*အလွမ်းတွေနဲ့ တမ်းတမှုတွေကြား
သူ့နာမည်လေး တိတ်တဆိတ်
ရေရွတ်မိနေတုန်း ခေါ်သံလေးတောင်
ဆွံ့အသွားတယ် …
*ခါးသီးစွာ ပြောပစ်ခဲ့တဲ့
သူ့ရဲ့စကားလုံးတွေက
ငါ့နံနက်ခင်းကို မျက်ရည်စက်တွေ
ကျဆင်းစေခဲ့သလား?
*ကော်ဖီခါးခါးတစ်ခွက်
ဖျော်သောက်လိုက်ရင်တောင်
သူ့ကိုလွမ်းတဲ့အလွမ်းတွေလောက်
ခါးသက်မယ် မထင်တော့ဘူး …
*နွေဦးရဲ့ပူစပ်ပူလောင်
ရာသီဥတုကြားမှာ
ငါ့ရင်က နေဆယ်ဆင်းထွန်းလင်းနေတဲ့
သဲကန္တာရအလား?
*ငါချစ်ခဲ့ရတဲ့ အတိုင်းအဆ
တစ်စုံတစ်ရာကို ငါ့နှလုံးသားလေး
အသိဆုံးမို့ ''နားလည်မှုလွဲခြင်း''ဆိုတဲ့
အကြောင်းအရာလေးဆီရောက်တိုင်း
ငါတိတ်တိတ်လေးပဲ ငိုကြွေးပါရစေတော့ …
မိုးညချမ်း
9.3.2014 (8:45 a.m)
ခါးသက်တဲ့အလွမ်းတွေကိုချစ်တတ်တဲ့ စံပယ်ချို
ReplyDelete*ကော်ဖီခါးခါးတစ်ခွက်
ReplyDeleteဖျော်သောက်လိုက်ရင်တောင်
ကဗျာလေးခံစားသွားပါတယ်အမ။
သူများတွေများချစ်တတ်၊လွမ်းတတ်လိုက်တာ..
ReplyDeleteချစ်မကြီး အဆင်ပြေပါစေဗျာ ;)
မငိုနဲ့တော့ ညီမ
ReplyDeleteအခုမိုးတွေရွာနေတယ်ကြားတယ်..
အေးချမ်းသွားမှာပါနော်...
မိုးနဲ့အတူညီမလည်းအေးမြပါစေနော်..