Saturday, November 17, 2012

သူငယ်ချင်းသို့ (၁)



*သူငယ်ချင်း မင်းအားငယ်နေတာလား?
မင်းဘဝထက်ဆိုးတဲ့သူတွေရှိသေးတယ်ဆိုတာ
တွေးကြည့်လိုက်ပါ …။

*သူငယ်ချင်း မင်းငိုနေတာလား?
မင်းကျလိုက်တဲ့ မျက်ရည်တွေဟာ
မင်ခန္ဒာကိုယ်က တန်ဖိုးရှိတဲ့သွေးတစ်စက်ဆိုတာ
မင်းသတိထားလိုက်ပါ …။

*သူငယ်ချင်း မင်းစိတ်ပျက်နေတာလား?
လောကမှာ ဘယ်အရာမှအကောင်းဆုံးတွေချည်း
မဖြစ်လာနိုင်ဘူးဆိုတာ မင်းနားလည်လိုက်ပါ …။

*သူငယ်ချင်း မင်းမျှော်လင့်ချက်တွေ ပျောက်ဆုံးနေတာလား?
မျှော်လင့်ချက်ဆိုတာ အတွေးစိတ်ကူးတစ်ပိုင်းတစ်စမို့
မင်းဘာသာမဖျောက်ပစ်၊ မဖျက်ဆီးသ၍
ဘယ်တော့မှ မပျောက်ပျက်နိုင်တဲ့
မင်းကိုယ်ပိုင် စိတ်ကူးခြင်းတွေလေ …။

*မင်းဝမ်းနည်းအားငယ်ငိုကြွေးနေမယ့်အချိန်တွေကို
အကျိုးရှိစွာ အသုံးချပစ်လိုက်ပါနော် …။
 
 


မိုးညချမ်း
6.7.2012 (11:00 a.m)

10 comments:

  1. အကျိုးရှိရှိ အသုံးချဖို့ကျိုးစာနေဆဲ
    ချစ်တဲ့ sis jasmine

    ReplyDelete
  2. စေတနာတွေ ပေါ်လွင်ထင်ရှားနေတဲ့

    ကဗျာကောင်းလေးကို

    မျှဝေခံစားခဲ့ပါတယ် မိုးညရေ.....

    ဆက်လက်ထုဆစ်နိုင်ပါစေဗျာ ။

    ReplyDelete
  3. ကဗျာလေးကောင်းတယ် ညလေးရေ

    ReplyDelete
  4. ကဗျာလေးကို ၀င်ပြီးခံစားသွားပါတယ်နော်....
    ကဗျာကောင်းလေးပဲ..ရိုးရိုးလေးနဲ့ အဓိပ္ပါယ်ပြည့်ဝတယ်...
    မိုးနတ်ကြိုက်တယ်.....

    ReplyDelete
  5. ဟုတ်ကဲ့ ပြောတဲ့အတိုင်း လိုက်နာပါ့မယ်ရှင် ^_^

    ReplyDelete
  6. ကဗျာကောင်းလေး ဖတ်ရှုခံစားသွားပါတယ်ဗျ

    မိုးသူ(တောင်ကြီး)

    ReplyDelete
  7. အားဆေးသောက်သွားတယ် ညလေးရေ။။။

    ReplyDelete
  8. စကားမစပ် ကျုပ်က မျှော်လင့်ချက်စားပီး အသက်ဆက်နေတာဗျ လေထှာာာ ....းP

    ReplyDelete
  9. အတိတ်ရဲ့ အရိပ်ပေါ့ နော် မနေ့ ကလိုပဲ ပြန်တွေးတိုင်း မြင်ယောင်မိသလို ...

    ReplyDelete
  10. သူငယ်ချင်သို့ ကဗျာလေးကို အရမ်းကြိုက်ပါတယ်

    ReplyDelete

တစ်ကယ်တော့ အိပ်မက်ဆိုတာ? အပိုင်း (၁)

  တိုးတိတ်တဲ့ခြေလှမ်း တဖြည်းဖြည်းနဲ့ ဝေးသွားခဲ့တာ နာရီဆိုတာမရှိ … စက္ကန့်ဆိုတာမရှိ သက်မဲ့ချစ်ခြင်းတရားတွေကို ဖမ်းဆုပ်ဖို့ မဝံ့ရဲမှတေ...