Tuesday, November 27, 2012

ချစ်သူ ပျော်ရွှင်ငြိမ်းချမ်းပါစေ




*ခုတစ်လော ညညဆို အိပ်မက်တွေ
ခဏခဏမက်တယ် …
မင်းနဲ့ပတ်သက်တာတွေပေါ့ ….

*ဘယ်တော့မှ မေ့ဖျောက်မရနိုင်တဲ့
မင်းနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ
မင်းနဲ့ပတ်သက်တဲ့ အမှတ်တရတွေဟာ
တစ်နေ့ထက်တစ်နေ့
ငါ့ရင်ထဲမှာ မစဲနိုင်အောင်
အလွမ်းမိုးတွေ ရွာသွန်းနေဆဲပါ …

*မင်းနဲ့ပတ်သက်သမျှဟာ
ငါ့ဘဝတစ်သက်စာလို့
စဉ်းစားစိတ်ကူးယဉ်ထားခဲ့သမျှ
အလွမ်းတွေသာ ကျေနပ်စွာခံယူလို့
အထီးကျန်မှုကိုပွေ့ဖက်လို့
ထိန်းထားတဲ့ မျက်ရည်တွေ
ညတိုင်းကျနေခဲ့တာတွေရော ….

*မင်းဘက်ကတော့ ဥပေက္ခာဆိုတဲ့
အရာတစ်ခုကို လက်ကိုင်ထားလို့
ဘယ်လောက်ပဲ ရက်စက်ခဲ့ပါစေ
အလိုချင်ဆုံးတောင်းဆုတစ်ခုကို
တောင်းလို့ ပြည့်ဝရကြေးဆိုရင်
ငါ့ဘက်က ချက်ချင်းပဲ
တောင်းဆုတစ်ခုပြုလိုက်ချင်ပါရဲ့
အသက်လောက် ဘဝနဲ့ထပ်တူ
“ချစ်ခဲ့ရသော ချစ်သူတစ်ယောက်
ထာဝရပျော်ရွှင် ငြိမ်းချမ်းပါစေ ………….”

(2011 တုန်းက Facebook မှာ တင်ထားတဲ့ ကဗျာဟောင်းလေးပါ ... ) 



မိုးညချမ်း
14.10.2011 (11:57 a.m)

Thursday, November 22, 2012

“သင်ခန်းစာ”




*“တောက်”တစ်ချက်ခေါက်သံနဲ့အတူ
အဝေးဆုံးကို ငါထွက်ပြေးသွားချင်တယ်
လူတွေရဲ့ လောဘ၊ ဒေါသ၊ အတ္တနဲ့မာန်မာနတွေကြားမှာ
ငါအသက်ရှူ ရှင်သန်နေရတာ မောပန်းနွမ်းဟိုက်လာတယ် …။

*ရေနစ်သူကို ကူညီပေးမယ်မရှိဘူး
၀ါးကူထိုးဖို့လူတွေကတော့ ဒုနဲ့ဒေး
ခင်ဗျားတို့သိထားတဲ့ ဒီလောကဆိုတာက
နုံအအ ထုံဖျင်းနေတဲ့လူသားတွေနဲ့ချည်း
ရှင်သန်နေတာမဟုတ်ဘူး …။

*“လူသားချင်းစာနာစိတ်”ဆိုတာ
အသိဉာဏ်ရှိတဲ့သူတိုင်း နားလည်တတ်မယ်ထင်ခဲ့တာ
တစ်ကယ့် တစ်ကယ်တော့ အပေါ်ယံအရေခွံခြုံပြီး
ပြုံးနေကြသူတွေအများကြီးဆိုတာ
ကျုပ်သိခဲ့တာ သိပ်မကြာသေးလို့
မှီသလောက်ဉာဏ်နဲ့ ဗဟုသုတလေးများရချင်သမို့
ဖြစ်နိုင်ရင်လေ ထူးဆန်းစရာတွေပြည့်နှက်နေတဲ့
ဒီလောကကြီးနဲ့ လူတွေအကြောင်းသင်ခန်းစာတွေကို
များများပို့ချပေးကြစမ်းပါ …။


မိုးညချမ်း
22.11.2012 (2:05 p.m)

Saturday, November 17, 2012

သူငယ်ချင်းသို့ (၁)



*သူငယ်ချင်း မင်းအားငယ်နေတာလား?
မင်းဘဝထက်ဆိုးတဲ့သူတွေရှိသေးတယ်ဆိုတာ
တွေးကြည့်လိုက်ပါ …။

*သူငယ်ချင်း မင်းငိုနေတာလား?
မင်းကျလိုက်တဲ့ မျက်ရည်တွေဟာ
မင်ခန္ဒာကိုယ်က တန်ဖိုးရှိတဲ့သွေးတစ်စက်ဆိုတာ
မင်းသတိထားလိုက်ပါ …။

*သူငယ်ချင်း မင်းစိတ်ပျက်နေတာလား?
လောကမှာ ဘယ်အရာမှအကောင်းဆုံးတွေချည်း
မဖြစ်လာနိုင်ဘူးဆိုတာ မင်းနားလည်လိုက်ပါ …။

*သူငယ်ချင်း မင်းမျှော်လင့်ချက်တွေ ပျောက်ဆုံးနေတာလား?
မျှော်လင့်ချက်ဆိုတာ အတွေးစိတ်ကူးတစ်ပိုင်းတစ်စမို့
မင်းဘာသာမဖျောက်ပစ်၊ မဖျက်ဆီးသ၍
ဘယ်တော့မှ မပျောက်ပျက်နိုင်တဲ့
မင်းကိုယ်ပိုင် စိတ်ကူးခြင်းတွေလေ …။

*မင်းဝမ်းနည်းအားငယ်ငိုကြွေးနေမယ့်အချိန်တွေကို
အကျိုးရှိစွာ အသုံးချပစ်လိုက်ပါနော် …။
 
 


မိုးညချမ်း
6.7.2012 (11:00 a.m)

Thursday, November 8, 2012

လွန်လေပြီးသောအတိတ်


*ငါတို့နှစ်ယောက်အတူ
ကြယ်တွေကို ရေတွက်ခဲ့ဖူးတယ် …။

*ကန်ရေပြင်စပ်မှာထိုင်ရင်း
လမင်းကြီးကို ငေးကြည့်ခဲ့ဖူးတယ် …။

*တစ်ယောက်ပခုံးပေါ်
တစ်ယောက်မှီလို့
ကြည်နူးစရာတွေပြောခဲ့ဖူးတယ် …။

*ရင်ခွင်ထဲမျက်နှာအပ်လို့
နာကျင်ငိုကြွေးစရာတွေ
ရင်ဖွင့်ခဲ့ဖူးတယ် …။

*တစ်ယောက်လက် တစ်ယောက်တွဲလို့
ခရီးကြမ်းတွေကို ဖြတ်ကျော်ခဲ့ဖူးတယ် …။

*တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လို့
ဘဝအမောတွေ ပြေစေခဲ့ဖူးတယ် …။

*ဒါပေမယ့်လည်း ခုချိန်မှာ
အတိတ်က အရာရာတိုင်းဟာ
အဝေး အဝေး ဟိုးအဝေးမှာ …….။


မိုးညချမ်း
2.10.2012 (1:25 p.m)

တစ်ကယ်တော့ အိပ်မက်ဆိုတာ? အပိုင်း (၁)

  တိုးတိတ်တဲ့ခြေလှမ်း တဖြည်းဖြည်းနဲ့ ဝေးသွားခဲ့တာ နာရီဆိုတာမရှိ … စက္ကန့်ဆိုတာမရှိ သက်မဲ့ချစ်ခြင်းတရားတွေကို ဖမ်းဆုပ်ဖို့ မဝံ့ရဲမှတေ...