Tuesday, August 28, 2012
ဆုတောင်း
တိုက်ဆိုင်မှုတွေရှိတိုင်း လွမ်းတာလား?
လွမ်းတဲ့အခါတိုင်း တိုက်ဆိုင်သွားတာလားတော့
မသိဘူး ချစ်သူ …။
အချိန်တိုင်း လွမ်းတဲ့စိတ်တွေနဲ့
တိုက်ဆိုင်မှုတွေရှိတဲ့အခါတိုင်း
ငါ့မျက်ရည်မိုးတွေ ရွာသွန်းမိတယ် …။
ငါကို“အချစ်ရူး”လို့
လူတွေကတော့ ထင်ကြမှာပဲ …။
တစ်ကယ်တော့ အချစ်ရူးတာမဟုတ်ဘူး …
မင်းအပေါ်မှာ အချစ်ထူးခဲ့တာပါ …။
ဘယ်သူတွေ ဘာပြောပြောပါ
မင်းတစ်ယောက်သာ ပျော်ရွှင်နိုင်မယ်ဆို
စွန့်လွှတ်ခြင်းတွေနဲ့အတူ
ဆုတောင်းပေးလိုက်ပါ့မယ်
မင်းဘဝလေး ပျော်ရွှင်ငြိမ်းချမ်းပါစေ …။
မိုးညချမ်း
28.8.2012 (3:30 p.m)
7 comments:
  1. တစ်ကယ်တော့ အချစ်ရူးတာမဟုတ်ဘူး …
    ReplyDelete
  2. ကဗျာလေးခံစားသွားတယ်ရှင်...
    ခင်တဲ့ မိုးနတ်...
    ReplyDelete
  3. အချိန်တိုင်း လွမ်းတဲ့စိတ်တွေနဲ့
    အဲစာသားကိုကြိုက်တယ်
    ReplyDelete
  4. ကိုယ် ခံစားရမယ်ဆိုရင်တောင်
    ရင်အနာခံပြီး ဆုတောင်းပေးနေတယ်
    ပိုးစိုးပက်စက် ပျော်ရွှင်ပါစေ ချစ်သူရေ
    ReplyDelete
  5. မြတ်နိုးသူ(MUFL)August 29, 2012 at 3:07 PM
    အားပေးသွားပါတယ်အမ
    ReplyDelete
  6. ချစ်သူရယ်..
    ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်ပေါ့
    ကိုယ်လည်း မင်းနဲ့ထပ်တူပျော်ရွှင်ချင်မိပါတယ်လေ
    ReplyDelete
  7. တစ်ကယ်တော့ အချစ်ရူးတာမဟုတ်ဘူး …
    ထပ်တူကျသွားရတယ်
    ~ Kk ~
    ReplyDelete
တစ်ကယ်တော့ အိပ်မက်ဆိုတာ? အပိုင်း (၁)
  တိုးတိတ်တဲ့ခြေလှမ်း တဖြည်းဖြည်းနဲ့ ဝေးသွားခဲ့တာ နာရီဆိုတာမရှိ … စက္ကန့်ဆိုတာမရှိ သက်မဲ့ချစ်ခြင်းတရားတွေကို ဖမ်းဆုပ်ဖို့ မဝံ့ရဲမှတေ...