Thursday, September 6, 2012

နောင်တမရကြေး


ချစ်သူ...
ငါက မာနမရှိ
အမှတ်အတေးမရှိ
ချစ်နိုင်ခြင်းတွေ.....ခွင့်လွတ်နိုင်ခြင်းတွေ
ယုယမှုတွေ...ဂရုစိုက်မှုတွေ
သည်းခံနိုင်မှုတွေ
ပေးခဲ့သူပဲ။

အတတ်နိုင်ဆုံး ချစ်ခဲ့ပြီးပြီ
အတတ်နိုင်ဆုံး နားလည်ပေးခဲ့ပြီးပြီ

ကဲ.. ချစ်သူရေ
ရှိနေချိန်မှာ တန်ဖိုးထားမြတ်နို်းစွာနဲ့
နောင်တမရှိအောင် ငါချစ်ခဲ့ပြီးပြီပဲ
ငါ့ကို မလိုလို့ ပစ်သွားတဲ့နင့်ကို
ငါကလဲပြန်ပြောချင်တယ်
နောင်တမရကြေး
မလွမ်းကြကြေးနော်။

(မှတ်ချက်။    ကဗျာတစ်ခါမှမရေးဖူးတဲ့ ကျွန်မရဲ့ချစ်သူငယ်ချင်းလေး Chiemi က 
ကျွန်မအတွက် အမှတ်တရရေးပေးတဲ့ကဗျာလေးပါ ...)


နင့်အတွက်
chiemi
6.9.2012 (12:00 p.m)

6 comments:

  1. တစ်ကယ်ချစ်ပြီးမှ ခွဲကြရရင်အနဲနဲ့အများ လွမ်းနေရမှာပါ

    ReplyDelete
  2.့ မြတ်နိုးသူ(MUFL)September 6, 2012 at 3:43 PM

    အားပေးသွားပါတယ်အမ

    ReplyDelete
  3. တကယ့်ကိုကောင်းတဲ့ ကဗျာပါ ။လက်စွမ်းထက်တယ်

    ReplyDelete
  4. မိုးညအတွက် သယ်ရင်းရေးပေးတဲ့ကဗျာလေးအားပေးသွားတယ်နော်..
    ခင်တဲ့..မိုးနတ်

    ReplyDelete
  5. ညလေးရေ...မလွမ်းကြကြေးနော်။... ဆိုလို့ ပိုလို့တောင် လွမ်းသွားတယ်။
    အားပေးသွားတယ် ညလေးရေ.. ပျော်ရွှင်အောင်နေ ။

    ReplyDelete
  6. ဟုတ်တယ်

    ReplyDelete

တစ်ကယ်တော့ အိပ်မက်ဆိုတာ? အပိုင်း (၁)

  တိုးတိတ်တဲ့ခြေလှမ်း တဖြည်းဖြည်းနဲ့ ဝေးသွားခဲ့တာ နာရီဆိုတာမရှိ … စက္ကန့်ဆိုတာမရှိ သက်မဲ့ချစ်ခြင်းတရားတွေကို ဖမ်းဆုပ်ဖို့ မဝံ့ရဲမှတေ...