*ဝမ်းနည်းအားငယ်ချိန်တွေဆို
အားပေးနှစ်သိမ့်တတ်တဲ့
ကျွန်မရဲ့ချစ်သူ …။
*စိတ်ဓါတ်ကျစိတ်ပျက်နေချိန်တွေဆို
ခွန်အားတွေပေးတတ်တဲ့
ကျွန်မရဲ့ချစ်သူ …။
*စကားတွေဖောင်ဖွဲ့အောင်ပြောနေချိန်ဆို
ကြည်နူးခြင်းတွေနဲ့ပြုံးပြီးကြည့်နေတတ်တဲ့
ကျွန်မရဲ့ချစ်သူ …။
*စိတ်ကောက်နေချိန်ဆို
မနေတတ်မထိုင်တတ်ချော့မြူတတ်တဲ့
ကျွန်မရဲ့ချစ်သူ …။
*ဖြစ်ချင်တဲ့ စိတ်ကူးဆန္ဒတွေကို
အမြဲဖြစ်မြောက်အောင် ဖြည့်ဆည်းပေးတတ်တဲ့
ကျွန်မရဲ့ချစ်သူ …။
*အားလုံးရဲ့အဆုံးသတ်မှာ
အကြောင်းပြချက်မရှိ ထားသွားခဲ့သူ
ကျွန်မရဲ့ချစ်သူ …။
*ထိုသို့ ထိုပုံမည်သော ချစ်သူအား
အကြောင်းပြချက်မရှိ ကျွန်မချစ်မိသည် …။
မိုးညချမ်း
9.7.2012(4:15 p.m)
သြော် ... အစ်မရေ
ReplyDelete( cbox မှာတော့ အစ်ကိုလို့ ခေါ်ခဲ့မိသည် ... ခွင့်လွှတ် )
ရဲလေးရဲ့ သီချင်းလိုပါပဲလား
" အကြောင်းပြချက်မရှိ " လေ
ဟုတ်တော့ ဟုတ်ပါတယ်
တကယ်ချစ်မိတော့လည်း
အကြောင်းပြချက်မရှိစွာ ချစ်မိပြီပေါ့
( Me Too . . . )
ကဗျာလေး အားပေးခဲ့တယ်နော်
ကဗျာတွေ အများကြီးရေးနိုင်ပါစေ
အရမ်းကောင်း အရမ်မှန်တဲ့ စာသားလေးတွေပါပဲ
ReplyDeleteအချစ်မှာအကြောင်းပြချက်မလိုဘူး။ နှလုံးသားပီသတဲ့ နှလုံးသားရှိဖို့ပဲလိုတာပါ။
ReplyDeleteအချစ်မှာအကြောင်းပြချက်မလိုဘူး။ နှလုံးသားပီသတဲ့ နှလုံးသားရှိဖို့ပဲလိုတာပါ။
ReplyDelete