Friday, July 6, 2012
ကိုယ့်သမိုင်း ကိုယ်သာရေးပါ
သင်အသည်းကွဲနေချိန်မှာ
သင့်အချစ်တွေကို နားလည်ပေးနိုင်သူရှိမယ်
ပျက်ရယ်ပြုသူရှိမယ် …။
သင့်အလွမ်းတွေကို စာနာနိုင်သူရှိမယ်
လှောင်ပြောင်နေသူရှိမယ် ...။
သင့်နာကျင်မှုတွေကို ဖေးမနှစ်သိမ့်ပေးသူရှိမယ်
ကဲ့ရဲ့မယ့်သူရှိမယ် …။
သင့်ရင်ဖွင့်စကားတွေကို နားထောင်ပေးသူရှိမယ်
ရှောင်ပြေးချင်တဲ့သူရှိမယ် …။
သူငယ်ချင်း အဆိုးဆုံးတွေကို ဥပေက္ခာပြုလို့
အကောင်းဆုံးနေ့သစ်တွေရဖို့
အကောင်းဆုံးပြယုဂ်တွေ၊ အကောင်းဆုံးမျှော်လင့်ခြင်းတွေနဲ့
“ကိုယ့်သမိုင်း ကိုယ်သာရေးပါ” …။
မိုးညချမ်း
6.7.2012 (10:20 a.m)
5 comments:
  1. အသည်းကွဲတုန်းကတော့ အလွမ်းတွေကိုစာနာပေးမယ့်သူမရှိခဲ့ဘူး။
    အတူတူရေးချင်ပေမယ့် ခုတော့ တစ်ယောက်တည်းဆက်ရေးနေရတယ်
    ReplyDelete
  2. အသည်းကွဲတုန်းကတော့ အလွမ်းတွေကိုစာနာပေးမယ့်သူမရှိခဲ့ဘူး။
    အတူတူရေးချင်ပေမယ့် ခုတော့ တစ်ယောက်တည်းဆက်ရေးနေရတယ်
    ReplyDelete
  3. တကယ့်ကိုကောင်းတဲ့ စာသားတွေပါပဲ
    ReplyDelete
  4. ကဗျာတွေရေးထားတယ်ဆိုလို့ 
    ReplyDelete
  5. ကဗျာကောင်းလေးပေါ့မိုးညရေ
    ReplyDelete
တစ်ကယ်တော့ အိပ်မက်ဆိုတာ? အပိုင်း (၁)
  တိုးတိတ်တဲ့ခြေလှမ်း တဖြည်းဖြည်းနဲ့ ဝေးသွားခဲ့တာ နာရီဆိုတာမရှိ … စက္ကန့်ဆိုတာမရှိ သက်မဲ့ချစ်ခြင်းတရားတွေကို ဖမ်းဆုပ်ဖို့ မဝံ့ရဲမှတေ...