Tuesday, August 14, 2012

ဒီလိုပါပဲကွယ်















ဒီလိုပါပဲကွယ်...
ငေးခဲ့တဲ့ ညတိုင်း
အလင်းမပျောက်ခဲ့သလို
မြေမှုန် "နွေးနွေး" ပေါ်က "နှင်း" စက်တွေလည်း
ပိုလို့တောင် ဆွတ်ဆွတ် ဖြူနေသေး.....

ဒီလိုပါပဲကွယ်...
"မိုးည" တိုင်းသာ "ဖြူစင်" ကြကြေးဆို.....
မျောနေတဲ့ "ဗေဒါ" တစ်စု လက်ခမောင်း ခတ်နေကြရောပေါ့...

ဒီလိုပါပဲကွယ်...
"ဝေယံ" ပေါ်က "ဇော်"ပျံ နဲ့ စီးချင်းထိုးနေကျ "နတ်စိုး" .....
ဘယ်လောက် ပဲ သျှိုသျှို ဘယ်လောက် ပဲ နင်းနင်း
လောကဇာတ်ခုံမှာ
"အနက်ရောင်" တွေစွန်းနေသရွေ့တော့
(နွေမရောက်ခင်ထိ)

ဒီလိုပါပဲကွယ်........
(Facebook အွန်လိုင်းလေထန်ကုန်းတွင် (ဝေယံမင်း) အစပြုရေးသားခဲ့သော ကဗျာလေးအား ...



ဒီလိုပါပဲကွယ်
ငါးကင် “နွေးနွေး” ပေါ်က “ယဉ်”  ကောင်တွေ ထပျံသွားတိုင်း
မီ“လင်း”ဖိုပေါ်က အမွှေးတိုင်ကြီးကို ငါ“ထွန်း” နေကြပေါ့....
ဒါ “အရုပ်မ”တစ်ယောက်ရဲ့ ရွှေရောင် ဆံနွယ်စတွေ မို့
“နန်း”ဆန်ချင် ဆန်ကောင်းလိမ့်မယ်......... 
(ကိုဗေဒါဇော်မှ ထပ်မံလက်စွမ်းပြသည် ...)

ဒီလိုပါပဲကွယ်
ကောင်းကင် ရင်ခွင် နွေးနွေး ရဲ့ သိင်္ဂ ီ ရောင်ညအဆင်းမှာ
ကျီးကန်း တွေ အုပ်စုဖွဲ့လို့ ကောင်းနေတုန်း
မိုးစွပ် တွေ သည်းဖွဲ နေကြမို့ ဒီတစ်ခါ ရင်ခွင်ကို
အလင်းနဲ့ ခိုင် အောင် ကာထားမယ်.........   
(ကိုဗေဒါဇော်မှ ထပ်မံလက်စွမ်းပြသည် ...)


မာယာဖြူ တွေ လှိုင်လှိုင်ထွေးတဲ့ ဟောဒီ မိုးညချမ်းမှာ
ဗာဂိုးအပျိုလေးရဲ့ ဆောင်းစက်ရိပ်ပမာရင်ခွင်ဟာ
နန်းကလျာအများတို့ တိုးကာပိုပိုချစ် နိုင်စေဖို
့ အမောပြေစရာ စောဝေစွာထားလိုက်မယ်...
အိုဘယ့်... အနက်ရောင်တိမ် ဝေယံ အောက်က
မြသွေးနီလွှမ်း ထုံကာမွှမ်းပါတဲ့ သွေးစက်မင်း သခင်
ထိုအရှင်အား ဇလပ်ဖြူ တို့ ထုံလျှမ်းပါစေ...
မိုးစွတ်တဲ့နေ အလင်းခိုင်မသွားခင် ....
( ဒေါက်တာနတ်စိုးမှ ကဗျာလေးအား ထိုသို့ပေါင်းစပ်ခဲ့သည်...)


နတ်တို့မာယာ ကြောမှာ.. မ ဗေဒါ က တစ်ပင်ထဲ...သိဂီ င်္ ရွှေခွက်နဲ့.. 
ဖြူစင် ရေပက်ဖျမ်း ပါလို့....မိုးညတွေချမ်း တုန်တောင် မမှုပါဘူး ...    စနိုးနှင်း တွေ ကျပစေဦးတော့.. ဇော်ကကနေသူ..ရွှေရုပ်ကလေးမှာဖြင့် သနားစဖွယ်..    အနက်ရောင် အမှောင်လွှမ်းပါလို့...သီတာရေကြည်...နွေးနွေး ရယ်နှင့်...    မြသွေးနီလက်မှိုင်ချရတယ်...အမယ်မင်း........  
(မမမြသွေးနီကလည်း ထပ်မံလက်စွမ်းပြခဲ့ပြန်သည် ...)


(မှတ်ချက်။    ။ တစ်ချိန်က အမှတ်တရလေးတွေကို မေ့နေကြသူများအတွက် ပြန်လည်အမှတ်ရစေဖို့ ... တစ်ယောက်သောသူအား သတိရမိတာနဲ့ အရင်ကကဗျာလေးကို ပြန်လည်ရှာဖွေတင်ဖြစ်လိုက်ပါတယ် .... )



မိုးညချမ်;
14.8.2012 (2:45 p.m) 

12 comments:

  1. မိုးညလေးရေ.. မိုးအေးအေးလေးထဲ.. ကဗျာအေးအေးလေးတွေကို ဖတ်ခွင့်ရလိုက်တာ.. ကြည်နူးစရာလေးပါပဲ.. ရေးစပ်သူတိုင်းက တကယ်လက်စွမ်းထက်လှပါရဲ့ရှင်.. :)

    ReplyDelete
  2. အချိန် တချိန်ကိုအမှတ်ရစေဖို့ပြန်လည်တူးဖော်ထားပုံလေးက စိတ်ဝင်စားစရာအပြည့်ပါလား

    ReplyDelete
  3. ကဗျာတွေကနုညံ့လိုက်တာ..
    ခံစားသွားပါတယ်ရှင်

    ReplyDelete
  4. အတော်ကိုကောင်းတဲ့ကဗျာလေးဗျာ..
    ၅ ခေါက်တိတိ ဖတ်သွားပါတယ် (ညမှ နောက်တစ်ခါထပ်လာပါဦးမယ်)
    ကြိုက်လွန်းလို့ပါ

    ReplyDelete
  5. နာမည်လေးတွေ နဲ့ ကဗျာဖွဲ့ထားတာ က နူးညံ့လိုက်တာ
    အခုလိုအမှတ်ရစရာတွေကိုပြန် လည်မျှဝေတဲ့အတွက် ကျေးဇူးပါ

    ReplyDelete
  6. တစ်ယောက်သူဆိုတာ ဘယ်သူလဲ
    အဆင်ပြေရင် ပြောပြနိုင်သည်
    ကိုဝေယံမင်းရေးတဲ့ ကဗျာအပိုင်းအစမှာ
    ( နွေမရောက်ခင်အထိ ) ဆိုတာမှာ
    လ သာ ထည့်လိုက်ရင်
    ကျွန်တော့်နာမည်လည်း အမှတ်တရ ပါသွားပြီ

    ReplyDelete
  7. နာမည်လေးတွေနဲ့လိုက်ဖက်အောင် ကဗျာကိုဖွဲ့ထားတာ ချစ်စရာလေးတွေ ..ဒီလိုပါပဲကွယ် :)

    ReplyDelete
  8. ရေးစပ်သူတွေအားလုံးလက်စွမ်းထက်ပါတယ် ။

    ReplyDelete
  9. ကဗျာကောင်းလေးကို အားပေးသွားပါတယ် ညလေးရေ...

    ReplyDelete
  10. ညလေးရေ...မကြီးလွမ်း လာရောက်အားပေးတွားတယ်။
    သူငယ်ချင်းတွေ နာမည်တပ်ပြီး ကဗျာစပ်ရတာလည်း
    ပျော်စရာကြီးပေါ့...


    ချစ်တဲ့
    မကြီးလွမ်း

    ReplyDelete
  11. မြတ်နိုးသူ(MUFL)August 16, 2012 at 4:21 PM

    ကဗျာလေးကိုကဗျာစပ်ထားတဲ့စာသားလေးတွေ
    အရမ်းကဗျာဆန်တာပဲနော်အားပေးသွားပါတယ်

    ReplyDelete
  12. ညီမလေးက အမှတ်တရ သိမ်းထားတာကိုး...
    လူကိုစုံနေတာပဲနော်... :))

    ReplyDelete

တစ်ကယ်တော့ အိပ်မက်ဆိုတာ? အပိုင်း (၁)

  တိုးတိတ်တဲ့ခြေလှမ်း တဖြည်းဖြည်းနဲ့ ဝေးသွားခဲ့တာ နာရီဆိုတာမရှိ … စက္ကန့်ဆိုတာမရှိ သက်မဲ့ချစ်ခြင်းတရားတွေကို ဖမ်းဆုပ်ဖို့ မဝံ့ရဲမှတေ...