Friday, June 6, 2014

ရှိပါစေတော့


 
*အလွမ်းတွေနဲ့ တမ်းတမှုတွေကြား
သူ့နာမည်လေး တိတ်တဆိတ်
ရေရွတ်မိနေတုန်း ခေါ်သံလေးတောင်
ဆွံ့အသွားတယ် …

*ခါးသီးစွာ ပြောပစ်ခဲ့တဲ့
သူ့ရဲ့စကားလုံးတွေက
ငါ့နံနက်ခင်းကို မျက်ရည်စက်တွေ
ကျဆင်းစေခဲ့သလား?

*ကော်ဖီခါးခါးတစ်ခွက်
ဖျော်သောက်လိုက်ရင်တောင်
သူ့ကိုလွမ်းတဲ့အလွမ်းတွေလောက်
ခါးသက်မယ် မထင်တော့ဘူး …

*နွေဦးရဲ့ပူစပ်ပူလောင်
ရာသီဥတုကြားမှာ
ငါ့ရင်က နေဆယ်ဆင်းထွန်းလင်းနေတဲ့
သဲကန္တာရအလား?

*ငါချစ်ခဲ့ရတဲ့ အတိုင်းအဆ
တစ်စုံတစ်ရာကို ငါ့နှလုံးသားလေး
အသိဆုံးမို့ ''နားလည်မှုလွဲခြင်း''ဆိုတဲ့
အကြောင်းအရာလေးဆီရောက်တိုင်း
ငါတိတ်တိတ်လေးပဲ ငိုကြွေးပါရစေတော့ …


မိုးညချမ်း
9.3.2014 (8:45 a.m)

တစ်ကယ်တော့ အိပ်မက်ဆိုတာ? အပိုင်း (၁)

  တိုးတိတ်တဲ့ခြေလှမ်း တဖြည်းဖြည်းနဲ့ ဝေးသွားခဲ့တာ နာရီဆိုတာမရှိ … စက္ကန့်ဆိုတာမရှိ သက်မဲ့ချစ်ခြင်းတရားတွေကို ဖမ်းဆုပ်ဖို့ မဝံ့ရဲမှတေ...