Thursday, August 9, 2012

စိတ်ကူးဆန္ဒ



*ဆုံးရှုံးသွားပြီးမှ ပြန်လိုချင်နေမိတဲ့
ငါ့စိတ်ကူးတွေ …

*ဝေးကွာသွားပြီးမှ မင်းအနားမှာနေချင်တဲ့
ငါ့ဆန္ဒတွေ …

*မျှော်လင့်ချက်တွေ ပျောက်ဆုံးသွားပြီးမှ
ပြန်ရှာဖွေနေမိတဲ့ ငါ့ရဲ့ရူးသွပ်မှုတွေ …
ဖြည်းဖြည်းလေးနဲ့ ငြိမ့်ငြိမ့်လေး
စီးဆင်းသွားတယ် …
ငါ့နှလုံးသားပဲ့ကြွေသံတွေ
မင်းကြားစေတော့ …

*ကော်ဖီပူပူတစ်ခွက်ရယ်
ငါ့အတွေး ငါ့အလွမ်းတွေနဲ့
ကွန်ပျူတာတစ်လုံးသာရှိလို့ကတော့
တိတ်ဆိတ်တဲ့ညဉ့်နက်နက်မှာ
ကဗျာတွေနဲ့ငါ ခရီးထွက်လို့ရပြီ  …



မိုးညချမ်း
25.7.2012 (4:10 p.m)

13 comments:

  1. *ကော်ဖီပူပူတစ်ခွက်ရယ်

    ထွက်စေဗျာ ။ကဗျာလေးခံစားသွားတယ်နော်

    ReplyDelete
  2. *ကော်ဖီပူပူတစ်ခွက်ရယ်

    ရော့ ဓါတ်ဘူး.ကော်ဖီအပြည့်ပါတယ်.
    ရော့ ကွန်ပျူတာ . ချာဂျင်အပြည့်ပဲ.
    တွားတော့...( စတာနော်.. ဟီးဟီး.)

    ReplyDelete
  3. ကဗျာလေးကခံစားလို့ ကောင်းတယ် မမမိုးညချမ်းရေ
    ကဗျာထဲမှာက တိုက်ဆိုင်မှုတွေလည်း ပါလို့ထင်ပါရဲ့
    ကဗျာလေးကိုအားပေးသွားတယ်နော် ^_^

    ReplyDelete
  4. မြတ်နိုးသူ(MUFL)August 9, 2012 at 2:17 PM

    စီးဆင်းသွားတယ် …
    မင်းကြားစေတော့ …
    အားပေးသွားပါတယ်အမ

    ReplyDelete
  5. ဆုံးရှုံးသွားပြီးမှ..ပြန်လိုချင်နေမိတဲ့..စိတ်ကူးတွေ.....
    အဲဒါလေးသဘောကျတယ်ဗျာ..ကျွန်တော့်စိတ်ကူးလေးနဲ့..အချိန်တွေပေးဆပ်ပြီး..စောင့်ဆိုင်းရိုက်ကူးထားတဲ့ ဓာတ်ပုံလေးတွေ..ပျောက်ခဲ့ရတယ်....
    စိတ်ကူးအတွေးလေးတွေနဲ့ သီကုံးရေးဖွဲ့တတ်သလောက်.ရေးထားတဲ့..စာသားတွေလဲ..ပြန်စဉ်းစားလို့မထွက်နိုင်တော့ပါဘူးဗျာ...

    ReplyDelete
  6. ကော်ဖီပူပူတစ်ခွက်ရယ်

    သေချာတာပေါ့
    စာဖတ်နေရင်ပဲဖြစ်ဖြစ် စာရေးနေရင်ပဲဖြစ်ဖြစ်
    သေလောက်အောင် ချစ်ရတဲ့ချစ်သူကိုတောင်
    မေ့မေ့သွားတယ်
    ( ရှုး ... လျှောက်မဖွနဲ့နော် )
    ကဗျာလေး အရမ်းမိုက်တယ် အစ်မရေ

    ReplyDelete
  7. ဆုံးရှုံးသွားပြီးမှ ပြန်လိုချင်နေတဲ့စိတ်ကူးတွေရယ်
    ညနက်နက်မှာ ကဗျာတွေနဲ့အတူ ခရီးထွက်ဖို့စောင့်နေမယ်

    ReplyDelete
  8. *ကော်ဖီပူပူတစ်ခွက်ရယ်

    တိတ်ဆိတ်တဲ့ ညနက်တွေမှာ ကဗျာတွေနဲ့ ငြိမ့်ငြိမ့်လေး ခရီးထွက်ရတာ ကြည်နူးစရာပါ...
    တစ်ခုတော့ရှိတယ်ညလေး.. ခရီးထွက်တဲ့အခါမှာ အလွမ်းတွေတော့ ခေါ်မသွားနဲ့.. စိတ်ပန်းရလိမ့်မယ်..ဟီးဟီ
    ခင်တက်တဲ့
    လေပြေချို

    ReplyDelete
  9. နောက်ဆုံးအပိုဒ်လေးကို သဘောအကျဆုံးပဲ :D

    ReplyDelete
  10. ကဗျာလေး မိုက်တယ်...ဟိ..ဟိ..အားပေးသွားတယ်နော်

    ReplyDelete
  11. *ဝေးကွာသွားပြီးမှ မင်းအနားမှာနေချင်တဲ့
    ငါ့ဆန္ဒတွေ …အဲစာစားလေးကြိုက်တယ်..:P

    ReplyDelete
  12. *ကော်ဖီပူပူတစ်ခွက်ရယ်
    ....

    ညလေးရေ ခရီးထွက်မယ်ဆို ပြောသွားဦးနော်.အဟီး
    မီမီဝင်းဖေလို ဒို့လည်းလိုက်မယ် ချန်မထားနဲ့ ..ပြောမလို့ပါ...
    ကဗျာလေးက ရှယ်ဘဲ.. လက်ရာမြှောက် ဟတ်ထိတယ် ဟတ်ထိတယ်..

    ချစ်တဲ့
    မကြီးလွမ်း

    ReplyDelete
  13. ဒီတော့ နောက်မဆုံးရှုံးအောင်သတိထားတော့ ညလေးရေ

    ReplyDelete

တစ်ကယ်တော့ အိပ်မက်ဆိုတာ? အပိုင်း (၁)

  တိုးတိတ်တဲ့ခြေလှမ်း တဖြည်းဖြည်းနဲ့ ဝေးသွားခဲ့တာ နာရီဆိုတာမရှိ … စက္ကန့်ဆိုတာမရှိ သက်မဲ့ချစ်ခြင်းတရားတွေကို ဖမ်းဆုပ်ဖို့ မဝံ့ရဲမှတေ...