Monday, April 9, 2012

အေးစက်ခြင်း

*ဟိုအဝေးကိုငေးရင်း ငါပြုံးမိတယ် ချစ်သူ


မင်းနဲ့ ငါ့ရဲ့အမှတ်တရတွေတွေးမိလို့ပေါ့ …။


*ဟိုအဝေးကိုငေးရင်း ငိုမိတယ် ချစ်သူ


မင်းကိုလွမ်းမိလို့ပေါ့ …။


*မင်း ငါ့အနားမှာ ရှိနေခဲ့တုန်းကလည်း


ငါကျေနပ်မှုအတိနဲ့ ပျော်ရွှင်ခဲ့ဘူးတယ် …။


*မင်း ငါ့အနားကနေ ထွက်ခွာသွားတော့လည်း


အမှတ်တရတွေနဲ့ ကြိုးစားပြီး ပျော်ရွှင်အောင်နေတယ်…။


*ဒါပေမယ့်ချစ်သူရယ်


မင်းအနားမှာရှိတဲ့အချိန် နွေးထွေးစွာပျော်ရွှင်ရပေမယ့်


အနားမှာမင်းမရှိတော့ အေးစက်စွာပျော်ရွှင်နေရပါတယ်…။



မိုးညချမ်း

9.4.2012, 2:05 p.m

No comments:

Post a Comment

တစ်ကယ်တော့ အိပ်မက်ဆိုတာ? အပိုင်း (၁)

  တိုးတိတ်တဲ့ခြေလှမ်း တဖြည်းဖြည်းနဲ့ ဝေးသွားခဲ့တာ နာရီဆိုတာမရှိ … စက္ကန့်ဆိုတာမရှိ သက်မဲ့ချစ်ခြင်းတရားတွေကို ဖမ်းဆုပ်ဖို့ မဝံ့ရဲမှတေ...