*သူရေးခြစ်ခဲ့တဲ့
အစိမ်းရောင်ပန်းချီကားတစ်ချပ်မှာ
အလွမ်းတွေဖြန့်ကျက်လိုက်တော့
နှလုံးသွေးတွေ ရဲရဲနီကုန်တယ် …
*ငါ့ရဲ့ဘယ်ဘက်ရင်အုံကို
ပြန်ဆန်းစစ်တော့ နှလုံးသားမှာ
ရက်စက်ခြင်းဓါးဒဏ်ရာတွေအပြည့်နဲ့ …
*သူပေးခဲ့တာ ဒဏ်ရာခပ်နက်နက်ဆိုပေမယ့်
ငါ့ကဗျာတွေနဲ့ ငါ့ညတွေဟာ
အလွမ်းတွေနဲ့ပဲ လှပနေသယောင်ယောင် …
*အရောင်စုံစုတ်ချက်တွေနဲ့
သူရေးလက်စ ပန်းချီကားကို
လက်စသတ်အပြီးရေးဆွဲမယ် စိတ်ကူးထားပေမယ့်
သေချာတာတော့ အဖြူရောင်မပါနိုင်တော့ဘူး …
မိုးညချမ်း
22.10.2013 (8:00 p.m)
အဖြူရောင်လေးကို ပြန်လည်၇ှာတွေ့ပါစေ မိုးညရေ
ReplyDeleteကြိုက်တယ်
ReplyDeleteသူပေးခဲ့တာ ဒဏ်ရာခပ်နက်နက်ဆိုပေမယ့်
ReplyDeleteငါ့ကဗျာတွေနဲ့ ငါ့ညတွေဟာ
အလွမ်းတွေနဲ့ပဲ လှပနေသယောင်ယောင်--------အဲဒီစာသားလေးတွေကိုကြိုက်လိုက်တာဟယ်