Monday, September 22, 2014

အဖြူသပ်​သပ်​​ပေးဆပ်​ချင်​သူ



*ခပ်မှိန်မှိန် တိမ်စိုင်တစ်ချို့ကို
ဆွဲဖယ်ကြည့်လိုက်တော့
တို့နှစ်ယောက်ကြားမှာ ကာဆီးနေတာ
အဖြူရောင်စည်းတစ်ခု …

*နှလုံးသားချင်း ထပ်တူကျ
ရင်ခုန်သံတွေ တူညီနေတာတောင်
ဖွင့်ဟဝန်ခံဖို့ အတ္တတစ်ချို့က
ဝေဝါးဝါးအရိပ်တစ်ခု …

*ဆူးခင်းလမ်းမှာ 
အတူလက်တွဲလျှောက်ဖို့
ဆန္ဒတစ်ခုသာရှိပေမယ့်
မခေါ်ရက်သူငါ့အတွက်တော့
စိတ်ကူးယဉ်တစ်ချို့ကိုသာ
ကိုင်ဆုပ်ထားနိုင်သူ …

*ငါ့ဘဝထဲကို ခေါ်ဆောင်ဖို့
အားအင်မရှိပေမယ့်
''သွားပါ''လို့လည်း နှင်မထုတ်ရက်သူ …

*မင်းနဲ့ပတ်သက်လာရင်
''သိက္ခာ''ဆိုတာ ခပ်ဝေးဝေးနေရာမှာ
စွန့်ပစ်ထားခဲ့ပြီး ''မာန''ဆိုတာကို
ထုပ်ပိုးသိမ်းဆည်းထားပြီးသူမို့
အဖြူရောင်စည်းရဲ့ တစ်ဖက်ခြမ်းမှာ
မင်းလိုအင်တွေကို 
ထာဝရပေးဆပ်ချင်သူပါ …

စာချစ်​သူများကိုအစဉ်​​လေးစားစွာဖြင်​့
မိုးညချမ်း
19.11.2013 (2:44 p.m)

2 comments:

  1. ခံစားချက် ကဗျာကောင်းလေးတစ်ပုဒ် အားပေးသွားတယ် မိုးညရေ...
    မင်းအတွက်ဆိုရင်....သိက္ခာကို ခ၀ါချ... မာနကို လစ်လျူရှုပြီး အရာရာပေးဆပ်ချင်သူလေး...... ♥♥♥

    ReplyDelete
  2. စိတ်ကူးတွေ ဆန္ဒတွေ ပြည့်ဝပါစေကွယ်..

    ReplyDelete

တစ်ကယ်တော့ အိပ်မက်ဆိုတာ? အပိုင်း (၁)

  တိုးတိတ်တဲ့ခြေလှမ်း တဖြည်းဖြည်းနဲ့ ဝေးသွားခဲ့တာ နာရီဆိုတာမရှိ … စက္ကန့်ဆိုတာမရှိ သက်မဲ့ချစ်ခြင်းတရားတွေကို ဖမ်းဆုပ်ဖို့ မဝံ့ရဲမှတေ...