Sunday, December 2, 2012

ပန်းရဲ့ရာဇဝင်


 မင်းအတွက် .......
ဆူးတွေကိုကျော်ဖြတ်
ခလုတ်တွေကိုဖြတ်နင်း
မြက်ရိုင်းတွေရဲ့ဖမ်းဆီးခြင်းကိုခံပြီး
ငါ့နှလုံးသားပင်လယ်ထက်ဝယ်
တင့်တင်စွာစံမြန်း
ရနံ့ကြိုင်လွန်းတဲ့
အဖြူရောင်ပန်းတစ်ခိုင်ကို
ငါလေ .......
ခူးဆွတ်ခဲ့တယ် ။

အပြန်လမ်းမှာ
အခဲမကြေစွာနဲ့
ရန်စလာပြန်တဲ့
ရန်သူတစ်ထောင်ကို
ငါနိုင်အောင်တိုက်ခဲ့တယ် ။

မင်းရဲ့ရှေ့မှောက်
ပန်းကိုအရောက်ဆက်သပြီး
ဆန်းစသော်တာ
နှုတ်ခမ်းနှစ်လွှာကအပြုံးကို
အဆုံးမရှိတဲ့ကြည်နူးမှုနဲ့ ခံယူချိန်မှာ
ငါ့ရဲ့သွေးတို့
မြေကမ္ဗလာထက်မှာ အိုင်ထွန်းခဲ့ပြီ ။

နှလုံးသွေးနဲ့ဖျန်းလို့
လန်းခဲ့ရတဲ့ပန်းကို
နွမ်းခြောက်ချိန်မှာ
စွန့်ပစ်ဖို့ရည်ရွယ်တဲ့ ......“မင်း”
ပန်းရဲ့ရာဇဝင်ကို
သိမှသိပါလေစ ။ ..........။


(ငယ်ငယ်တုန်းက အရမ်းကြိုက်ခဲ့တဲ့ကဗျာလေးပါ ... ကဗျာဆရာအမည်ကိုတော့ မသိတော့ပါဘူး ...)

13 comments:

  1. ကဗျာလှလှလေးကို ပြန်တင်ပေးလို့ ကျေးဇူးပါဗျာ ။

    မျှဝေခံစားခဲ့ပါတယ် မိုးညရေ .....

    ReplyDelete
  2. မင်းရဲ့ရှေ့မှောက်
    ဆန်းစသော်တာ
    ငါ့ရဲ့သွေးတို့

    လန်းခဲ့ရတဲ့ပန်းကို
    နွမ်းခြောက်ချိန်မှာ
    ပန်းရဲ့ရာဇ၀င်ကို
    သိမှသိပါလေစ ။ ..........

    အရမ်းခံစားရတယ်...မိုးညရေ...
    ဒီလို ကဗျာကောင်းလေးကို ဘယ်သူကများရေးခဲ့တာပါလိမ့်...
    ချစ်တဲ့....မိုးနတ်

    ReplyDelete
  3. ဟူးးးးးးးးးးးးးးးးးးးးးးး
    ပန်းရဲ့ရာဇ၀င်ကို
    သိမှသိပါလေစ ။ ..........။

    ReplyDelete
  4. ကဗျာကောင်းလေး ဝေမျှလို့ကျေးဇူးပါ ။

    ReplyDelete
  5. ကဗျာလေး မိုက်တယ် :D

    ReplyDelete
  6. ကဗျာလေးကို မျှဝေပေးတာ ကျေးဇူးပါ မရေ
    ကဗျတွေလည်း ဆက်ရေးသီကုံးနိုင်ပါစေ

    ReplyDelete
  7. တော်တော် ကောင်းတဲ့ကဗျာလေးပဲဗျာ
    ခေါင်းစဉ်ကော စာသားကော ကောင်းတယ်ဗျာ
    ကျေးဇူးပါ

    ReplyDelete
  8. ပန်းအကြောင်းလေးကိုရေးဖွဲ့ထားတာ လက်ရာမြောက်လှပါပေတယ်
    ကျွန်တော်လည်းသည်ကဗျာလေးကိုကြိုက်နှစ်သက်မိတယ်
    အခုလိုမျှဝေပေးတဲ့အတွက်ကျေးဇူးနော်
    နောက်လည်းသည်ထက်မကမျှဝေနိုင်ပါစေနာ်
    ပျော်ရွှင်စရာနေ့ရက်လေးတွေကိုပိုင်ဆိုင်နိုင်ပါစေ
    ခင်တဲ့(အိမ်မက်ကောင်းကင်)

    ReplyDelete
  9. အသက်လုပြီး ရလာတဲ့ ဒီပန်းလေးရဲ့တန်ဖိုးကို သိအောင်ပြောပြလိုက်ပါ

    ReplyDelete
  10. ကဗျာကောင်းလေးဖတ်ရလို့ ကျေးဇူးတင်ပါတယ်ဗျာ

    ReplyDelete
  11. နေမကောင်းဘူးလားဗျ
    ပျောက်နေတယ်နော်.....။

    ReplyDelete
  12. သိပ်ကောင်းတဲ့ကဗျာလေးကို မျှဝေပေးတာ ကျေးဇူးပါ...

    ReplyDelete
  13. ဒီကဗျာ လေး ဖတ်ခဲ့ ဖူးတယ်။ သိပ်ကောင်းတယ်။

    ReplyDelete

တစ်ကယ်တော့ အိပ်မက်ဆိုတာ? အပိုင်း (၁)

  တိုးတိတ်တဲ့ခြေလှမ်း တဖြည်းဖြည်းနဲ့ ဝေးသွားခဲ့တာ နာရီဆိုတာမရှိ … စက္ကန့်ဆိုတာမရှိ သက်မဲ့ချစ်ခြင်းတရားတွေကို ဖမ်းဆုပ်ဖို့ မဝံ့ရဲမှတေ...