Monday, February 25, 2013

လက်တွေ့တစ်ချို့ရွက်လွှင့်ကြည့်ခြင်း


*ညဉ့်နက်နက်သန်းခေါင်ယံမှာ
တိတ်ဆိတ်ခြင်းတွေ ကြီးစိုးမင်းမူလာတဲ့အခါ
စိတ်ကူးတစ်ချို့ ရွက်လွှင့်ရင်း
အတွေးစတစ်ချို့ လမ်းလျှောက်ထွက်ကြည့်တယ် …။

*တစ်ယောက်နဲ့တစ်ယောက် တိုက်ကြခိုက်ကြနဲ့
မနာလိုရန်စောင်မှုတွေကိုလည်း
အံ့သြစွာမြင်ရတယ် …။

*ငိုကြွေးပူဆွေးခြင်းတွေနဲ့ ကိုယ့်အနားက
ရှင်ကွဲနဲ့သေကွဲ ခွဲခွာသွားကြတဲ့သူတွေအတွက်
ပူဆွေးဝမ်းနည်းနေခြင်းတွေကိုလည်း တွေ့ရတယ် …။

*တွန်းကြတိုက်ကြနဲ့ ကိုယ်နေရာရဖို့
အသိအမှတ်ပြုခံရဖို့အတွက်လည်း
တစ်ဦးအပေါ်တစ်ဦး ဖိနှိပ်မှုတွေကို ကြုံရတယ် …။

*ဟစ်ကြွေးအော်ခေါ်နိုင်ခြင်းကင်းစွာနဲ့
ကူကယ်ရာမဲ့ သနားစဖွယ်အတိနဲ့
သက်ကြီးသက်ငယ်တွေကိုလည်း တွေ့ရပြန်တယ် …။

*လူတစ်ယောက်ရဲ့ အမှတ်တမဲ့စကားတစ်ခွန်းကြောင့်ပဲ
လူအများကပြစ်တင်ကဲ့ရဲ့ ရှုံ့ချမှုတွေကိုလည်း
မထင်မှတ်လောက်အောင် မြင်ရပြန်တယ် …။

*လောဘ၊ မောဟ၊ ဒေါသတွေအတွက်နဲ့
အသက်တွေ ဘဝတွေစတေးခံနေကြရတာကိုလည်း
ကြောက်ခမန်းလိလိ တွေ့လိုက်ရပြန်တယ် …။

*"လောက လောက"လို့ တွေးပြီး
"အော် လူတွေ လူတွေ"လို့ပဲ တီးတိုးရေရွတ်ရင်း
အတွေးတွေနိဂုံးချုပ် မီးခလုတ်ကိုပိတ်ရင်း
နှစ်ခြိုက်စွာအိပ်ပစ်လိုက်တာပဲ ကောင်းပါတယ်လေ!!!


မိုးညချမ်း
21.2.2013(12:50 p.m)

13 comments:

  1. တစ်ယောက်နဲ့တစ်ယောက် တိုက်ကြခိုက်ကြနဲ့
    အံ့သြစွာမြင်ရတယ်------------------ လုပ်ငန်းခွင်လောက
    နေရာအနှံ့ ပါပဲညလေးမိုးညရေ----

    ReplyDelete
  2. အေးဗျာ....
    တစ်ခါတရံ ဒီလိုပါဘဲလို့တွေးပြီး
    ခပ်လေးလေးပြန်ထွက်သွားတယ် အိပ်ပျော်နိုင်ပါစေ။

    ReplyDelete
  3. *လောဘ၊ မောဟ၊ ဒေါသတွေအတွက်နဲ့

    အိပ်ပျော်အောင်အိပ်လိုက်တော.မိုးညလေးရေ
    ခင်တဲ.အန်တီလေးမေခင်

    ReplyDelete
  4. *"လောက လောက"လို့ တွေးပြီး

    အင်း မိုးနတ်လဲ ဒီညအဲလိုပဲတွေးပြီး ပျော်အောင်
    အိပ်လိုက်တော့မယ် မိုးညရေ....:)
    ချစ်တဲ့...မိုးနတ်

    ReplyDelete
  5. လက်ရှိဖြစ်နေတဲ့ လောကကို သရုပ်ဖော်ထားတာ ပီပြင်လိုက်တာ မိုးညရေ..။

    ReplyDelete
  6. ညီမလေးမိုးညရေ..

    အတွေးလေးကနေ စာစုလေးဖြစ်တည်လာတာ အရမ်းကောင်ပါတယ်။
    လက်တွေ့ဘဝတွေမှာမြင်တွေ့နေရတာမို့ မီးလေးပိတ်ပြီး
    ပျော်အောင် အိပ်လိုက်ပါတော့....

    ချစ်ခြင်းအားဖြင့်
    အလွမ်းမြို့လေး

    ReplyDelete
  7. အင်း ဟုတ်တယ် ညီမလေးရေ
    မျက်မှောက်ခေတ်နဲ့ ထင်ဟပ်မြင်သာစေတဲ့ကဗျာလေးပါပဲ

    ခင်မင်တဲ့

    ReplyDelete
  8. ဒေါသ လောဘ မောဟတို့ကို ထိန်းသိမ်းဘို့ခက်တဲ့
    ရှုပ်ထွေးပွေလီ လူသားတွေ ခြယ်လှယ်နေတဲ့ လောကကြီးပေါ့ မိုးညရေ။
    ကိုယ့်စိတ်ကိုမနှိပ်စက်ပဲ ပျော်အောင်အိပ်တာ အမှန်ကန်ဆုံးပါး)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  9. "လောက လောက"လို့ တွေးပြီး

    ReplyDelete
  10. တွန်းကြတိုက်ကြနဲ့ ကိုယ်နေရာရဖို့
    မှန်တယ် ညလေး။ အရမ်းမှန်တယ်။

    ReplyDelete
  11. သိပ်မှန်တယ် မမရေ ဒါတကယ့် လက်တွေ့ဘ၀မှာ တွေ့ရတာတွေပါ..
    ကိုယ်တိုင်လည်း ပါကောင်းပါနေနိုင်တယ်

    ReplyDelete
  12. ခေါင်းစဉ်လေးနဲ့ကို လှပနေပြီ

    ReplyDelete

တစ်ကယ်တော့ အိပ်မက်ဆိုတာ? အပိုင်း (၁)

  တိုးတိတ်တဲ့ခြေလှမ်း တဖြည်းဖြည်းနဲ့ ဝေးသွားခဲ့တာ နာရီဆိုတာမရှိ … စက္ကန့်ဆိုတာမရှိ သက်မဲ့ချစ်ခြင်းတရားတွေကို ဖမ်းဆုပ်ဖို့ မဝံ့ရဲမှတေ...