Wednesday, July 11, 2012

ချစ်လိုက်ပြီ



*ဟိုးခပ်လှမ်းလှမ်းမှာ အရိပ်တစ်ခု
တဖြည်းဖြည်းနီးလာတဲ့အခါ
ငါ့ရင်တွေ တလှပ်လှပ်ခုန်လာတယ် …။

*မလှမ်းမကမ်းကို ရောက်လာတော့
အချစ်မှန်းသိလိုက်ချိန်
ရင်ခုန်သံတွေ တဒိတ်ဒိတ်နဲ့
မင်းနဲ့နီးအောင် ရှေ့တိုးမိခဲ့တယ် …။

*အချစ်က ခါးသက်ခြင်းလား?

*အချစ်က ချိုမြိန်ခြင်းလား?

*အချစ်က ပူဆွေးခြင်းလား?

*အချစ်က အေးမြခြင်းလား?

*အချစ်က နာကျင်ခြင်းလား?

*အချစ်က ကြည်နူးခြင်းလား?

*အချစ်က ဆုံစည်းခြင်းလား?

*အချစ်က အသည်းကွဲခြင်းလား?

*ဘာရယ်မှန်းတော့ မဆန်းစစ်ဖြစ်ခင်လေးမှာပဲ
မာနတွေအရည်ပျော် သိက္ခာတွေဘေးဖယ်ကာ
နှလုံးသားတစ်ခုလုံး မင်းသိမ်းပိုက်လို့
ငါကတော့ချစ်မိလိုက်ပြီ …။



မိုးညချမ်း
11.7.2012 (4:00 p.m)

7 comments:

  1. ကဗျာလေးကောင်းတယ် အချစ်ကိုရိုးရိုးလေးပဲ ပုံဖော်ထားတာ မိုက်တယ်

    ReplyDelete
  2. ငါ့ညလေးက ဘယ်သူ့ကိုများချစ်လိုက်တာလဲ ကဗျာလေးကောင်းတယ်

    ReplyDelete
  3. သေးသေးခြစ်ပါလေ အဖတ်ကြီးကြီးမခြစ်မိပါစေနှင့်း))


    ချစ်ခင်စွာဖြင့်

    မဒိုးကန်

    ReplyDelete
  4. ခြစ်မိတယ်ဆိုတော့ အမှားခြစ်လိုက်တာလား အမှန်ခြစ်လိုက်တာလား ညလေး။
    အဟီး... စတာပါ.
    ခံစားတတ်တဲ့ နှလုံးသားရှိသူတိုင်း အချစ်နဲ့မကင်းလွှတ်ပါဘူး ညလေးရေ။
    ဒိုးကန်တို့ကိုဘဲကြည့် ချစ်နေလိုက်တာ ကိုင်ပေါက်မတတ်ဘဲ..အဟီး


    ခင်မင်တဲ့
    မကြီးလွမ်း

    ReplyDelete
  5. သည်ကဗျာလေးအတိုင်းသာဆိုရင်
    အချစ်မှာ မျက်စိမရှိဘူးဆိုတာသေချာသွားပါပြီ
    = = = ^_^ ^_^ ^_^ = = =

    ReplyDelete
  6. မဆန်းစစ်မှ တကယ်ချစ်တာသိလား။
    ခုချိန်မှာတော့ အချစ်ကဝေးကွာခြင်းဖြစ်နေတယ်

    ReplyDelete
  7. ကဗျာလေးကကောင်းပါတယ်...တိုတိုလေးနဲ့ ခံစားချက်ပေါ်လွင်တယ်....အားကျစွာနဲ့....အားပါးတရ...လာရောက်အားပေးသွားပါတယ်ရှင်...
    ခင်တဲ့..မိုးနတ်.....

    ReplyDelete

တစ်ကယ်တော့ အိပ်မက်ဆိုတာ? အပိုင်း (၁)

  တိုးတိတ်တဲ့ခြေလှမ်း တဖြည်းဖြည်းနဲ့ ဝေးသွားခဲ့တာ နာရီဆိုတာမရှိ … စက္ကန့်ဆိုတာမရှိ သက်မဲ့ချစ်ခြင်းတရားတွေကို ဖမ်းဆုပ်ဖို့ မဝံ့ရဲမှတေ...