Sunday, July 21, 2013

"Sorry နော်"

*တစ်ခုသော ပြာလဲ့လဲ့ကောင်းကင်ရဲ့
နေရောင်ခြည်အောက်မှာ
နှလုံးသားလေးတစ်ခု လမ်းလျှောက်ထွက်ခဲ့တယ် ...

*မမျှော်လင့်ပါဘူး တစ်နေရာအရောက်မှာ
နှလုံးသားလေးတစ်ခုနဲ့ ဝင်တိုက်မိခဲ့တယ် ...

*ဝင်တိုက်မိတဲ့နှလုံးသားလေးက
“sorry”နော်လို့ ပြောသွားခဲ့ပေမယ့်

*အတိုက်ခံရတဲ့နှလုံးသားလေး
ဘယ်လောက်နာကျင်နေခဲ့ရတယ်ဆိုတာ
တစ်စုံတစ်ရာသော နှလုံးသားလေး မသိခဲ့ပါဘူး ...။

မိုးညချမ်း
၂၀၀၀ ခုနှစ်၊ ဇွန်လ


(ကဗျာလို့ပဲ သတ်မှတ်ရမလား မသိတဲ့ မိုးည ရှစ်တန်းနှစ်က ပထမဦးဆုံးရေးခဲ့တဲ့ ကဗျာလေးပါ ... ပိတ်ရက်မှာ အမှတ်တရစာအုပ်လေးတွေ ပြန်လှန်ဖတ်ရင်းနဲ့ တွေ့မိလို့ပါ ...)

6 comments:

  1. အော် ၈ တန်းကတည်းက နှလုံးသားက အလည်ထွက်ခဲ့တာကိုး။
    အဲဒီချိန်က တိုက်ခဲ့မိတာ ခုထိ Sorry လေးကိုအမှတ်ရနေသေးတယ်ပေါ့.
    ညလေးရေ မကြီးလည်းခုမှ ပြန်လည်ရောက်ခဲ့တယ်။


    ချစ်တဲ့
    မကြီးလွမ်း

    ReplyDelete
  2. နှလုံးသား ခံစားချက်ကိုလူတိုင်းနားလည်နိုင်ပါစေ ။

    ReplyDelete
  3. ငယ်ဘဝရဲ့ စာတိုပေစလေးတွေ အခုလို ပြန်တွေ့ရင် ဘာပဲပြောပြော အဲဒီအချိန်မှာ ဖြစ်ခဲ့တဲ့၊ ရခဲ့တဲ့ အငွေ့အသက်ကို အနည်းနဲ့အများတော့ ပြန်ရတတ်တယ်နော်..၊ အဲဒါလေး တစ်ခုတည်းနဲ့တင် စာဟောင်းလေးတွေ ပြန်ဖတ်ရတာ တန်နေပြီ။း)

    ReplyDelete
  4. ခု ဒီ sorry နှလုံးသားလေး ဘယ်ရောက်နေလဲ ။

    ReplyDelete
  5. ခလုတ်တိုက်တဲ့သူကို တရားစွဲဖို့  ရုံးတော်ကနေ ဆင့်ခေါ်ကြည့်ပါလား
    ...:P စတာနော်

    ReplyDelete
  6. အခုလိုဝင်တိုက်ပြီး
    sorry လုပ်သွားတဲ့ ကိစ္စ ကို
    လွှတ်တော် တင်ဆုံးဖြတ်ခိုင်းရမယ်..
    just a joke ..နော် မိုးည :)

    ReplyDelete

တစ်ကယ်တော့ အိပ်မက်ဆိုတာ? အပိုင်း (၁)

  တိုးတိတ်တဲ့ခြေလှမ်း တဖြည်းဖြည်းနဲ့ ဝေးသွားခဲ့တာ နာရီဆိုတာမရှိ … စက္ကန့်ဆိုတာမရှိ သက်မဲ့ချစ်ခြင်းတရားတွေကို ဖမ်းဆုပ်ဖို့ မဝံ့ရဲမှတေ...