Thursday, November 22, 2012

“သင်ခန်းစာ”




*“တောက်”တစ်ချက်ခေါက်သံနဲ့အတူ
အဝေးဆုံးကို ငါထွက်ပြေးသွားချင်တယ်
လူတွေရဲ့ လောဘ၊ ဒေါသ၊ အတ္တနဲ့မာန်မာနတွေကြားမှာ
ငါအသက်ရှူ ရှင်သန်နေရတာ မောပန်းနွမ်းဟိုက်လာတယ် …။

*ရေနစ်သူကို ကူညီပေးမယ်မရှိဘူး
၀ါးကူထိုးဖို့လူတွေကတော့ ဒုနဲ့ဒေး
ခင်ဗျားတို့သိထားတဲ့ ဒီလောကဆိုတာက
နုံအအ ထုံဖျင်းနေတဲ့လူသားတွေနဲ့ချည်း
ရှင်သန်နေတာမဟုတ်ဘူး …။

*“လူသားချင်းစာနာစိတ်”ဆိုတာ
အသိဉာဏ်ရှိတဲ့သူတိုင်း နားလည်တတ်မယ်ထင်ခဲ့တာ
တစ်ကယ့် တစ်ကယ်တော့ အပေါ်ယံအရေခွံခြုံပြီး
ပြုံးနေကြသူတွေအများကြီးဆိုတာ
ကျုပ်သိခဲ့တာ သိပ်မကြာသေးလို့
မှီသလောက်ဉာဏ်နဲ့ ဗဟုသုတလေးများရချင်သမို့
ဖြစ်နိုင်ရင်လေ ထူးဆန်းစရာတွေပြည့်နှက်နေတဲ့
ဒီလောကကြီးနဲ့ လူတွေအကြောင်းသင်ခန်းစာတွေကို
များများပို့ချပေးကြစမ်းပါ …။


မိုးညချမ်း
22.11.2012 (2:05 p.m)

7 comments:

  1. ဟုတ် ရေနစ်သူကို ကူညီပေးစေချင်၇င်တော့ အစ်မမိုးညချမ်းမှာ ဂုဏ်ဖြစ်ဖြစ် ငွေဖြစ်ဖြစ် အရှိန်အ၀ါဖြစ်ဖြစ်လိုပါတယ် အဲအခါကျ ကူညီချင်တဲ့သူတွေများလွန်းလို့  အစ်မ ခါတောင်ထုတ်နေရဦးမယ်လေ

    ReplyDelete
  2. လူသားချင်းစာနာစိတ်ဆိုတာကို ခုချိန်ထိရှာနေတာ ဆယ်နှစ်ကျော်ပီ လမ်းစတောင်မတွေ့သေးလို့စိတ်ညစ်နေတာ ...း)))

    ReplyDelete
  3. မိုးညရေ..

    အရေးအသားလေးတွေ ကောင်းထှာ။
    အားပေးသွားတယ် ညီမလေး။

    ReplyDelete
  4. ရနစ်သူကို ကူညီပေးမယ်မရှိဘူး
    ရှင်သန်နေတာမဟုတ်ဘူး …။

    ReplyDelete
  5. လူဆိုတဲ့အမျိုးက များသောအားဖြင့် ဒီလိုပါပဲ... အနည်းနဲ့အများ ပေါ်တင်နဲ့ကျိတ်ပြီး လုပ်တာပဲ ကွာတယ် :)

    ReplyDelete
  6. လောကဓံအပေါ် မချင့်မရဲစိတ်နဲ့

    အတ္တကြီးစိုးနေတဲ့ လောကအပေါ်

    ပေါက်ကွဲထွက်လာတဲ့ ကဗျာလေးကို

    ထဲထဲဝင်ဝင် မျှဝေခံစားခဲ့ပါတယ် မိုးညရေ .....

    ဆက်လက်ထုဆစ်နိုင်ပါစေဗျာ ။

    ReplyDelete
  7. good ပါ..မိုးညရေ...
    ကဗျာလေးကို အရမ်းကြိုက်စ်..
    ချစ်တဲ့..မိုးနတ်

    ReplyDelete

တစ်ကယ်တော့ အိပ်မက်ဆိုတာ? အပိုင်း (၁)

  တိုးတိတ်တဲ့ခြေလှမ်း တဖြည်းဖြည်းနဲ့ ဝေးသွားခဲ့တာ နာရီဆိုတာမရှိ … စက္ကန့်ဆိုတာမရှိ သက်မဲ့ချစ်ခြင်းတရားတွေကို ဖမ်းဆုပ်ဖို့ မဝံ့ရဲမှတေ...