Monday, June 11, 2012

တစ်နေ့နေ့



*ငါမင်းကို ချောလို့ချစ်ခဲ့တာမဟုတ်ပါဘူး
ချစ်လို့ချောခဲ့တာပါ …
*ငါမင်းကို အထင်ကြီးလို့ချစ်ခဲ့တာ မဟုတ်ပါဘူး
ချစ်လို့အထင်ကြီးခဲ့တာပါ …
*ငါမင်းကို အားကိုးချင်လို့ ချစ်ခဲ့တာမဟုတ်ပါဘူး
ချစ်လို့ အားကိုးချင်ခဲ့တာပါ …
*ငါမင်းကို လက်ထပ်ချင်လို့ချစ်ခဲ့တာ မဟုတ်ပါဘူး
ချစ်လို့လက်ထပ်ချင်ခဲ့တာပါ …
*ငါမင်းကို ရယူခြင်းမျိုးတွေနဲ့ ချစ်ခဲ့တာမဟုတ်ပါဘူး
ပေးဆပ်ခြင်းတွေနဲ့သာ ချစ်ခဲ့တာပါ …
*မင်းကို မျှော်လင့်ခြင်းတွေနဲ့ ချစ်ခဲ့တာမဟုတ်ပါဘူး
ချစ်လွန်းလို့ မျှော်လင့်မိသွားတာပါ …
*မင်းကိုငါ မချစ်လို့စွန့်လွှတ်ခဲ့တာ မဟုတ်ပါဘူး
မင်းနာကျင်မှာစိုးလို့ ငါရင်နာစွာနဲ့ စွန့်လွှတ်ခဲ့ရတာပါ …
*မင်းကိုငါ မချစ်တော့တာမဟုတ်ပါဘူး
ငါ့အချစ်တွေက မင်းအတွက်အနှောက်အယှက်ဖြစ်မှာစိုးလို့
မချစ်ချင်ယောင်ဆောင်လိုက်ရတာပါ …
*အချိန်တွေ၊ နာရီတွေ၊ နေ့ရက်တွေသာ
ပြောင်းချင်ပြောင်းသွားလိမ့်မယ်
ငါ့အချစ်၊ ငါ့ရင်ခွင်၊ ငါ့နှလုံးသားတွေဟာ
မင်းအတွက်ပဲနော် …
*မင်းမှာနာကျင်စရာတွေများလာတဲ့တစ်နေ့
ငါ့ရင်ခွင်မှာ နားခိုရင်း
ငါ့နှလုံးသား ငါ့အချစ်တွေကို
ပြန်လည်အသိအမှတ်ပြုဖို့
မမေ့ပါနဲ့ ချစ်သူ …။

မိုးညချမ်း
11.6.2012
(1:30 p.m)

2 comments:

  1. မင်းမှာနာကျင်စရာတွေများလာတဲ့တစ်နေ့
    မမေ့ပါနဲ့ ချစ်သူ -------------------
    မိုးညရေ---အရေးအသားလေးကောင်းလိုက်တာ

    ReplyDelete
  2. ငါ့နှလုံးသား ငါ့အချစ်တွေကို
    မမေ့ပါနဲ့ ချစ်သူ -----
    မမေ့ဘူးစိတ်ချနေနော်

    ReplyDelete

တစ်ကယ်တော့ အိပ်မက်ဆိုတာ? အပိုင်း (၁)

  တိုးတိတ်တဲ့ခြေလှမ်း တဖြည်းဖြည်းနဲ့ ဝေးသွားခဲ့တာ နာရီဆိုတာမရှိ … စက္ကန့်ဆိုတာမရှိ သက်မဲ့ချစ်ခြင်းတရားတွေကို ဖမ်းဆုပ်ဖို့ မဝံ့ရဲမှတေ...