မမမိုးငွေ့ တဂ်တာကို မပစ်ကရေးပြီး ထပ်တဂ်တော့ မိုးညလည်း ဒီပိုစ့်လေးရေးချင်လာတာနဲ့ တဂ်ပိုစ့်လေး ရေးဖြစ်လိုက်ပြန်ပါပြီ။
ခုတလော
“တွေးနေမိတာက” --
*ခရီးသွားချင်လွန်းလို့ ဘယ်ခရီးကို ဘယ်သူတွေနဲ့သွားရမလည်းဆိုတဲ့အကြောင်းရယ် … သင်္ကြန်ကို ယောပြန်ရမလား? အသိအစ်ကိုတွေနဲ့အတူ သံချပ်အလှပြယာဉ်နဲ့လိုက်ပြီး ယိမ်းကရင်ကောင်းမလားဆိုတဲ့ အကြောင်းလေးရယ် တွေးမိနေတယ် …။
*======================================*
“ကိုယ့်ကိုယ်ကိုပြန်ဆင်ခြင်မိတာက” --
*လူတွေဟာ စေတနာထားတိုင်း မကောင်းဘူးဆိုတာရယ်၊ သူများအပူကိုယ့်အပူ ဖြစ်လွန်းရင် နေမကောင်းဖြစ်ဖြစ်သွားရတာရယ်၊ ကိုယ်ကစေတနာနဲ့ ပြောပေမယ့် အမြင်စောင်းပြီး ကိုယ့်ကိုပစ်ပယ်သွားကြတာမျိုးတွေရယ်ကို ဆင်ခြင်ရမယ် …။
======================================*
“ကျန်းမာရေး” --
*ကောင်းချင်လည်း ကောင်းနေတာပဲ …။ ဖြစ်ပြီဆိုလည်း အိမ်ယာထဲလဲပြီပဲ …။ တစ်နေ့ရွှေ တစ်နေ့ငွေ ဖြစ်နေတယ် …။
======================================*
“ဖတ်ဖြစ်တဲ့စာအုပ်တွေက”--
*ဆရာမဂျူးစာအုပ်တွေကို အကုန်ရှာဝယ်စုဆောင်းပြီး ပြန်ဖတ်နေတယ် …။ ဆရာချစ်ဦးညို ၊ ဆရာဖေမြင့် ၊ ခင်နှင်းယု ၊ Blogger မောင်နှမတွေရဲ့ရသဝတ္ထုတိုစာအုပ်နှစ်အုပ်ကိုလည်း ဒုတိယအကြိမ်အဖြစ် ပြန်ဖတ်နေတယ် …။
======================================*
“ရောက်ဖြစ်နေတာက”--
*အလုပ်နဲ့အိမ် … အိမ်နဲ့ အလုပ်ပါပဲလေ …။
======================================*
“နားထောင်ဖြစ်နေတာက”--
*အေသင်ချိုဆွေရဲ့ “စာ”သီချင်းရယ် … ထွန်းအိန္ဒြာဗိုလ်ရဲ့ “ချစ်ခြင်းကိုမခွဲပါနဲ့”
======================================*
“ရွတ်နေဖြစ်တဲ့ကဗျာက”--
*ငယ်ငယ်တုန်းက ဒိုင်ယာရီ စာအုပ်လေးထဲမှာ မတောက်တခေါက်နဲ့ ကိုယ်တိုင်ရေးကဗျာတွေရော၊ ကြိုက်လို့ကူးထားတဲ့ကဗျာတွေရော ပြန်ဖတ်ပြီး ရွတ်ဆိုပြီး ပြုံးမိနေတယ် …။
======================================*
“ဖြစ်ချင်နေတာက”--
*လူတစ်ယောက်ကို အကောင်းဆုံးကလဲ့စားချေနည်းဖြစ်တဲ့ ခွင့်လွှတ်ခြင်းနဲ့ ကောင်းသော အောင်မြင်ကျော်ကြားသူ တစ်ယောက်ဖြစ်ချင်နေတယ် …။
======================================*
“စားဖြစ်နေတတ်တာက”--
*Ready made ခေါက်ဆွဲတွေတော့ နေ့တိုင်းနီးပါး စားဖြစ်နေတယ် …။ ထမင်းနဲ့ဟင်းကတော့ မစားမဖြစ်ပေါ့လေ …။
======================================*
“သနားနေမိတာက”--
*ကျွန်မကိုယ်တိုင်နဲ့ အနီးပတ်ဝန်းကျင်က လောဘ၊ ဒေါသ၊ မောဟတွေနဲ့ပြည့်နှက်နေတဲ့ လူသားတွေရဲ့ စိတ်ပင်ပန်းမှုတွေကို အလွန်သနားနေမိတယ် …။
======================================*
“လွမ်းနေမိတာက”--
*ကျွန်မ ကဗျာတွေထဲက “မောင်ရင်”လို့ သုံးနှုန်းခေါ်ဝေါ်နေမိသူ တစ်ယောက်ရယ် … ဆုံးသွားတဲ့ ကျွန်မအစ်ကိုအကြီးဆုံးရယ်ကို လွမ်းနေမိပါတယ် …။
======================================*
“မေ့လျော့ပစ်နေရတာက”--
*ကျွန်မစေတနာတွေကို စော်ကားသွားတတ်တဲ့သူတွေကို ဥပေက္ခာပြုခြင်းတွေနဲ့ မေ့လျော့သွားအောင် နေနေရတာ ပင်ပန်းနေတယ် …။
======================================*
“ခါးသက်နေမိတာက”--
*ညဉ့်နက်နက်မှာ အတွေးနက်နက်တွေနဲ့ လွင့်ပျံလာမိတဲ့ အလွမ်းတွေက ကျွန်မအတွက် သိပ်ကိုခါးသက်နေတယ် …။
======================================*
“တမ်းတနေမိတာက”--
*အမည်းစက်တွေ မစွန်းထင်းသေးတဲ့၊ မာနတရားတွေ မဖုံးလွှမ်းသေးတဲ့၊ ခါးသီးခြင်းတွေကို မဖက်တွယ်မိသေးတဲ့ အဖြူရောင်ဘဝလေးကို တမ်းတနေမိတယ် …။
======================================*
“ကြိတ်ပြီးချီးကျူးနေမိတာက”--
*ကျွန်မနာကျင်ချိန်တွေမှာ မမျှော်လင့်သောနေရာက ထွက်ပေါ်လာတတ်ကြတဲ့ ကျွန်မသူငယ်ချင်း မိတ်ဆွေတွေရဲ့ သံယောဇဉ်တွေကိုပါ …။
======================================*
“ကြိတ်ပြီးအထင်သေးနေမိတာက”--
*တစ်ခါတစ်လေ သဘောထားကြီးကြီးနဲ့ အကောင်းမမြင်ပေးတတ်တဲ့ ကိုယ့်စိတ်ကို အထင်သေးနေတယ် …။
======================================*
“ဆန္ဒမရှိတဲ့နေရာ”--
*ကိုယ်မလုပ်ဘဲ မျက်လုံးစိမ်းတွေနဲ့ အကြည့်ခံရတဲ့၊ ကိုယ်မမှားဘဲ စိတ်ကျဉ်းကြပ်နေရတဲ့၊ အမှန်တရားတွေ၊ ကိုယ်ချင်းစာစိတ်တွေပျောက်ကွယ်နေတဲ့ ကြောက်စရာမျက်နှာဖုံးများစွပ်ထားသော သူများရှိရာ ကျွန်မရဲ့ လုပ်ငန်းခွင်ကို ကြောက်နေတယ် …။
======================================*
“ဆန္ဒရှိနေတဲ့ကိစ္စ”--
*အဖြစ်ချင်ဆုံးတစ်ခုကို ဖြစ်အောင် တိတ်တိတ်လေးကြိုးစားနေတယ် …။ တစ်ကယ်ဖြစ်လာတဲ့အခါကျမှ အားလုံးကို တရားဝင်ပြောပြချင်မိနေတယ် …။
======================================*
“မုန်းတီးနေမိတာက”--
*တစ်ခါတစ်လေ စာရေးတဲ့အခါ ရေးချင်တဲ့အကြောင်းအရာကို တွေးမိပေမယ့် ရေးဖို့စကားလုံးတွေရှာမရတဲ့အခါ
ပြန်အစဖော်မရအောင် ရေးမယ့် အကြောင်းအရာ ပျောက်ပျောက်သွားတတ်တဲ့ မှတ်ဉာဏ်ကို မုန်းတယ် …။
======================================*
“ချစ်နေတာက”--
*အင်း!!!!!!! စဉ်းစားစရာပဲ …။
======================================*
“စိတ်ပျက်နေမိတာက”--
*အလုပ်မရှိ အလုပ်ရှာပြီး စကားကို အစကတည်းက ကားအောင်လျှောက်ပြောတတ်ပြီး ပြဿနာကို မီးထွန်းရှာနေတဲ့ ပတ်ဝန်းကျင်ကလူတွေကို သိပ်စိတ်ပျက်နေမိတယ် …။
======================================*
“စွဲလန်းနေမိတာက”--
*ဒီဇင်ဘာလ ချောင်းသာသွားတုန်းက မနက်စောစော နှင်းတွေရဲ့ကြားမှာ ကမ်းစပ်မှာရပ်ပြီး ပင်လယ်ပြာကြီးကို ငေးကြည့်နေမိတဲ့ အချိန်လေးနဲ့ တစ်ချိန်က တစ်ယောက်သောသူရေးပေးဖူးတဲ့ ကဗျာအပိုင်းအစတွေရယ် … ချစ်သော Blogger မောင်နှမတွေရဲ့ Blog အိမ်လေးတွေရယ် …။
======================================*
“လိုအပ်နေတာက”--
*တစ်စုံတစ်ယောက်ဆီက တစ်စုံတစ်ရာကို …။
======================================*
“ရောက်နေတဲ့နေရာက”--
*ကမ္ဘာကြီးတစ်နေရာရာရဲ့ အခန်းကဏ္ဍတစ်ခုခုဆီမှာ ရောက်နေတယ် …။
======================================*
“နက်နက်နဲနဲပြန်စဉ်းစားနေမိတာက”--
*ငါရုတ်တရက်သေသွားခဲ့ရင် ငါ့နောက်ပါမယ့် အရာတွေကို လုပ်ပြီးပြီလား? ငါ့ကြောင့် လူတွေထိခိုက်နစ်နာဖူးလား? ငါဘာကြောင့် စိတ်ဓါတ်ပျော့ညံ့ရတာလဲ?
*======================================*
“Blogger အစ်ကို အစ်မ မောင်ငယ် ညီမငယ်လေးများဆီသို့ တဂ်ပါသည် ...”
မိုးညချမ်း
22.3.2013 (9:45 p.m)
မိုးညေရ
ReplyDeleteညီမလေးရဲ့ ခုတလောကို လာရောက်
ခံစားသွားပါတယ်
ညီမလေးလိုအပ်နေတဲ့
တစုံတယောက်စီကတစုံတရာကိုလည်း
အမြန်ဆုံးရရှိပါစေနော်..
အဲ့လိုတင်္ဂပို့စ်လေးတွေက စာရေးသူရဲ့ ခံယူချက် သဘောထားလေးတွေကို
ReplyDeleteလစ်ဟပြစေတယ် .... ချစ်စရာလေး...မိုးညရေ ... :)
အခုတလောတဂ်ပိုစ့်လေးလာရောက်ဖတ်သွားပါကြောင်း
ReplyDeleteဒီပို့စ်ကို ဖတ်ပြီး အခုတလော ဖြစ်နေတဲ့
ReplyDeleteအစ်မရဲ့စိတ်တစ်ဒေသကို မြင်လိုက်ရတယ်
စိတ်မညစ်ပါနဲ့ အစ်မရေ
ပျော်ရွှင်ပါစေ
ဒီနေ့ ကျွန်တော့် မွေးနေ့
ကျွန်တော့်မွေးနေ့မှာ ဘယ်သူ့ကိုမှ စိတ်မညစ်စေချင်ဘူး
ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ်
P.S ( နာမည်ရေးသွားမနေတော့ဘူး
ဒီနေ့ ဘာနေ့လဲဆိုတာ သိရင် ကျွန်တော် ဘယ်သူလဲဆိုတာ
မကြီး သိလောက်မယ် ထင်ပါတယ် :P )
မိုးညလေးရေ .. ခံစားချက်လေးတွေ ဖတ်ရှု့သွားပါကြောင်း ....
ReplyDeleteခုလိုတဂ်ပို့စ်လေးကို စိတ်ပါဝင်စားစွာ ရေးပေးတာ ကျေးဇူးပါ ညီမ
ReplyDeleteမိုးညလေးရဲ.ခုတစ်လောတဂ်ပို.စ်လေးကို
ReplyDeleteအားပေးဖတ်ရှု.သွားပါတယ်။
မိုးညလေးပျော်ရွှင်ချမ်းမြေ.ပါစေ။
ခင်တဲ.အန်တီလေးမေခင်
ညလေးရေ... မမရောက်ခဲ့တယ်နော် တဂ်ပိုစ်လေးထဲက ညလေးရဲ့ခံစားချက်လေးတွေကို စိတ်ဝင်တစားခံစားအားပေးသွားတယ်...စိတ်ရဲ့ဆန္ဒတွေပြည့်ဝပြီး ကျန်းမာပျော်ရွှင်ပါစေနော်... “ဘာမှမတည်မြဲတဲ့ လောကကြီးမှာ ကောင်း၏ ဆိုး၏ဆိုတာ တဒင်္ဂသာဖြစ်ပါတယ်တဲ့”
ReplyDeleteချစ်တဲ့
လေပြေ
ဘယ်သူမှ မရေးခင်က ကျွန်တော်က ခုတစ်လော ၁ ဆိုပြီး ရေးထားတယ်. သိပ်မကြာသေးဘူး..ခုတောင်ပြန်ရေးရမလားပဲ..။
ReplyDeleteတဂ်ပို့စ်လေးကိုတစ်နေ့ထဲက ဖတ်ပြီးသားမိုးညရေ ဘယ်လိုဖြစ်ပြီး ကွန်မန့်မချန်သွားပါလိမ့် :P
ReplyDeleteတီတင့်အသက် ၁၆နှစ်မဟုတ်တော့တာမို့ ခွင့်လွှတ်နားလည်ပေးတယ်ဟုတ်?
မိုးညရဲ့ စွဲလန်းမှုလေးအတိုင်း ဘလော့ဂါအားလုံး တစ်ထပ်တည်းကျမယ်ထင်ပါတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
မမမိုးညရေ..တဂ်ပို့စ်လေးလာဖတ်သွားတယ်နော်။
ReplyDeleteအသူနဲ့တူတယ်..ရုံးနဲ့အိမ်ပဲသွားနေရတယ်..ဗြဲ...:'(
Areal Thu