Tuesday, September 9, 2014

လူတွေမသိတဲ့ ကျွန်မအကြောင်း



*ကျွန်မ ဘာကြောင့် မာနတွေ ခဝါမချပါလိမ့်?
ကျွန်မရဲ့ သိမ်ငယ်မှုတွေ လူသိမှာစိုးလို့ပါ …

*ကျွန်မ ဘာကြောင့် လိုအပ်တာထက် ပိုပျော်နေတတ်ပါလိမ့်?
ကျွန်မရဲ့ အထီးကျန်မှုတွေ လူသိမှာစိုးလို့ပါ …

*ကျွန်မ ဘာကြောင့် လိုအပ်တာထက် ပိုရင့်ကျက်သယောင်ဖြစ်နေပါလိမ့်?
ကျွန်မရဲ့ ဝမ်းနည်းနာကျင်မှုတွေနဲ့ ကြီးပြင်းခဲ့ရတာကို လူတွေသိမှာစိုးလို့ပါ …

*ကျွန်မ ဘာကြောင့် လိုအပ်တာထက် ပိုပြီးခွန်အားစိုက်ထုတ် ကြိုးစားနေမိပါလိမ့်?
တစ်နေ့နေ့ လူတွေရှေ့မှာ မော်ကြွားနိုင်ဖို့ပါ …

*ကျွန်မ ဘာကြောင့် တစ်ယောက်တည်းကြိတ်မှိတ် ခံစားနေပါလိမ့်?
ကျွန်မရဲ့ အားနည်းချက်တွေ လူတွေသိမှာစိုးလို့ပါ …

*ကျွန်မ ဘာကြောင့် လူတွေကို အကောင်းမြင်နားလည်ပေးတတ်နေပါလိမ့်?
မေတ္တာတရားဆိုတဲ့အရာကို အခြားသူတွေထက် ကျွန်မကောင်းကောင်းနားလည်နေလို့ပါ …

*ကျွန်မ ဘာကြောင့် လူတွေနဲ့ပတ်သက်လို့ စိုးရိမ်စိတ်ကြီးမားနေပါလိမ့်?
ခံရတာများလွန်းခဲ့တဲ့အတွက် ကြောက်စိတ်တွေဝင်လာခဲ့မိလို့ပါ …

စာချစ်သူများကို အစဉ်လေးစားစွာဖြင့်
မိုးညချမ်း
9.9.2014 (2:29 p.m)

8 comments:

  1. လူတွေမသိတဲ့ ကျမအကြောင်းလေး သိတဲ့သူတော့ ရှိမှာပေါ့နော် ... :P
    ဘလော့လေးတွေ ပြန်ဝေဆာလာလို့ ၀မ်းသာတယ် မိုးညရေ... ♥♥♥

    ReplyDelete
  2. ဒီလိုဘ၀တူတွေရှိနေပါသေးတယ် မိုးညလေးရေ

    ReplyDelete
  3. ဘာပဲဖြစ်ဖြစ် ရေးဖြစ်တင်ဖြစ်သွားတာကိုပဲ ကျေးဇူးပါ ညီမလေး...။

    ReplyDelete
  4. မိုးည ကျေးဇူးပါ နောက်တစ်ခါလည်း တဂ်ပရစေနော်.. :P
    စိတ်ရဲ့ ထွက်ပေါက်အဖြစ်နဲ့ ခံစားသမျှကို စာအဖြစ် ချရေးတာလည်း .. ကိုယ့်အတွက်ရော ဖတ်မိသူ အတွက်ပါ အကျိုး ရှိစေပါတယ်..
    ဘာပဲဖြစ်ဖြစ် ဖိုက်တင်း... We are together.. :)

    ReplyDelete
  5. ရေးပါညီမလေး ..စာပြန်ရေးပါ ..စာပေဆိုတာ မိတ်ဆွေတဦးပါဘဲ...

    ReplyDelete
  6. ဘာကြောင့် တစ်ယောက်တည်းကြိတ်မှိတ် ခံစားနေပါလိမ့်?
    ကျွန်မရဲ့ အားနည်းချက်တွေ လူတွေသိမှာစိုးလို့ပါ .....................တူတူပါပဲမိုးညလေးရေ
    စာတွေအမြဲပြန်ရေးပါလို့

    ReplyDelete
  7. ကိုယ်ပိုင်ခံစားချက်တစ်ခုကို ကဗျာတစ်ပုဒ်အဖြစ် ဖော်ကြူးသွားတာ အရမ်းကိုကောင်းပါတယ် ...
    နောက်လဲ ရေးပါအုံးနော် ...
    အားပေးနေပါတယ် ... ^_^
    သော်ဇင်(Rocky Parker)

    ReplyDelete
  8. ဆွေလေးမွန်September 10, 2014 at 11:52 AM

    ကဗျာလေးမှာပါတဲ့ အတွေးလေးတွေတူတယ်..

    ReplyDelete

တစ်ကယ်တော့ အိပ်မက်ဆိုတာ? အပိုင်း (၁)

  တိုးတိတ်တဲ့ခြေလှမ်း တဖြည်းဖြည်းနဲ့ ဝေးသွားခဲ့တာ နာရီဆိုတာမရှိ … စက္ကန့်ဆိုတာမရှိ သက်မဲ့ချစ်ခြင်းတရားတွေကို ဖမ်းဆုပ်ဖို့ မဝံ့ရဲမှတေ...