Thursday, April 4, 2013

''လွမ်းလွန်းလို့ရေးမိတဲ့ကဗျာ''




* ဒီည ဒီညလေးမှာပဲ
တို့နှစ်ယောက်ရဲ့ နှလုံးသားတွေ
တစ်ထပ်တည်းကျခဲ့တာ …

* အလွမ်းတွေဘောင်ဘင်ခတ်
ဘယ်ဘက်ရင်အုံမှာ တဆစ်ဆစ်နဲ့
အသည်းကွဲခြင်းကို တယုတယထွေးပွေ့ဖို့
ဘယ်သူက နင့်နင့်နဲ့နဲ့ချစ်ဖူးခဲ့လဲ?

* အတူထိုင်နေကြ ခုံပြာတန်း
အတူလျှောက်နေကြမြေနီလမ်းဆိုတာတွေကို
ကဗျာတွေ စာတွေမှာပဲ ဖတ်ဖူးခဲ့တာ …

* တစ်ကယ်တမ်း ငါတစ်ယောက်တည်း
မြေနီလမ်းမှာလျှောက်ရင်း
ခုံပြာတန်းလေးမှာ ထိုင်မိတဲ့အခါ
အလွမ်းသံစဉ်တွေက
ထိန်းမရအောင် ပေါက်ကွဲထွက်ကုန်တယ် …

* နောက်လူရင်မှာ မင်းပျော်လား?
ငါတိုးတိုးလေးညည်းမိတဲ့အခါ
ငါသိခဲ့ရတဲ့သတင်းတစ်ခုက
''မင်းလောက် ကိုယ့်အပေါ် ဘယ်သူမှမကောင်းဘူး''တဲ့လားကွယ် …


မိုးညချမ်း
4.4.2013 (11:50 a.m)

4 comments:

  1. ဒုတိယပ္မိအားပေးလိုက်ပါတယ်..

    ReplyDelete
  2. နောက်ဆုံးတကြောင်းနဲ့တင် တော်တော်လုံလောက်သွားတယ်။ ဒီသတင်းအမှန်ဘဲလား?

    ReplyDelete
  3. ဟင်းးးးးးးးးးးးးးး
    အလွမ်းကဗျာလေးတွေဖတ်လိုက်ရတိုင်း
    သက်ပြင်းချမိတယ်ကွယ်

    ReplyDelete
  4. အလွမ်းတွေဘောင်ဘင်ခတ်

    လှလိုက်တဲ့ကဗျာလေးးးးးးးးးးးးးးးးး

    ReplyDelete

တစ်ကယ်တော့ အိပ်မက်ဆိုတာ? အပိုင်း (၁)

  တိုးတိတ်တဲ့ခြေလှမ်း တဖြည်းဖြည်းနဲ့ ဝေးသွားခဲ့တာ နာရီဆိုတာမရှိ … စက္ကန့်ဆိုတာမရှိ သက်မဲ့ချစ်ခြင်းတရားတွေကို ဖမ်းဆုပ်ဖို့ မဝံ့ရဲမှတေ...