Tuesday, November 27, 2012

ချစ်သူ ပျော်ရွှင်ငြိမ်းချမ်းပါစေ




*ခုတစ်လော ညညဆို အိပ်မက်တွေ
ခဏခဏမက်တယ် …
မင်းနဲ့ပတ်သက်တာတွေပေါ့ ….

*ဘယ်တော့မှ မေ့ဖျောက်မရနိုင်တဲ့
မင်းနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ
မင်းနဲ့ပတ်သက်တဲ့ အမှတ်တရတွေဟာ
တစ်နေ့ထက်တစ်နေ့
ငါ့ရင်ထဲမှာ မစဲနိုင်အောင်
အလွမ်းမိုးတွေ ရွာသွန်းနေဆဲပါ …

*မင်းနဲ့ပတ်သက်သမျှဟာ
ငါ့ဘဝတစ်သက်စာလို့
စဉ်းစားစိတ်ကူးယဉ်ထားခဲ့သမျှ
အလွမ်းတွေသာ ကျေနပ်စွာခံယူလို့
အထီးကျန်မှုကိုပွေ့ဖက်လို့
ထိန်းထားတဲ့ မျက်ရည်တွေ
ညတိုင်းကျနေခဲ့တာတွေရော ….

*မင်းဘက်ကတော့ ဥပေက္ခာဆိုတဲ့
အရာတစ်ခုကို လက်ကိုင်ထားလို့
ဘယ်လောက်ပဲ ရက်စက်ခဲ့ပါစေ
အလိုချင်ဆုံးတောင်းဆုတစ်ခုကို
တောင်းလို့ ပြည့်ဝရကြေးဆိုရင်
ငါ့ဘက်က ချက်ချင်းပဲ
တောင်းဆုတစ်ခုပြုလိုက်ချင်ပါရဲ့
အသက်လောက် ဘဝနဲ့ထပ်တူ
“ချစ်ခဲ့ရသော ချစ်သူတစ်ယောက်
ထာဝရပျော်ရွှင် ငြိမ်းချမ်းပါစေ ………….”

(2011 တုန်းက Facebook မှာ တင်ထားတဲ့ ကဗျာဟောင်းလေးပါ ... ) 



မိုးညချမ်း
14.10.2011 (11:57 a.m)

8 comments:

  1. အဆက်ဟောင်းလေး .. အဆက်ဟောင်းလေး ..
    ကဗျာပြောပါတယ် .. ဟီး

    ReplyDelete
  2. ပျော်ချွင်ပါဂျေ...။

    ReplyDelete
  3. အသက်လောက် ဘ၀နဲ့ထပ်တူ
    ထာဝရ လက်တွဲပြီး ပျော်ရွှင်ပါစေမိုးညလေးရေ.....
    ဖတ်မိတဲ့သူလဲ ပျော်နေမှာပါ

    ReplyDelete
  4. မိုးညလေးလဲ ပျော်ရွှင်ပါစေနော်...
    မိုးနတ်ကတော့ အဲဒါကိုပဲ ပိုပြီးဆန္ဒရှိမိတယ်....
    ခံစားရတာတွေများလွန်းလို့ထင်တယ် ....သိလား
    သူများကိုလဲ မခံစားရစေချင်ဘူး...
    ခင်တဲ့...မိုးနတ်

    ReplyDelete
  5. ညီမကဗျာလေးဖတ်ပြီချစ်သူပျော်ရွှင်မှာပါကွယ်

    ReplyDelete
  6. ကဗျာဟောင်းပေးမယ့် ကောင်းနေတဲ့ကဗျာကောင်းလေးပါ

    ReplyDelete
  7. နူးညံ့လှပတဲ့ ကဗျာလေးကို မျှဝေခံစားခဲ့ပါတယ် ညီမလေး ။

    အပြစ်ကင်းတဲ့ ချစ်ခြင်းတွေကိုသာ

    ရရှိပွေ့ဖက်နိုင်ပါစေ ။

    ReplyDelete
  8. တောင်းခဲ့သော ထိုဆုကိုဘဲ ထပ်လောင်းပြုခဲ့ပါတယ်ဗျာ။

    တစ်ခါတစ်ခါတော့ အချစ်က ခါးသလိုပဲနော်
    ဒါပေမယ့်လည်း ကျွန်တော်တို့ မျိုခဲ့ကြတယ်။

    ( မင်းဧရာ )

    ReplyDelete

တစ်ကယ်တော့ အိပ်မက်ဆိုတာ? အပိုင်း (၁)

  တိုးတိတ်တဲ့ခြေလှမ်း တဖြည်းဖြည်းနဲ့ ဝေးသွားခဲ့တာ နာရီဆိုတာမရှိ … စက္ကန့်ဆိုတာမရှိ သက်မဲ့ချစ်ခြင်းတရားတွေကို ဖမ်းဆုပ်ဖို့ မဝံ့ရဲမှတေ...