြီး
ဆန်းစသော်တာ
နှုတ်ခမ်းနှစ်လွှာကအပြုံးကို
အဆုံးမရှိတဲ့ကြည်နူးမှုနဲ့ ခံယူချိန်မှာ
ငါ့ရဲ့သွေးတို့
မြေကမ္ဗလာထက်မှာ အိုင်ထွန်းခဲ့ပြီ ။

နှလုံးသွေးနဲ့ဖျန်းလို့
လန်းခဲ့ရတဲ့ပန်းကို
နွမ်းခြောက်ချိန်မှာ
စွန့်ပစ်ဖို့ရည်ရွယ်တဲ့ ......“မင်း”
ပန်းရဲ့ရာဇဝင်ကို
သိမှသိပါလေစ ။ ..........။


(ငယ်ငယ်တုန်းက အရမ်းကြိုက်ခဲ့တဲ့ကဗျာလေးပါ ... ကဗျာဆရာအမည်ကိုတော့ မသိတော့ပါဘူး ...)

တစ်ကယ်တော့ အိပ်မက်ဆိုတာ? အပိုင်း (၁)

  တိုးတိတ်တဲ့ခြေလှမ်း တဖြည်းဖြည်းနဲ့ ဝေးသွားခဲ့တာ နာရီဆိုတာမရှိ … စက္ကန့်ဆိုတာမရှိ သက်မဲ့ချစ်ခြင်းတရားတွေကို ဖမ်းဆုပ်ဖို့ မဝံ့ရဲမှတေ...