တိတ်ဆိတ်တဲ့ မိုးညချမ်းမှာ
မာယာဖြူလွှလွှနဲ့
ငါ့ရဲ့ ဖြူစင်တဲ့အချစ်တွေကို
မင်းမမြင်ခဲ့ဘူး …
ငါ့ရင်ခုန်သံ နွေးနွေး အောက်မှာ
မင်းမှေးစက်ခဲ့တဲ့အချိန်တွေဆို
ဗေဒါ တွေလည်း ပွင့်နေလောက်ရဲ့ …
တစ်ကယ်ဆို မင်းဘက်က
ရဲရဲရင့်ရင့်နဲ့ သတ္တိတွေသာ ရှိခဲ့မယ်ဆိုရင်
ငါတို့နှစ်ယောက်လုံး
အတူနေခွင့်ရှိတာ ကြာလှပေါ့ …
အော် … ဘာရယ်တော့ မဟုတ်ပါဘူး ..
ဘာလိုလိုနဲ့တော့ မင်းကိုလွမ်းမိပြန်ပြီ …
(ဘာရယ်မဟုတ်ပါဘူး … စိတ်ထဲရေးချင်တာတွေကို
ကဘောက်တိကဘောက်ချာ ချရေးပစ်လိုက်မိတယ် …)
မိုးညချမ်း
25.7.2012 (12:00 p.m)
မကြီးတော့ သိတယ်။ အဖွဲ့ထဲက သူငယ်ချင်းနာမည်လေးတွေနဲ့
ReplyDeleteကဗျာစပ်ရေးလိုက်ထှာ...အဟဲ..
ညလေးရေ မကြီးလွမ်း အရောက်လာခဲ့တယ်နော်။
အားပေးတွားတယ်။
ချစ်တဲ့
မကြီးလွမ်း
စိတ်ထဲရှိတာတွေကို ကဘောက်တိကဘောက်ချာ ချရေးလိုက်လို့လားမသိဘူး ကဗျာလေးကဖတ်လို့ကောင်းနေတယ် ဟဲ
ReplyDeleteလာအားပေးသွားတယ်နော်
စိတ်ထဲရှိတာတွေကို ကဘောက်တိကဘောက်ချာကို
ReplyDeleteစိတ်နဲ့ ခံစားခဲ့တယ်မိုးညရေ
D လိုလေးရေးတာလည်း ကောင်းတာပဲ.. အမြဲအားပေးနေပါတယ် မိုးညရေ
ReplyDeleteသူငယ်ချင်းနာမည်တွေလား ။စိတ်ကူးလေးလှတယ်
ReplyDeleteအော် … ဘာရယ်တော့ မဟုတ်ပါဘူး ..
ReplyDeleteဘာလိုလိုနဲ့တော့ မင်းကိုလွမ်းမိပြန်ပြီ …
ကဗျာလေး လာဖတ်တယ်..
ReplyDeleteခင်မင်စွာဖြင့်
မြတ်ပန်းနွယ်
ကဗျာလေး ဖတ်မိတယ် မမရယ်
ReplyDeleteခံစားပြီးတော့ပေါ့
သူငယ်ချင်းနာမည်လေးတွေနဲ့
ReplyDeleteကဗျာလေးတစ်ပုဒ် ဖန်တီးထားတာ
မိုက်တယ်လေ
အားပေးသွားတယ်ဗျာ
့ဘာရယ်တော့မဟုတ်ဘူး
ReplyDeleteခပ်တည်တည်နဲ့ ဖတ်ပြီး
သေသေချာချာကိုပြုံးသွားခဲ့ပါတယ်
ခင်တဲ့
မိုးသူ(တောင်ကြီး)
သူငယ်ချင်းခြောက်ယောက်ရဲ့နာမည်သုံးပြီ အံဝင် ခွင်ကျ ကဗျာတပုဒ် ဖန်တီးလိုက်တာက အုန်းသီးနဲ့ထန်းလျက်။ငါးခြောက်ဖုတ်နဲ့ကောက်ညှင်းပေါင်း။ဆိုသလို ပါလား။
ReplyDelete