Thursday, June 7, 2012

ဝေးသွားပြီ


*မဆုံနိုင်တော့တဲ့ ဖူးစားကိုဖက်တွယ်ရင်း
ငါမင်းကို စောင့်မျှော်နေဆဲပါ …
*အသိစိတ်က မချစ်တော့ဘူး
ဒါပေမယ့် မသိစိတ်ကတော့ ချစ်နေတုန်းပဲ …
*အသိစိတ်က မလွမ်းတော့ဘူး
ဒါပေမယ့် မသိစိတ်ကတော့ လွမ်းနေတုန်းပဲ …
*သိစိတ်ကတော့ မမျှော်တော့ပါဘူး
ဒါပေမယ့် မသိစိတ်ကတော့ စောင့်မျှော်နေဆဲပဲ …
*ဝေးသွားပြီတဲ့လား
ငါကြိုတင်မျှော်လင့်ထားခဲ့သောအရာ မဟုတ်ခဲ့တော့
သိစိတ်က လက်ခံနိုင်ဖို့ကြိုးစားရအုံးမှာပေါ့ …
*မင်းဘက်က အကြောင်းပြချက်မရှိ
ဝေးသွားဖို့အင်အားတွေရှိပေမယ့်
ငါ့နှလုံးသားကတော့ မင်းနဲ့ဝေးကွာခြင်းအတွက်
ခံနိုင်ရည်ရှိလောက်မယ် မထင်လေနဲ့ …
*ဆုံစည်းခွင့်တဲ့လား
တစ်ခြားသူတွေဆုတောင်းသလို
ငါဆုတောင်းခဲ့ဖူးတာပေါ့ …
ဒါပေမယ့် ခုချိန်မှာတော့ မင်းနဲ့ငါ ဝေးသွားပြီ …
မိုးညချမ်း
7.6.2012 (12:58 p.m)

2 comments:

  1. မဆုံနိုင်တော့တဲ့ ဖူးစားကိုဖက်တွယ်ရင်း ----နဲ့ပေါ့
    ဒီကဗျာလေးဖတ်မိတယ်

    ReplyDelete
  2. တကယ်ပဲ ဝေးသွားပြီလားမိုးညရေ
    ဖူးစာ
    မိုးညရဲ့ ကွန်မက်လေးက မေလ်းထဲဝင်သွားလို့ကူးပြီး
    ပြန်တင်ထားပေးတယ်နော်
    jas

    ReplyDelete

တစ်ကယ်တော့ အိပ်မက်ဆိုတာ? အပိုင်း (၁)

  တိုးတိတ်တဲ့ခြေလှမ်း တဖြည်းဖြည်းနဲ့ ဝေးသွားခဲ့တာ နာရီဆိုတာမရှိ … စက္ကန့်ဆိုတာမရှိ သက်မဲ့ချစ်ခြင်းတရားတွေကို ဖမ်းဆုပ်ဖို့ မဝံ့ရဲမှတေ...