Wednesday, July 4, 2012

တိုးတိုးတိတ်တိတ်အလွမ်း



*မိုးတွင်းရဲ့ ညဉ့်နက်နက်မှာ
အိပ်စက်ခြင်းဆိုတာက
ငါ့အတွက်ရန်သူဖြစ်နေလေတော့
ကော်ဖီခါးခါးတစ်ခွက်နဲ့
ငါ့အတွေးတွေကို နယ်ချဲ့မိလိုက်ပြန်ပေါ့ ...။

*မင်းနဲ့ငါ့ရဲ့ ချစ်ခြင်းတွေက
အဓိပ္ပါယ်မဲ့စွာနဲ့ အဆုံးသတ်သွားခဲ့တယ်တဲ့လား ...။

*အသက်ရှူလိုက်တဲ့
ဝင်သက်ထွက်သက်တိုင်းဟာ မင်းနဲ့နီးလေမလားဆိုတဲ့
မျှော်လင့်ချက်တွေကို ဖန်တီးနေမိလေတော့
ငါ့ရှင်သန်မှုကိုတောင် မုန်းတီးလာမိတယ် ...။

*ဘာပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ်ပေါ့ ချစ်သူ
မင်းနာမည်ကို တိုးတိုးလေးရေရွှတ်လို့
ခိုးခိုးပြီးတော့ လွမ်းမိသားကွယ် ...။


မိုးညချမ်း
3.7.2012 (6:15 p.m)

3 comments:

  1. တိုးတိုးတိတ်တိတ်အလွမ်းကို တိုးတိုးတိတ်တိတ်ခံစားသွားပါတယ်။

    ReplyDelete
  2. *အသက်ရှူလိုက်တဲ့
    ကဗျာဖတ်ရတာ အရသာရှိလိုက်တာ။
    အားပေးလျက်ပါ

    ReplyDelete
  3. မင်းနာမည်ကို တိုးတိုးလေးရေရွှတ်လို့
    ကဗျာလေးတွေကိုလဲ မမ ကခိုးခိုးပြီးလာဖတ်ခဲ့ပါတယ်ရှင်
    ကွန်မက်တွေ အားလုံးရပါတယ်ညလေးရေ

    ReplyDelete

တစ်ကယ်တော့ အိပ်မက်ဆိုတာ? အပိုင်း (၁)

  တိုးတိတ်တဲ့ခြေလှမ်း တဖြည်းဖြည်းနဲ့ ဝေးသွားခဲ့တာ နာရီဆိုတာမရှိ … စက္ကန့်ဆိုတာမရှိ သက်မဲ့ချစ်ခြင်းတရားတွေကို ဖမ်းဆုပ်ဖို့ မဝံ့ရဲမှတေ...