*ခပ်အေးအေးလေပြေတစ်ချို့
ပြတင်းတံခါးကိုဖြတ်ကျော်လို့
ငါ့ပါးပြင်ကိုတို့ထိလာတယ် …။
*မပီပြင်ဝိုးတဝါးနဲ့ အိပ်ပျက်ညမှာ
ကလောင်ကိုကိုင်ဆွဲ ခပ်နဲ့နဲ့နှလုံးသားနဲ့
ကဗျာတစ်ပုဒ်ထုဆစ်ကြည့်တယ် …။
*သြော် … Sweet December တဲ့လားကွယ်
နှလုံးသားတစ်စုံပေါင်းစပ်လို့
ကဗျာရေးခဲ့ဖူးတဲ့ညတွေ ပျောက်ရှကုန်တော့
တစ်ခြမ်းပဲ့နှလုံးသားနဲ့ ကဗျာတစ်ဝက်တစ်ပျက်ကိုလည်း
ငါထုဆစ်နေရအုံးမှာပါပဲ …။
*လရောင်ခပ်မိုက်မိုက်ကို ငေးကြည့်ရင်း
ကလောင်ကိုကိုင်စွဲ ကော်ဖီခါးခါးတစ်ခွက်ကို
အဖော်ပြုလို့ ကာရံမညီသံစဉ်တစ်ချို့လည်း
စည်းချက်မဲ့စွာ မြူးထူးခုန်ပေါက်နေကြလေရဲ့ …။
*ဇာတ်လမ်းအစက မသေသပ်ခဲ့လေတော့
ဇာတ်သိမ်းမလှခဲ့တာကလည်း
ဘယ်သူ့ကြောင့်ရယ်လို့ ငြိုးမယ်မဖွဲ့ချင်တော့ပါဘူး …။
*အပြစ်ရှိသူရယ်လို့ ခေါင်းစဉ်တပ်ကြကြေးဆိုရင်တော့
ထားသွားတဲ့မင်းမှာလည်း အပြစ်ရှိသလို
ချစ်မိခဲ့တဲ့ငါ့မှာလည်း အပြစ်ရှိပါတယ် ချစ်သူ …။
*တစ်ကယ်လို့များ
ဘယ်လိုပုံစံ ဘယ်လိုအနေအထားတွေနဲ့ပဲဖြစ်ဖြစ်
ငါတို့လမ်းခွဲခြင်းက အမုန်းတွေနဲ့မဟုတ်ခဲ့လေတော့
တစ်ချိန်ချိန်မှာ မင်းနဲ့ပြန်ဆုံခဲ့ကြမယ်ဆိုရင်
ပြုံးပြနှုတ်ဆက်ကြကြေးနော် …။
(Blog ကိုရောက်ဖြစ်နေပေမယ့် အသစ်မတင်ဖြစ်တဲ့အတွက်ရော … ချစ်သော Blogger မောင်နှမတို့ရဲ့ အိမ်တွေဆီ အလည်ရောက်ဖြစ်ပေမယ့် comment ခြေရာလေးတွေ မချန်ဖြစ်ခဲ့တာတွေအားလုံးအတွက် တောင်းပန်ပါရစေနော် …)
မိုးညချမ်း
9.12.2012(11:20 p.m)
ချစ်သူမဟုတ်ပါပဲ မိတ်ဆွေသူငယ်ချင်းများလဲ
ReplyDeleteခွဲခွါပြီးပြန်ဆုံကြမယ်ဆိုရင် ပြုံးပြနှုတ်ဆက်တာအကောင်းဆုံးပဲပေါ့မိုးညလေးရေ
အပေါ်ကရေးထားတဲ့ ထဲက
ကဗျာတစ်ပုဒ်ထုဆစ်ကြည့်တယ် ---- တစ်ခြမ်းပဲ့နှလုံးသားနဲ့ ကဗျာတစ်ဝက်တစ်ပျက်ကိုလည်း
ငါထုဆစ်နေရအုံးမှာပါပဲ----- ကလောင်ကိုကိုင်စွဲ ကော်ဖီခါးခါးတစ်ခွက်ကို
စည်းချက်မဲ့စွာ----အဲတာလေးတွေအရမ်းလှတယ်
တစ်ကယ်လို့များ
ReplyDeleteဘယ်လိုပုံစံ ဘယ်လိုအနေအထားတွေနဲ့ပဲဖြစ်ဖြစ်
ဟုတ်တာပေါ့ ညလေးရယ်... ဘယ်လိုအနေအထားမျိုးဖြစ်ဖြစ် အပြုံးချိုချိုလေးနဲ့ နှုတ်ဆက်ခဲ့ရင် တဖက်သားရဲ့ရင်ထဲမှာ နာကျည်းမှုတွေရှိနေခဲ့တယ်ဆိုရင်တောင်မှ အေးချမ်းနေမှာပါ...:)
ခင်တက်တဲ့
လေပြေ
ReplyDelete*ဇာတ်လမ်းအစက မသေသပ်ခဲ့လေတော့
good မှ good ကဗျာလေးက
ReplyDeleteဇာတ်သိမ်းမလှခဲ့တာကလည်း
*တစ်ကယ်လို့များ
ကြေကွဲစရာပေမဲ့...စိတ်ထဲမတော့
မိုးည ထုဆစ်ထားပုံလေးက ချစ်စရာမို့.....
ဖတ်ရင်းကျေုနပ်ခဲ့ပါတယ်.....:)
ချစ်တဲ့......မိုးနတ်
ReplyDeleteဇာတ်သိမ်းမလှခဲ့တာကလည်း
ညလေးရေ...ဘုအပြစ်မှ ဟုတ်ဘူး...ပြန်ဆုံကြရင်တော့ ပြုံပြနှုတ်ဆက်ကြေးအတိုင်းပေါ့...
ချစ်တဲ့
မကြီးလွမ်း
ဒီကဗျာလေးကိုအရမ်းကြိုက်လို့ကူးယူသွားပါသည်...
ReplyDelete*အပြစ်ရှိသူရယ်လို့ ခေါင်းစဉ်တပ်ကြကြေးဆိုရင်တော့
ReplyDeleteထားသွားတဲ့မင်းမှာလည်း အပြစ်ရှိသလို
ကဗျာကောင်းလေးကို တလေးတစားဖတ်ရှု သွားပါတယ်ဗျ
ကဗျာလေးက ဆွေးဆွေးငေးငေးလေး ရင်ထဲ စီးဝင်စေတယ် ။
ReplyDeleteအတိတ်အချို့တောင် သယ်ယူပေးခဲ့သလိုပါပဲ ။
:):):)
ကဗျာ ချိုချိုလေးအတွက် ကျေးဇူးတင်ပါတယ် မိုးညလေးရေ .....
ဆက်လက်ထုဆစ်နိုင်ပါစေ ။
မိုးည
ReplyDeleteကဗျာလေးအားပေးသွားပါတယ်။
အားပေးလျှက်၊ခင်တဲ.အန်တီလေးမေခင်
နူးညံတဲ့ကဗျာလေးတစ်ပုဒ်ကိုခံစားသွားတယ်နော်
ReplyDeleteပျောက်နေတာကြာပြီနော်
ပေါ်လာတော့လည်း ကဗျာအလန်းတွေနဲ့ပါလား
အလုပ်တွေများလို့ပျောက်နေတာလား မမမိုးညချမ်း
သတိရတယ်နော်
ပျော်ရွှင်နိုင်ပါစေနော်
ခင်တဲ့(အိပ်မက်ကောင်းကင်)
ကျွန်တော့်အတွက်တော့ ပြုံးပြခြင်းဆိုတာက..လက်စွဲတော်လက်နက်တစ်ခုအဖြစ်အမြဲဆောင်ထားပါတယ်၊
ReplyDeleteလူဟာဘယ်လောက်ပဲ..စားစရာမရှိ၊ကုန်းကောက်စရာမရှိအောင် မွဲပြာကျနေပေမယ့်... အပြုံးဆိုတာကတော့ မွဲမသွားပါဘူး။ Ever Smile, Never Die :)