Friday, April 12, 2013

အလင်းရောင်





အားနွဲ့ ပေမယ့် ခွန်အားအပြည့် ရှိတယ်... 
မတောက်ပပေမယ့် အေးချမ်း လင်းမြ စေတယ်... 
ဒီလို သန်မာ လင်းအေး စေမယ့် အလင်းမျိုး 
ဘယ် နှလုံးသား မျိုးမှာ ရှာမလဲ...? 

" အူမတောင့် မှ သီလစောင့် မယ် " တဲ့ 
သူမက... 
ကိုယ်ကိုကိုယ် အရောင်မှိန်စေပြီး 
လိုအပ်နေ သူတွေအတွက်... လင်းတယ်...။ 

အေးချမ်းစိမ်းလန်း စေမယ့် အနာဂါတ်တွေ... 
ပြီးပြည့်စုံအောင် ကုန်ဆုံးစေမယ့် နိဂုံးဘဝတွေ... 
ခိုင်မာအောင် လက်တွဲထားပေးမယ့်...အဖော်အဆွေတွေ(STA) 

မမ.. 
ချစ်ခင်ရပါသော မမ... 
မမရဲ့ စိတ်ဓာတ် အလင်းတွေ 
ကမ္ဘာ တည်သရွှေ့...မြဲစေ...။       ။ 

  

 ၀ိုင်မင်းမဟာ
(မမ မိုးညချမ်းအတွက် အမှတ်တရ)
by Y-min Maha Fof (Notes) on Thursday, April 11, 2013 at 10:36am



(မိုးညအတွက် Facebook က ခင်မင်ရတဲ့ မောင်လေးတစ်ယောက် လက်ဆောင်ရေးပေးတဲ့ကဗျာလေးပါ ... သဘောကျနှစ်သက် ကြည်နူးရလို့ Blog လေးမှာ ပြန်တင်လိုက်တာပါ ... )

5 comments:

  1. လှတဲ့ကဗျာလေးးး.. ဘာတဲ့...

    သူမက...

    ReplyDelete
  2. မိုးညကို ထင်ဟပ်စေတဲ့ ကဗျာလေးပါပဲ။

    ReplyDelete
  3. ကောင်လှပါတဲ့  ကဗျာလေးပါ
    ဆက်လက်ဖန်တီးနိုင်ပါစေနော်
    အားပေးလျှက်ပါ

    ReplyDelete

တစ်ကယ်တော့ အိပ်မက်ဆိုတာ? အပိုင်း (၁)

  တိုးတိတ်တဲ့ခြေလှမ်း တဖြည်းဖြည်းနဲ့ ဝေးသွားခဲ့တာ နာရီဆိုတာမရှိ … စက္ကန့်ဆိုတာမရှိ သက်မဲ့ချစ်ခြင်းတရားတွေကို ဖမ်းဆုပ်ဖို့ မဝံ့ရဲမှတေ...