Saturday, April 20, 2013
ညီမလေးသို့ပေးစာ (၂)
သို့/
ချစ်ရတဲ့ညီမလေးရေ …
ညီမလေးရဲ့သူငယ်ချင်းမလေး အကြောင်းကိုကြားရတော့ မမစိတ်မကောင်းဖြစ်မိပါတယ်။ လက်ထပ်မှုမပြုရသေးခင် အတူနေထိုင်မိခြင်းရဲ့ နောက်ဆက်တွဲအကျိုးရလဒ်က ကိုယ်ဝန်ရှိလာတဲ့အခါ ယောကျ်ားလေးဘက်က “တာဝန်မယူနိုင်ပါဘူး”ဆိုပြီး အရှက်တကွဲအကျိုးနည်း ဖြစ်ရာက မိန်းကလေးခမျာစိတ်ဆင်းရဲခြင်းကြီးစွာနဲ့ ကျန်းမာရေးထိခိုက်ပြီး ကလေးပျက်ကျသည်ထိ ဖြစ်ရတာတွေ ကြားရတော့ မမချစ်တဲ့ညီမလေးအပါအဝင် မိန်းကလေးအများစုအတွက် မမသိသလောက် ပြောပြချင်တာလေးတွေ ပေါ်လာပြန်တယ်ကွယ်။
“အပျို”ဆိုတဲ့ ဝေါဟာရနဲ့ “အပျိုစင်”ဆိုတဲ့ ဝေါဟာရ မတူညီတာကို မိန်းကလေးတွေ ဗဟုသုတအနေနဲ့ မှတ်သားထားစေချင်လို့ မမသိသလောက် ပြန်လည်မျှဝေပေးလိုက်ခြင်းပါ …
မမ နားလည်ထားသလို ရှင်းပြရရင် -
“အပျို”ဆိုတာ လက်ထပ်ခြင်းမပြုရသေးသမျှ အဲဒီမိန်းကလေးဟာ အပျိုလို့သတ်မှတ်လို့ရပါတယ် …။
“အပျိုစင်”ဆိုတာကတော့ မိမိနဲ့လိင်ဆန့်ကျင်ဘက် ယောက်ျားတစ်ဦးဦးနဲ့ လိင်ဆက်ဆံမှုမပြုသေး သမျှ အဲဒီမိန်းကလေးဟာ အပျိုစင်ပါပဲ …။
ရိုးရှင်းစွာဥပမာပေးရရင်ဖြင့်- မိန်းကလေးတစ်ဦးဟာ မင်္ဂလာဆောင်ပွဲအပြီး ဟန်းနီးမွန်းခရီးထွက်ရင်း Accidient တစ်စုံတစ်ခုကြောင့် မိမိရဲ့သတို့သားသေဆုံးသွားလို့ သူမကိုအပျိုမဟုတ်တော့ဘူး လို့ သတ်မှတ်လို့ရပေမယ့် အမျိုးသားနဲ့ အတူတကွပေါင်းသင်းမနေထိုင်ရသေးတဲ့အတွက် သူမဟာ အပျိုတော့မဟုတ်တော့ပါဘူး … ဒါပေမယ့် သူမဟာ အပျိုစင်တစ်ယောက်ဖြစ်နေဆဲပါ ..
အချို့သောမိန်းကလေးများဟာ အိမ်ထောင်မပြုရသေးဘဲ မင်္ဂလာမဆောင်ရသေးဘဲ မိမိရဲ့ချစ်သူရည်းစားနဲ့အတူတကွ (သို့) အမျိုးသားတစ်ဦးဦးနဲ့ လိင်ဆက်ဆံနေထိုင်ဖူးကြပြီဆိုရင် အဲဒီမိန်းကလေးဟာ လက်ထပ်ခြင်းမပြုလုပ်ရသေးလို့ အပျိုလို့ခေါ်ဆိုသတ်မှတ်လို့ရပေမယ့် သူမဟာ အပျိုစင်ဘဝကို ဆုံးရှုံးပြီးသူတစ်ယောက်လို့ သတ်မှတ်လိုက်လို့ရပါတယ် ….
အိမ်ထောင်မပြုရသေးဘဲနဲ့ ချစ်သူရည်းစားအပေါ်ကို ချစ်လွန်းတဲ့စိတ်တွေနဲ့ အရာရာအလိုမလိုက်မိစေဖို့ကိုလည်း သတိထားပါညီမလေးရေ …။ လွယ်လွယ်ရတဲ့ပစ္စည်းတစ်ခုကို မည်သူတစ်ဦးတစ်ယောက်ကမှ တန်ဖိုးမထားတတ်ကြတာ မမ ပတ်ဝန်းကျင်မှာတွေ့မြင်နေရတာမို့ မမချစ်သော ညီမလေးအပါအဝင် မိန်းကလေးငယ်တွေကို မိမိတို့ရဲ့အပျိုစင်ဘဝလေးကို တန်ဖိုးထားစေချင်ပါတယ်ကွယ် …။
ဒါကြောင့် မမ ပြောပြချင်တဲ့ ညီမလေးအပါအဝင် မိန်းကလေးများကို သတိထားစေချင်တဲ့အချက်လေးက “မိမိတို့ရဲ့ အပျိုဆိုတဲ့ ဂုဏ်ပုဒ်ကို ထိန်းသိမ်းစေချင်သလို .. မိမိတို့ရဲ့ အပျိုစင်ဘဝလေးကို အထူးဂရုတစိုက်နဲ့ တန်ဖိုးထားထိန်းသိမ်းစေချင်တာ” မမရဲ့ ရင်ထဲက စေတနာအစစ်အမှန်လေးပါ ...။
“မမချစ်ရတဲ့ညီမလေးအပါအဝင် မိန်းကလေးများအားလုံး မိမိတို့ရဲ့အပျိုစင်ဘဝလေးကို တန်ဖိုးထားတတ်ပါစေလို့ ဆုတောင်းလျှက် …”
ချစ်ခြင်းများဖြင့်
မမ …
 (လွန်ခဲ့သော ၂၀၁၁ ခုနှစ်က Facebook မှာတင်ဖြစ်ခဲ့တဲ့ ပိုစ့်လေးပါပဲ … ခုတစ်လောရေးဖြစ်ဖို့ စိတ်ကူးရလာတဲ့ “ညီမလေးသို့ပေးစာ”ဆိုတဲ့ ကဏ္ဍလေးအတွက် ပြန်လည်တင်ဖြစ်လိုက်တာပါ …)
မိုးညချမ်း
9.3.2011 (10:21 a.m)
5 comments:
  1. ညီမ ရေးလိုက်မှဘဲ "အပျို" နဲ့ "အပျိုစင်"ကို နားလည်သွားပြီ။
    အမကတော ၂ခုလုံးပိုင်ဆိုင်နေသေးတယ် ( ရုတ်တရက် ကြော်ငြာဝင်ခြင်း ) :D
    အမကရုပ်ဆိုးလွန်းလို့ ဘယ်သူမှ အနားမကပ်ရဲဘူး။ ပြီးတော့ ပဲလဲသိပ်မကြိုက်ဘူး။
    ပဲဆိုလို့ ပဲနီလေးဟင်းရည်တော့ကြိုက်တယ်။ ပဲပြုတ်လဲကြိုက်တယ်။ ကြက်သွန်နီလေးနဲ့ဆီနဲ့ဆားနဲနဲနဲ့ ထမင်းနဲ့စားရတာ။ ပြောရင်းစားချင်လာပြီ။ အစားဘက်ရောက်ကုန်ပြီ။ :P
    ReplyDelete
  2. ပထမဆုံး ကွန်မန့်က မပေါ်ဘူး ၊ ဒုတိယကွန်မန့်မှပေါ်တယ် ၊ တတိယလဲပေါ်တယ်။ ပထမဆုံးကွန်မန့်က မပေါ်တော့ ဒုတိယကွန်မန့်ကဖတ်ရတာ ဘာမှန်းမသိဘူး ဖြစ်နေလို့ အောက်ဆုံးက စမ်းသပ်ထားတာပါ ဖျက်လိုက်မယ်။ ညီမဘက်က အမဖျက်ထားတဲ့ ကွန်မန့်၂ခုလုံး ဖျက်လိုက်ပါနော်။ ခုအစက ပြန်မန့်မယ်။
    ညီမပြောမှဘဲ "အပျို" နဲ့"အပျိုစင်" ဘယ်လိုဆိုတာသိသွားပြီ။
    အမက ပဲမလုပ်တတ်ဘူး ( ပဲလုပ်တတ်သောသူများကိုလဲ မရည်ရွယ်ပါ ၊ တိုက်ဆိုင်မှုရှိသွားပါက ဆောရီး ငှက်ပျောသီးပါလို့ ကြိုပြောထားပါရစေ ၊ ကိုယ်လုပ်တတ်လို့လုပ်ကြတာ ၊ မိန်းကလေးတွေရဲ့ တတ်သင့်သောပညာတခုပါဘဲ ). အမကခုထက်ထိ ရည်းစားဆိုတာ ဘာမှန်း သေချာကိုမသိဘူး။ အပြိုကြီးဖြစ်ဖို့ ရာခိုင်နှုန်း ၈၀ မှာရှိနေတယ်။ အသက်အရ ပြောရတာပါလေ။ အသက်တွေဒီထက်ကြီးသွားလို့ ဘာဆိုဘာမှမရှိခဲ့ဘူးဆိုရင်တော့ ၁၀၀% သေချာပြီ "အပြိုကြီး" ။
    ReplyDelete
  3. ကဗျာ တွေနဲ့ တကွ ညီမလေးသို့ ပေစာ အားလုံးကို ဖတ်ခဲ့တယ်
    စာဖတ်မှု့အားနည်းလာတဲ့ ခေတ်မို့ လူများများကို ဖတ်စေ့ချင်သော
    စာပေတွေက ချောင်အထိုးခံထားရပြီ မိန်းခလေး တော်တော်များများဆီကို
    ဒီစာတွေ အရောက်ပို့ပေးနိုင်ပါစေ ။
    ReplyDelete
  4. အန်တီလေးမေခင်June 8, 2013 at 6:07 PM
    ခင်တဲ့အန်တီလေးမေခင်
    ReplyDelete
  5. ခက်တာက အပျိုစင်ဟုတ်မဟုတ်အမြင်နဲ့မသိနိုင်တာပါဘဲ မိုးညရယ်... ဟီးးးးး နောက်တာပါ..... ဘာပဲဖြစ်ဖြစ် ဒီလိုမိန်းကလေးတွေ အတွက်အကျိုးရှိမဲ့ ညီမလေးသို့ပေးစာများ များများရေးနိုင်ပါစေ မိုးညရေ......
    ReplyDelete
တစ်ကယ်တော့ အိပ်မက်ဆိုတာ? အပိုင်း (၁)
  တိုးတိတ်တဲ့ခြေလှမ်း တဖြည်းဖြည်းနဲ့ ဝေးသွားခဲ့တာ နာရီဆိုတာမရှိ … စက္ကန့်ဆိုတာမရှိ သက်မဲ့ချစ်ခြင်းတရားတွေကို ဖမ်းဆုပ်ဖို့ မဝံ့ရဲမှတေ...