Sunday, July 7, 2013

ဒီညအတွက်စတေးပစ်ခဲ့တဲ့နှလုံးသား



*ဗြုန်းဆိုထွက်ကျလာတဲ့ အတွေးတစ်စက
ယိုင်နဲ့နဲ့ နှလုံးသားတစ်ခုလုံးကို
ဆွဲထုတ်သွားတယ် …။

*မလွမ်းဘူး မလွမ်းဘူးလို့ အားတင်းထားတဲ့
ရင်ဘတ်ကြီးထဲ အလွမ်းမိုးတွေ
မဆံ့မပြဲတောင် သွန်းဖြိုးလိုက်မိပေါ့ …။

*ဆိုင်းမဆင့် ဗုံမဆင့်ရောက်လာခဲ့တဲ့
အလွမ်းတွေအတွက် မျက်ရည်တွေစတေးလိုက်ရတာ
အသက်ရှုသံတွေတောင် ပျောက်ရှသွားခဲ့ရဲ့ …။

*နှလုံးသားတစ်ခုလုံးရင်းပြီး
ကဗျာတစ်ပုဒ်ထွက်ကျလာတော့
အပိုင်းအစလေးတွေမှာ သွေးချင်းတွေ ရဲရဲနီလို့ …။

*ငါငိုဖို့ကျခဲ့တဲ့မျက်ရည်တွေ
ငါလွမ်းဖို့ရင်းနှီးရတဲ့ နှလုံးသားတွေ
တစ်စစီလိုက်ကောက်ဖို့ အချိန်မလုံလောက်ခဲ့ဘူး …။



မိုးညချမ်း
7.7.2013 (9:46 p.m)

7 comments:

  1. ကဗျာလေးကို ဖတ်ရှုအားပေးသွားပါတယ် :D

    ReplyDelete
  2. လိမ်ညာသူတယောက်ကြောင့်
    လရိပ်ကတော့
    ကဗျာတောင်
    ထွက်မကျလာနိုင်တော့ဘူး။

    ရင်ထဲမှာ ဆို့သွားတာလေ :(

    ReplyDelete
  3. ကဗျာလေး အားပေးသွားတယ် မိုးည ရေ

    ReplyDelete
  4. ဒီတစ်ခါ ရောက်ခဲ့ပြီ.. မိုးညရေ.. ကဗျာလေးတွေတောင် ပိုပြီး လှပလာပေါ့..

    ReplyDelete
  5. စကားလုံးလေးတွေ သုံးသွားတာ
    သိပ့်သိပ့်သည်းသည်းရှိလှတယ် ။

    ကဗျာကောင်း တစ်ပိုဒ်ကို ဖတ်ခွင့်ရလို့ ကျေးဇူးပါ ။

    ReplyDelete
  6. သိပ်ကောင်းတဲ့ ကဗျာလေး
    ဆူးဆူးနစ်နစ်ကို ခံစားလိုက်ရတယ် ။

    ReplyDelete

တစ်ကယ်တော့ အိပ်မက်ဆိုတာ? အပိုင်း (၁)

  တိုးတိတ်တဲ့ခြေလှမ်း တဖြည်းဖြည်းနဲ့ ဝေးသွားခဲ့တာ နာရီဆိုတာမရှိ … စက္ကန့်ဆိုတာမရှိ သက်မဲ့ချစ်ခြင်းတရားတွေကို ဖမ်းဆုပ်ဖို့ မဝံ့ရဲမှတေ...