*ငါတို့နှစ်ယောက်အတူ
ကြယ်တွေကို ရေတွက်ခဲ့ဖူးတယ် …။
*ကန်ရေပြင်စပ်မှာထိုင်ရင်း
လမင်းကြီးကို ငေးကြည့်ခဲ့ဖူးတယ် …။
*တစ်ယောက်ပခုံးပေါ်
တစ်ယောက်မှီလို့
ကြည်နူးစရာတွေပြောခဲ့ဖူးတယ် …။
*ရင်ခွင်ထဲမျက်နှာအပ်လို့
နာကျင်ငိုကြွေးစရာတွေ
ရင်ဖွင့်ခဲ့ဖူးတယ် …။
*တစ်ယောက်လက် တစ်ယောက်တွဲလို့
ခရီးကြမ်းတွေကို ဖြတ်ကျော်ခဲ့ဖူးတယ် …။
*တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လို့
ဘဝအမောတွေ ပြေစေခဲ့ဖူးတယ် …။
*ဒါပေမယ့်လည်း ခုချိန်မှာ
အတိတ်က အရာရာတိုင်းဟာ
အဝေး အဝေး ဟိုးအဝေးမှာ …….။
မိုးညချမ်း
2.10.2012 (1:25 p.m)
လွန်လေပြီးသော အတိတ်ကို ပြန်လည်တူးဆွကြည့်တဲ့ပွဲလေးမှာ
ReplyDeleteမိုးနတ်တစ်ယောက်လဲ ပါဝင်ခဲ့ကြောင်းပါ..
နစ်မြောပျော်ဝင် ခံစားသွားကြောင်းပါ မိုးညရေ..
မတွေ့ရတာကြာပေါ့..နေကောင်းတယ်ဟုတ်စ..
ဒီက အမြဲလိုလိုသတိရနေတာပါ..
ခင်မင်နေတဲ့..မိုးနတ်
ခုတော့ အဝေးမှာတဲ့လားကွယ်
ReplyDelete:'(.. တနားပါတယ်.။ နအမ.။
ReplyDeleteကဗျာလေးခံစားအားပေးသွားပါတယ်နော်အမ
ReplyDeleteညလေးကမှကြယ်တွေကို အတူတူရေတွက်ဖူးသေးတယ်။ ဘာပဲဖြစ်ဖြစ်အခုဝေးနေပေမယ့် တချိန်ကအတူရှိခဲ့ဖူးတာလေးကြည်နူးကြည့်လိုက်ပါ။
ReplyDelete*ဒါပေမယ့်လည်း ခုချိန်မှာ
ReplyDeleteအတိတ်က အရာရာတိုင်းဟာ
အဝေး အဝေး ဟိုးအဝေးမှာ …….။
ဟုတ်တယ် အခုတကယ့်ကို ဟိုးအဝေးမှာပါ ဗျာ
ပြန်တွေးတိုင်းတော့ ချိုမြိန်နေတယ် မဟုတ်လား အစ်မရေ
ReplyDeleteနေမကောင်းလို့ အခုမှပဲ လာနိုင်တော့တယ်
နွေလ