Monday, September 10, 2012

စာချစ်သူရဲ့ကဗျာလေးတစ်ပုဒ်



ခုတစ်လော ကျွန်မလည်း ရုံးအလုပ်တွေရော၊ ကျွန်မတို့ပရဟိတအဖွဲ့အလှူတွေရော ရှုပ်နေလို့ မအားတာနဲ့ အသစ်တွေမရေးဖြစ်ဘူး။ ဆိုဒ်လေးထဲမှာလည်း ပိုစ့်လေးတွေကို Update က ဖြစ်ချင်ပြန်ရော။ ကျွန်မရဲ့စာချစ်သူတွေကိုလည်း အားနာပါရဲ့။ သူတို့က ဘယ်လိုဇာတ်လမ်း မျိုးလေးတွေ ရေးပေးပါလို့ တောင်းဆိုထားကြတာလေးတွေရှိပေမယ့် မအားလို့မရေးဖြစ်တာရော၊ ရေးလက်စကို လက်စမသတ်ဖြစ်တာတွေရောနဲ့ ဖြစ်နေရလို့ အားနာစွာနဲ့ပဲတောင်းပန်မိပါတယ်။ ချစ်မိတ်ဆွေ blogger တွေဆီလည်း အလည်မရောက်ဖြစ်တာ ကြာပေါ့။

တစ်ညမှာတော့ ကျွန်မဝတ္ထုလေးတစ်ပုဒ်ရေးရင်းနဲ့ ဇာတ်လမ်း ဆက်စဉ်းစားလို့မရတော့တာက တစ်ကြောင်း၊ အိပ်လို့မရတာကတစ်ကြောင်းနဲ့ online ဖွင့်ပြီး facebook သုံးနေတုန်း ကျွန်မရဲ့စာချစ်သူ မောင်ငယ်လေးတစ်ယောက်နဲ့ စကားစမြည်ပြောရင်း ခင်မင်ရင်းနှီးခဲ့ကြပါတယ်။ စာရေးဆရာအရမ်းဖြစ်ချင် နေတဲ့ သူ့ဆီကအဖိုးမဖြတ်နိုင်သော သူကိုယ်တိုင်ရေးပေးတဲ့ကဗျာလေးကို ခင်မင်မှုလက်ဆောင်လေးတစ်ခုအဖြစ် ရရှိခဲ့ပါတယ်။ 

**********************************************************

“ကဗျာ ဟုတ် မဟုတ်တော့ မသိဘူး.......အစ်မကို..လက်ဆောင်ပေးချင်တာနဲ့ ....
စာလေးတစ်ချို့ ရေး...ပေးလိုက်ပါတယ်.....။ အဆင်ပြေတယ်ဆိုရင်တော့......
လိုအပ်သလို.....ယူသုံးပါ......။.အစ်မ.....သူများတွေလိုတော့ တန်ဖိုးကြီးတာတွေ
လက်ဆောင်...မပေးနိုင်လို့...မောင်လေးရဲ့ .စာ...စကား လက်ဆောင်လေးတွေက.....
အစ်မ အတွက်...အမှတ်တရ...ဖြစ်ပါစေ.................။

.....................................'' ည၏  ကဗျာ " ........................................
                                    ~~~~~~~~~~~~

......#......မနေ့ကထိ.......ည  ဟာ .......
ကျွန်တော်နဲ့     မသိသူလို...........
ကျွန်တော့် အတွက်  အမှတ်တမဲ့ ပါ...........။
      ဒီ ည ....ကျွန်တော့် အတွက်.......
အမှတ် တရ ကဗျာ .........
   ချစ်သူ ပျောက် ကို  လိုက်ရှာရင်း ..........
လင်းလက်ကြယ်တွေ ရေ နေ တုန်း ......
ဗြုန်း  ကနဲ ဆို.....တိုက် တိုက်ဆိုင်ဆိုင်......
ဒီ ည .....ဟုတ်တယ်.....ဒီ ည မှာ.........
မိုးမင်းကြီးက .....အငြိုးရှိရှိ.....
ရွာလိုက်တာထင်တယ်..........
      ချမ်း  စိမ့် နေတဲ့  ထိ အောင်.............။
#..........ကျွန်တော်နဲ့ ...သိသိ....မသိသိ.....
ကျွန်တော့် ကို....ခင်မင်ရင်းနှီးခဲ့တဲ့   ည   အား.......
ထာဝရ ...လေးစားနေမိမှာပါ.........။......ခင်မင်လေးစားမှု့ဖြင့်...
....Ayinluu23@gmail.com...9.9.2012..12:22...am...!”


မိုးညချမ်း
10.9.2012(2:40 p.m)

11 comments:

  1. အလည်လာရင်း ကဗျာ မဟုတ်တဲ့ ကဗျာ ကိုအားပေးသွားတယ်နော် :P

    ReplyDelete
  2. နမိတ်ပုံပါလို့  ကဗျာလို့ သတ်မှတ်တယ်

    သူဆိုလိုချင်တဲ့ အကြောင်းအရာကို

    သွယ်ဝိုက်ရေးနိုင်လို့  ချီးကျူးတယ်လို့ 

    မမိုးညချမ်းက တဆင့်ပြောပေးပါ

    ReplyDelete
  3. ကဗျာလေးပါပဲ ကောင်းလဲကောင်းပါတယ်

    ReplyDelete
  4. စကားလုံး အသုံးနူးညံ့လိုက်တာ ကဗျာဆရာလေးတော်တယ်

    ReplyDelete
  5. ကဗျာကောင်းလေးပါပဲ..ကဗျာလို့သတ်မှတ်လို့ရပါတယ်နော်....မိုးနတ်လဲအားပေးသွားတယ်..
    သူ့ကိုလေ ကဗျာတွေဆက်ရေးခိုင်းပါ မိုးညရေ..ရေးလက်ရှိတယ်..သူ့မှာလေ..
    မိုးညလေး..အလုပ်တွေအတော်ရှုပ်နေလား..အမြဲလိုလိုသတိတရရှိပါတယ်..
    ခင်မင်နေတဲ့..မိုးနတ်

    ReplyDelete
  6. မိုးညရေ ရောက်ခဲ့ရင်ဖတ်စရာများကိုဖတ်ခဲ့ပါကြောင်း

    ReplyDelete
  7. ဟုတ်တယ် ကဗျာလေးက ရှင်းပြီး နူးနူးညံ့ညံ့လေး .. ကောင်းပါတယ်

    ReplyDelete
  8. စာရေးဆရာဖြစ်ချင်တဲ့သူ ဆိုပါလား

    ReplyDelete
  9. သီချင်းလေးနဲ့ ပိုတူတယ်။ကောင်းပါတယ်...

    ReplyDelete
  10. ချစ်သူ ပျောက် ကို လိုက်ရှာရင်း ..........
    ဒီ ည .....ဟုတ်တယ်.....ဒီ ည မှာ.........
    ရွာလိုက်တာထင်တယ်
    အရမ်းမိုက်တယ်အမစပ်ထားတာလေးတွေက
    အားပေးသွားပါတယ်

    ReplyDelete
  11. အသစ်မရှိလို့ အဟောင်းပဲလာကြည့်သွားတယ်

    ReplyDelete

တစ်ကယ်တော့ အိပ်မက်ဆိုတာ? အပိုင်း (၁)

  တိုးတိတ်တဲ့ခြေလှမ်း တဖြည်းဖြည်းနဲ့ ဝေးသွားခဲ့တာ နာရီဆိုတာမရှိ … စက္ကန့်ဆိုတာမရှိ သက်မဲ့ချစ်ခြင်းတရားတွေကို ဖမ်းဆုပ်ဖို့ မဝံ့ရဲမှတေ...