Friday, July 20, 2012

မင်းမသိခဲ့ဘူး


ငါက အတ္တကြီးသူတဲ့
မင်းရဲ့စွပ်စွဲချက် …

ငါက စိတ်ကူးယဉ်ဆန်သူတဲ့
မင်းရဲ့လှောင်ပြောင်မှု …

ငါက တစ်ကိုယ်ကောင်းဆန်သူတဲ့
မင်းရဲ့ယူဆချက် …

ငါက အလေးအနက်မထားတတ်သူတဲ့
မင်းရဲ့အတွေး …

တကယ်တမ်းတော့
မင်းနဲ့ပတ်သက်သမျှအရာရာကို
အသက်တမျှ အလေးအနက်ထားပြီး
မင်းတစ်ယောက်ကိုသာ ပိုင်ဆိုင်ခွင့်ရချင်ပြီး
မင်းနဲ့ထာဝရလက်တွဲသွားချင်တဲ့
စိတ်ကူးယဉ်အိပ်မက်တွေနဲ့
ရူးသွပ်နေရတဲ့ အချစ်ရူးတစ်ယောက်ဆိုတာ
မင်းမသိခဲ့ဘူး ချစ်သူ …။

မိုးညချမ်း
18.7.2012 (1:15 p.m)

8 comments:

  1. ညလေးရေ
    အချစ်တော့မရူးလိုက်ပါနဲ့ကွယ်

    ReplyDelete
  2. မင်းအတ္တကြီးတယ်လို့ ငါမစွပ်စွဲပါဘူး။
    မင်းအလေးအနက်ထားတတ်မှန်းလဲ ငါသိပါတယ်။
    ဒါပေမယ့် အချစ်တော့မရူးလိုက်ပါနဲ့ကွယ်။

    ReplyDelete
  3. ခံစားချက်တွေပျင်းလှချည်လား
    ကဗျာလေးကအရမ်းကောင်းပါတယ်
    ♥_♥

    ReplyDelete
  4. ရောက်ခဲ့ကြောင်းပါ

    ကဗျာလေးဖတ်လို့ ကောင်းတယ်

    ခင်တဲ့
    မိုးသူ(တောင်ကြီး)

    ReplyDelete
  5. မိုးညရေ...ကဗျာလေးကောင်းတယ်ရှင်။

    ReplyDelete
  6. တကယ်တမ်းတော့
    မင်းမသိခဲ့ဘူး ချစ်သူ …။

    စာသားတွေက ကောင်းလိုက်တာ ။

    ReplyDelete
  7. ကဗျာလေးကအသက်ဝင်တယ်.. တနေ့နေ့တော့ သိလာမှာပါ :)

    ReplyDelete
  8. အန်တီလေးမေခင်May 22, 2013 at 3:02 PM

    မိုးညလေး
    အလည်ရောက်ရင်းကဗျာလေးအားပေးသွားပါတယ်။
    ခင်တဲ.အန်တီလေးမေခင်။

    ReplyDelete

တစ်ကယ်တော့ အိပ်မက်ဆိုတာ? အပိုင်း (၁)

  တိုးတိတ်တဲ့ခြေလှမ်း တဖြည်းဖြည်းနဲ့ ဝေးသွားခဲ့တာ နာရီဆိုတာမရှိ … စက္ကန့်ဆိုတာမရှိ သက်မဲ့ချစ်ခြင်းတရားတွေကို ဖမ်းဆုပ်ဖို့ မဝံ့ရဲမှတေ...