Saturday, September 1, 2012

“မလွမ်းကြကြေး”



*ကြွက်ကိုက်သွားတဲ့ ဒိန်ခဲတစ်ခြမ်းပဲ့ကို
ငါဆက်မစားတော့ဘူး ချစ်သူ …။

*ခြစားသွားတဲ့ ငါ့အိပ်မက်တစ်ဝက်တစ်ပျက်ကို
ဆက်မမက်တော့ဘူး ချစ်သူ …။

*လွမ်းတတ်လွန်းတဲ့ ငါ့ရင်ခုန်သံတွေလည်း
လမ်းတစ်ဝက်မှာ ဘရိတ်ပေါက်ပြီး အိပ်ပျော်သွားပြီ
မလွမ်းတတ်တော့ဘူး …။

*ရက်စက်လိုက်တာလို့ နင့်ကိုငါမပြောချင်ပေမယ့်
စာနာမှုကင်းမဲ့တတ်တာတော့ နင့်ကိုယ်နင်သိမှာပါ …။

*အခုအရာရာ ဆောင်းတွင်းအိပ်မက်ဖြစ်သွားပြီနော်
သေချာပြီဆိုရင်တော့ …
မလွမ်းကြေးပေါ့ ….။

(မှတ်ချက်။   ကျွန်မစိတ်ခံစားချက် စိတ်ကူးအပိုင်းအစတစ်ချို့ကို
ချစ်မောင်လေး ကဗျာဆရာအသစ်“တိမ်ညို”လက်ဆောင်ရေးဖွဲ့ပေးထားတဲ့ ကဗျာလေးပါ  … )


တိမ်ညို
22.8.2012 (12:00 P.M)

10 comments:

  1. အားပေးတွာတးယ် ညလေးရေ...

    မလွမ်းကြေးဆိုပေမဲ့ တိတ်တဆိတ် လွမ်းနေဦးမှာပါ

    ReplyDelete
  2. တစ်ယောက်ကအတွေး..တစ်ယောက်ကအရေး..ပေါ့နော်..
    ဟုတ်လား..ဒါလဲကောင်းတာပဲ..ခံစားအာပေးသွားတယ်နော်
    ခင်တဲ့ ..မိုးနတ်

    ReplyDelete
  3. မိုက်တယ်ကွာ

    မလွမ်းကြေးလို့ ပြောလို့မရဘူး အစ်မရေ
    စိတ်ဆိုတာက ထိန်းလို့နိုင်တာ မဟုတ်ဘူး
    လွမ်းချင်ရင် လွမ်းလိုက်ပါ
    ထိန်းချုပ်ရတာ သိပ်ခက်ပါတယ်

    နွေလ

    ReplyDelete
  4. ကဗျာကောင်းလေး ခံစားသွားပါတယ်ဗျ

    ReplyDelete
  5. ကဗျာလေးကို ရေးဖွဲ့ထာတာ အတုယူစရာကောင်းလှပါဘိ . . .
    အပိုဒ်တိုင်းကို ကြိုက်တယ်
    ကဗျာလေးကိုအားပေးသွားတယ်နော်
    ခင်တဲ့(အိမ်မက်ကောင်းကင်)

    ReplyDelete
  6. ဆောင်းတွင်းအိပ်မက်စိတ်ထဲမှတ်ထားသော်လည်းမက်

    ချင်မှမက်တာ မှတ်မထားတဲ့အကြောင်းတစ်ခုခုကိုလည်း

    မက်ချင်မက်တာ ဆိုလိုတာကမက်ချင်တာမက်ပြီးပျောက်

    ပျောက်သွားတာဆိုတော့ ဒီကဗျာရဲ့ မော်ဒန် အလှဟန်ပန်

    စကားလုံးသုံးနှုန်းထားမှုကြွရွခြင်းတွေ ဟာကဗျာရဲ့အလှကိုပေါ်လွင်စေပါတယ်။

    တကယ်အဖြစ်အပျက်ကိုခံစားဖူးလို့အိပ်မက်အဖြစ်

    လုပ်ပြစ်နိုင်တယ်ဆိုရင်--========,

    ReplyDelete
  7. မလွမ်းကြေးဆိုပေမယ့်လဲ လွမ်းနေမိတာပါပဲကွယ်

    ReplyDelete
  8.့ မြတ်နိုးသူ(MUFL)September 5, 2012 at 4:08 PM

    မစားနဲ့တော့အမရောဂါပိုးတွေပါတယ်
    အားပေးသွားပါတယ်နော်

    ReplyDelete
  9. စာရေးကောင်းတဲ့ မောင်နှမပါလား

    ReplyDelete
  10. သတိရမိတယ်

    ReplyDelete

တစ်ကယ်တော့ အိပ်မက်ဆိုတာ? အပိုင်း (၁)

  တိုးတိတ်တဲ့ခြေလှမ်း တဖြည်းဖြည်းနဲ့ ဝေးသွားခဲ့တာ နာရီဆိုတာမရှိ … စက္ကန့်ဆိုတာမရှိ သက်မဲ့ချစ်ခြင်းတရားတွေကို ဖမ်းဆုပ်ဖို့ မဝံ့ရဲမှတေ...