Tuesday, July 3, 2012

ချစ်သူရေးတဲ့ ကဗျာ



လူအဖြစ်ကိုပြန်လည်ရရှိစေတဲ့ ဝရန်တာလေး၊
ညညဆို ခဏခဏနိုးတတ်တဲ့
ဇီးကွက်တစ်ပိုင်းမလေးနေထိုင်ရာ၊ အိမ်ပြူးပြူးလေး.....
အိပ်စက်နေသလား၊
မောင့်ကို နင့်နင့်သီးသီးမုန်းတီးနေသလားကွယ်.....
စည်းရိုးတံခါးပိတ်ထားပေမယ့်၊
ပြတင်းဝကတော့၊ သခင်မကို လရောင်ဖျန်းရင်း၊
လေပြည်နဲ့ ချော့သိပ်နေလေရဲ့.....
လမ်းမကြီးရဲ့အထီးကျန်မှုကို
မချိပြုံးတောင် မစွန့်ကျဲခဲ့နိုင်တဲ့အကောင်.....
လွန်ခဲ့တဲ့ တစ်နာရီက ဘီယာဟောင်းနဲ့
အိပ်ပျက်အောင်ကို ခေါင်းကိုက်ပစ်လိုက်တယ်.....
အိပ်မက်ခွင့်တော့ ပြုဦးကွယ်.....


*(ဘာရယ်မဟုတ်ပါဘူး ...တစ်ချိန်က ချစ်သူရေးပေးတဲ့ကဗျာလေးပေါ့ ...
ချစ်သူကိုလွမ်းလို့ တင်လိုက်တာပါ ...)


Doyou Knowme
28.5.2011(1:00 a.m)

3 comments:

  1. မမကတော့ နာကျင်မှုတွေကနေ အမြန်ဆုံးရုန်းထွက်နိုင်ပါစေ လို့ပဲ ဆုတောင်းပေးခဲ့ပါတယ်..

    ReplyDelete
  2. ချစ်သူရေးတဲ့ကဗျာ
    ခံစားခဲ့ပါတယ်ညီမရေ
    ကွန်မက်တွေမပျောက်ပါဘူး အားလုံးရတယ်နော်စိတ်မပူပါနဲ့

    ReplyDelete
  3. ကျွန်တော်လည်းကြိုက်တယ်ဂျာ

    ReplyDelete

တစ်ကယ်တော့ အိပ်မက်ဆိုတာ? အပိုင်း (၁)

  တိုးတိတ်တဲ့ခြေလှမ်း တဖြည်းဖြည်းနဲ့ ဝေးသွားခဲ့တာ နာရီဆိုတာမရှိ … စက္ကန့်ဆိုတာမရှိ သက်မဲ့ချစ်ခြင်းတရားတွေကို ဖမ်းဆုပ်ဖို့ မဝံ့ရဲမှတေ...