Tuesday, August 21, 2012
လက်တွဲဖော်
*ငါ့ဘဝမှာ မင်းနဲ့ဆုံတွေ့ပြီး
ချစ်ခွင့်ရတာနဲ့တင်
ကံကောင်းနေပါပြီ ချစ်သူ …။
*ဒါပေမယ့် အတ္တကင်းသူ မဟုတ်လေတော့
မင်းကိုပိုင်ဆိုင်ခွင့်ရချင်တဲ့စိတ်တွေက
ငါ့ဘဝကို တစ္ဆေတစ်ကောင်အလား
အချိန်တိုင်း ခြောက်လှန့်နေတော့
နေ့ဘက်ဆို ကြောက်လန့်စိတ်တွေနဲ့
ညညဆို အိပ်ရေးပျက်ပေါင်းများလာတယ် …။
*မင်းနဲ့ငါက ဘုရားကဖန်ဆင်းပေးတဲ့
ချစ်သူတွေပါ …။
ဘာကြောင့်များအနေစိမ်းနေကြသလဲ?
ဘာတွေကိုများ ငဲ့ညှာနေကြရသလဲ?
မိဘတွေသိမှာစိုးတာလား …
သူငယ်ချင်းတွေ လှောင်မှာစိုးတာလား …
ငါ့ဦးနှောက်နဲ့ ဉာဏ်မီသလောက်စဉ်းစားတယ် …။
*အနာဂတ်မှာ ကြုံတွေ့လာမယ့်
ခရီးကြမ်းတွေ … ပျော်ရွှင်မှုတွေအတွက်
ငါ့ကမ်းတဲ့လက်ကို ဖမ်းဆုပ်လိုက်
ငါ့ရင်ခွင်မှာ နားခိုရင်း
မင်းရှေ့က သတ္တိရှိစွာရင်ဆိုင်ရင်း
အရာအားလုံးကို ရဲရဲဝံ့ဝံ့နဲ့
ဖြတ်ကျော်သွားကြစို့ ချစ်သူ …။
(မှတ်ချက်။      ။ ခင်မင်ရသော မောင်ငယ်လေး “Wai Snow Ko Ko” က သူ့ကောင်မလေးကို ပေးချင်လို့ ရေးပေးဖို့ တောင်းဆိုတာနဲ့ ရေးဖြစ်ခဲ့တာလေးပါ ...
အခြားသူတစ်ယောက်ရဲ့ခံစားချက်လေးကို တစ်ခါမှမရေးပေးဖူးလေတော့ အမှားပါသွားရင် ခွင့်လွှတ်ပေးပါရှင် ...) 
မိုးညချမ်း
21.8.2012 (1:30 p.m)
10 comments:
  1. မမမိုးညချမ်းရေ ကဗျာလေး ကိုအားပေးသွားပါတယ်
    ကိုယ်တိုင်ခံစားပြီးရေးတုန်းကလည်း ဖတ်လို့ကောင်းတာပဲ
    အခုလို အခြားသူတစ်ယောက်ရဲ့ ခံစားချက်ကို ရေးပေးတော့လည်း ဖတ်လို့ကောင်းတာပဲ
    ကဗျာလေးကိုခံစားသွားတယ်နော် ^_^
    ReplyDelete
  2. အင်း သူ လဲ ရင်ဘတ်ငှားနေပါ့လား ။ကဗျာလေးကောင်းပါတယ်
    ReplyDelete
  3. ကျွန်တော့်လို..ဆုံတွေခွင့်မရှိလို့.ချစ်ခွင့်ဆိုတာဘာမှန်းမသိပဲ.ကံဆိုးနေသူတွေအတွက်လည်း..
    ကဗျာကောင်းလေးတစ်ပုဒ်ဖန်တီးပြီး..အားပေးနှစ်သိမ့်ပေးပါဦးဗျာ....
    ReplyDelete
  4. သူငယ်ချင်းရဲ့ကောင်မလေးတော့ ဒီကဗျာဖတ်ပြီး သဘောကျမှာ သေချာတယ် ..အစ်မကတော့ ကြိုက်တယ်
    ReplyDelete
  5. *ငါ့ဘ၀မှာ မင်းနဲ့ဆုံတွေ့ပြီး
    ချစ်ခွင့်ရတာနဲ့တင်
    ဟုတ်တယ်နော်ကိုယ့်ချစ်သူကို
    ချစ်ခွင့်ရနေရင်ပဲတကယ်ကံကောင်းတယ်လို့
    ခံစားမိတယ်အားပေးသွားပါတယ်နော်
    ReplyDelete
  6. သူများအတွက် ခံစားပြီး ရေးပေးတတ်တာကိုက ချီးကျူးစရာပါ :D :D
    ReplyDelete
  7. ကဗျာလေးလာရောက်ခံစားသွားပါတယ်..
    ReplyDelete
  8. တော်သေးတာပေါ့ ညလေးရေ။
    သူများအစား ခံစားပေးလို့။ စဖတ်တုန်းကတော့
    ညလေး ခံစားချက်များလားလို့။
    အားပေးသွားတယ် ညလေးရေ
    ချစ်တဲ့
    မကြီးလွမ်း
    ReplyDelete
  9. သိပ်ကိုသိတတ်လွန်း၊ ဆင်ခြင်လွန်းရင်လည်း အချစ်ကို မမြင်နိုင်တော့ဘူး။
    ReplyDelete
  10. *မင်းနဲ့ငါက ဘုရားကဖန်ဆင်းပေးတဲ့
    ချစ်သူတွေပါ …။
    ReplyDelete
တစ်ကယ်တော့ အိပ်မက်ဆိုတာ? အပိုင်း (၁)
  တိုးတိတ်တဲ့ခြေလှမ်း တဖြည်းဖြည်းနဲ့ ဝေးသွားခဲ့တာ နာရီဆိုတာမရှိ … စက္ကန့်ဆိုတာမရှိ သက်မဲ့ချစ်ခြင်းတရားတွေကို ဖမ်းဆုပ်ဖို့ မဝံ့ရဲမှတေ...