*သူ့ကို ခိုးကြည့်မိလို့
သူမိသွားတဲ့အခိုက်
သူ့ကို ရှက်ပြုံးလေးပြုံးပြရင်း
မျက်နှာလွှဲခဲ့တယ် ...။
*သူနဲ့မျက်လုံးချင်းဆုံတော့
သူ့မျက်ဝန်းနဲ့ အပြုံးအောက်မှာ
အရည်ပျော်ကျခဲ့ရတယ် ...။
*သူ ... ဘယ်ကလည်း
ဘယ်မှာနေလည်း
ဘာတစ်ခုမှ မသိခဲ့ရပေမယ့်
ရင်ခုန်သံ တဒိတ်ဒိတ်နဲ့
အတွေးနက်နက်မှာ
လွင့်မျောသွားခဲ့ဖူးတယ် ...။
*နီးစပ်ခွင့်ရမှာလား?
စိတ်ကူးယဉ်အပိုင်းအစတစ်ချို့နဲ့
ပိုင်ဆိုင်သူရှိနှင့်နေမှာလည်း
စိုးထိတ်ခြောက်လှန့်မိပြန်တော့
ကဗျာတစ်ချို့ပျံ့လွင့်သွားမိပြန်ပြီပေါ့ ...။
*ခပ်ပါးပါးစိတ်အတွေးတစ်ချို့နဲ့
ခပ်များများ မမျှော်လင့်ပါဘူး
ခင်မင်ခွင့်လေးတစ်ခုနဲ့ မင်းအနားမှာ
ခစားခွင့်သာ လိုချင်မက်မောမိသူပါ ...။
မိုးညချမ်း
25.9.2012(5:24 p.m)
ReplyDeleteခပ်များများ မမျှော်လင့်ပါဘူး
ခစားခွင့်သာ လိုချင်မက်မောမိသူပါ -----မိုးညရေ
စာသားလေးတွေနူးညံ့နေတာပဲနော်
မျက်လုံးချင်းဆုံ ရင်တွေခုန်တော့
ReplyDeleteအော် အကြည့်တစ်ချက်က တယ်စွမ်းပါလားးးးးး
မမမိုးညချမ်းပျောက်သွားတာတော်တော်ကြာပြီနော်
ပေါ်လာတော့လည်း ကဗျာကောင်းလေးတွေနဲ့ပါလားးးးးး
ကဗျာကောင်းလေးကိုခံစားသွားပါတယ်
ခင်တဲ့(အိမ်မက်ကောင်းကင်)
သူက ဘယ်သူလဲဟင်..မိုးညရေ....ရိုးရှင်းတဲ့ ကဗျာလေးအားပေးသွားတယ်နော်...
ReplyDeleteခင်မင်နေတဲ့..မိုးနတ်
အကြည့် .......သီချင်းလေးတောင်သတိယသွားတယ် ကဗျာလေးကောင်းတယ် ညီမရေ
ReplyDeleteခပ်ပါးပါးစိတ်အတွေးတစ်ချို့နဲ့
ReplyDeleteခပ်များများ မမျှော်လင့်ပါဘူး
ထပ်တူခံစားသွားပါတယ်။။
ReplyDelete*နီးစပ်ခွင့်ရမှာလား?
ကဗျာချိုချိုလေးကိုခံစားသွားပါတယ် ခင်ဗျာ
အကြည့်တစ်ချက်ငါ့ရင်ခုန်သွားတယ်ပေါ့ညလေးရေ ဟုတ်စ
ReplyDelete*သူ ... ဘယ်ကလည်း
ReplyDeleteဘယ်မှာနေလည်း
အတွေးနက်နက်မှာ
အမမိုးညချမ်းေ၇
ကဗျာကောင်းလေးခံစားသွားပါတယ်
အယ် အယ် အယ်.. ဟတ် ဟတ် ဟတ်
ReplyDeleteမိုက်တယ် ဆယ်ကျော်သက်ဘ၀ကို သတိရသွားတယ် :P :P
မိုးညလေး
ReplyDeleteအကြည်...ကဗျာကောင်လေးတစ်တပုဒ်
အားပေးသွားပါတယ်။ခင်တဲ.အန်တီလေးမေခင်
အို..
ReplyDeleteအကြည့်လေးက
လှလှပပလေးနဲ့
နူးညံ့လိုက်တာ...
မိန်းကလေးအကြည့်မို့ထင်ပါရဲ့..း)
ချစ်ခြင်းအားဖြင့်
မိစံ