Saturday, April 21, 2012

လွမ်းလို့

*ဒီနေ့ ငါ ဟာသကားတွေကြည့်ဖြစ်တယ် ချစ်သူ
မင်းကို လွမ်းလို့ပါ …။

*ဒီနေ့ငါသီချင်းတွေနားထောင်ဖြစ်တယ် ချစ်သူ

မင်းကို လွမ်းလို့ပါ …။

*ဒီနေ့ ငါငိုမိတယ် ချစ်သူ

မင်းကို လွမ်းလို့ပါ …။

*ဒီနေ့ ငါအချိန်မှန်အိပ်ဖြစ်တယ် ချစ်သူ

မင်းကို လွမ်းလို့ပါ …။

*ဒီနေ့ ငါအချိန်မှန်စားတယ် ချစ်သူ

မင်းကို လွမ်းလို့ပါ …။

*ပြင်းထန်လွန်းတဲ့ အလွမ်းတွေကို

ဖြေလျော့စေနိုင်ဖို့ ဟာသကားတွေကြည့်

သီချင်းတွေနားထောင်ဖြစ်နေတာ

မင်းကို လွမ်းလွန်းလို့ပါ …။

*ထိန်းထားတဲ့ကြားက

မျက်ရည်တွေ ခဏခဏကျမိနေတာ

မင်းကို လွမ်းလွန်းလို့ပါ …။

*အချိန်မှန်အိပ် အချိန်မှန်စားဖြစ်နေတာ

ငါ့အတွက် စိတ်ပူနေမယ့်

မင်းကို လွမ်းလွန်းလို့ပါ …။

*ဒီနေ့ပေါင်းများစွာကို

ကြိုးစားပြီးဖြတ်သန်းနေရတာ

မင်းကို လွမ်းလွန်းလို့ပါ ချစ်သူရယ် …။

မိုးညချမ်း

21.4.2012 (8း50 a.m)

No comments:

Post a Comment

တစ်ကယ်တော့ အိပ်မက်ဆိုတာ? အပိုင်း (၁)

  တိုးတိတ်တဲ့ခြေလှမ်း တဖြည်းဖြည်းနဲ့ ဝေးသွားခဲ့တာ နာရီဆိုတာမရှိ … စက္ကန့်ဆိုတာမရှိ သက်မဲ့ချစ်ခြင်းတရားတွေကို ဖမ်းဆုပ်ဖို့ မဝံ့ရဲမှတေ...